၁၈ ဩဂုတ် ၂၀၂၅
▪️သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ရမယ်လို့ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက) ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
▪️မကွေးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် ယနေ့ ဩဂုတ်၁၈ ရက်က တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြော ကြားရာတွင် နလအက ဥက္ကဋ္ဌက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
▪️ယင်းသို့ဖြစ်စေရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံးဆန္ဒမဲများပေးနိုင်ရေး နိုင်ငံတော်မှ ဆောင် ရွက်ပေးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဖြည့်စွက်ပြောကြားပါတယ်။
▪️တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP- Mixed Member Proportion System)ကိုအသုံးပြုဆောင်ရွက်တာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ရှင်းလင်းပြောဆိုပါတယ်။
▪️ရွေးကောက်ပွဲကို ပြည်ပနိုင်ငံများမှလည်း ထောက်ခံအားပေးမှုများရှိကြောင်းနှင့် လွတ်လပ်၍တရား မျှတသည့်ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်လို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေးစီမံ ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အလေးပေးပြောဆိုပါတယ်။
▪️၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း၁ ကို စတင် ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ဩဂုတ် ၁၈ ရက်မနက်က ကြေညာ ခဲ့ပါတယ်။ဆက်လက်ကျင်းပမည့်အပိုင်းလိုက်နေ့ရက်များကိုထုတ်ပြန်ပေးသွားမယ်လို့လည်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။
▪️ဗိုလ်ချုပ်မှူးကြီးသည် မကွေးတိုင်းဒေသကြီးအတွင်း အသေး စား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ ပညာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း တက်ရောက်လာသည့် ဒေသခံများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ အစိုးရရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
▪️အဆိုပါ တွေ့ဆုံပွဲသို့ နလအက ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ် ကြီးရဲဝင်းဦး၊ပြည်ထောင်စုဝန်ကြီးများ၊မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊အဆင့်မြင့်တပ်မတော် အရာရှိ ကြီးများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။
#ymg/knl

၁၈ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် စတင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာပါတယ်။
အဆိုပါဒီဇင်ဘာ ၂၈ ရက်နေ့သည် အထွေထွေရွေးကောက်ပွဲ အပိုင်း၁ ဖြစ်၍ ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ကြေညာ ချက်မှာဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီပထမပတ်များအတွင်း အထွေထွေရွေးကောက်ပွဲများကို ကျင်းပပေးသွားမယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုထားပြီးနောက် ရွေးကောက်ပွဲကော်မရှင်၏ ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
#ymg/knl

Myanmar to Hold General Elections Starting December 28, 2025
August 18, 2025 ,Nay Pyi Taw— Myanmar will begin its multiparty democratic general elections on Sunday, December 28, 2025, according to an announcement by the Union Election Commission (UEC) on Monday.
The UEC stated that the December 28 vote will mark Phase One of the general elections, with additional phases to be scheduled and announced later.
This announcement follows remarks by the State Security and Peace Commission Chairman, Senior General Min Aung Hlaing, who recently said that Myanmar’s general elections would be held in the last week of December 2025 and the first week of January 2026.
The UEC reaffirmed that the elections will be organized in multiple phases within this timeframe.
#ymg/knl
“ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်တစ်ခုပြုလုပ်သင့်၊ အဘယ့်ကြောင့်ဆိုသော် "ရုရှားသည် အလွန်ကြီးမားသောအင်အားကြီးနိုင်ငံဖြစ်ပြီး ယူကရိန်းက ယင်းသို့မဟုတ်သော ကြောင့်”
သမ္မတထရမ့်
ဝါရှင်တန်/မော်စကို/ကီးယက်ဗ်၊ ဩဂုတ် ၁၆ (ရိုက်တာ) - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့ တွင် ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်တစ်ခု ပြုလုပ်သင့်ကြောင်း ပြော ကြားခဲ့သည်။အဘယ့်ကြောင့်ဆိုသော် "ရုရှားသည်အလွန်ကြီးမားသောအင်အားကြီးနိုင်ငံဖြစ်ပြီး ယူက ရိန်းက ယင်းသို့မဟုတ်သောကြောင့်" ဟုဆိုသည်။ ထရမ့်သည် စစ်ပြေငြိမ်းရေးအတွက် သဘောတူညီမှု မရရှိခဲ့သည့် သမ္မတ ဗလာဒီမာ ပူတင်နှင့် ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးခဲ့ပြီး နောက် ယင်းသို့ပြောကြားခြင်းဖြစ်သည်။
အဓိကပြောင်းလဲမှုတစ်ခုအနေဖြင့် ယူကရိန်းနှင့် ၎င်း၏ဥရောပမဟာမိတ်များ က ယခုအချိန်ထိ အမေရိ ကန်ထောက်ခံမှုဖြင့် တောင်းဆိုနေသည့် အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့်မဟုတ်ဘဲ ငြိမ်းချမ်းရေး သဘောတူညီချက်သို့ စေ့စပ်ညှိနှိုင်းသူများက တိုက်ရိုက်သွားသင့်သည်ဟု ပူတင်နှင့် သူသဘောတူခဲ့ကြ ကြောင်း ထရမ့်က ပြောကြားသည်။
ယူကရိန်းသမ္မတဗိုလိုဒီမာ ဇီလင်စကီး က သူသည် တနင်္လာနေ့တွင် ဝါရှင်တန်သို့သွားရောက်မည်ဟု ပြောကြားခဲ့ပြီး ကီးယက်ဗ်၏ဥရောပမဟာမိတ်များက ထရမ့်၏ကြိုးပမ်းမှုများကို ကြိုဆိုသော်လည်း ယူကရိန်းကိုထောက်ခံပြီး ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများကို တင်းကျပ်မည်ဟု ထပ်မံကတိပြုခဲ့ကြ သည်။
ထရမ့်သည် ပူတင်နှင့် ဩဂုတ် ၁၅ရက်နေ့က အလက်စကာတွင် နာရီသုံးနာရီနီးပါး တွေ့ဆုံခဲ့သည်။ ၂၀၂၂ ဖေဖော်ဝါရီတွင် မော်စကိုက ယူကရိန်းကို အပြည့်အဝစစ်စတင်ခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန်-ရုရှားထိပ်သီးဆွေးနွေးပွဲဖြစ်သည်။
ရုရှားနှင့်ယူကရိန်းကြားရှိ ကြောက်မက်ဖွယ်စစ်ပွဲကို အဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်းမှာ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်မျှသာ မဟုတ်ဘဲ စစ်ပွဲကိုအဆုံးသတ်မည့် ငြိမ်းချမ်းရေးသဘောတူ ညီချက်သို့ တိုက်ရိုက်သွားကြရန်ဖြစ်ကြောင်း အားလုံးက ဆုံးဖြတ်ခဲ့သည်" ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။
ရုရှားက ထရမ့်၏ပြောင်းလဲမှုကို ကြိုဆိုမည့်သဘောရှိ
ထိုကြေညာချက်ကို မော်စကိုက ကြိုဆိုလိမ့်မည်ဖြစ်သည်။ ရုရှားက ရပ်နားလိုက်ခြင်းတစ်ခုမဟုတ်ဘဲ အပြည့်အဝဖြေရှင်းပြီးစီးမှုကို လိုလားသော်လည်း အခြေအနေများမှာ "လုံးဝဆန့်ကျင်ဘက်" ဖြစ်နေ သောကြောင့် ယင်းသည်ရှုပ်ထွေးလိမ့်မည်ဖြစ်ကြောင်း ပြောသည်။
လွန်ခဲ့သောလများအတွင်း ရုရှားတပ်များသည် တဖြည်းဖြည်းတိုးဝင်လာနေခဲ့သည်။ ဥရောပတွင် နှစ် ၈၀ အတွင်း အသေအပျောက်အများဆုံးဖြစ်သော ဤစစ်ပွဲသည် သုံးသပ်သူများ၏အဆိုအရ နှစ်ဖက်စလုံးမှ လူတစ်သန်းကျော်ကို သည် သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိခဲ့ရပြီး အများစုမှာ ယူကရိန်းနိုင်ငံသားများဖြစ်သည်ဟုသိရသည်။
ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထရမ့်က အပစ်အခတ်မရပ်မစဲမချင်း သူပျော်ရွှင်လိမ့်မည်မဟုတ်ဟု ပြောကြား ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူက ဇီလင်စကီး နှင့်စကားပြောပြီးနောက် "အရာအားလုံး အဆင်ပြေ ပါက သမ္မတပူတင်နှင့် တွေ့ဆုံပွဲစီစဉ်မည်" ဟုဆိုသည်။
တနင်္လာနေ့တွင်ကျင်းပမည့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီတွင် ထရမ့်နှင့် ဒုတိယသမ္မတ JD Vance တို့က ယူကရိန်းခေါင်းဆောင်အား ကျေးဇူးမသိတတ်ဟု အများပြည်သူရှေ့မှောက်တွင် ကြမ်းတမ်းစွာ ဆုံးမ ခဲ့သည့် အိမ်ဖြူတော် သမ္မတရုံးခန်းတွင်ကျင်းပမည်ဖြစ်သည်။
ဇီလင်စကီး က ထရမ့်နှင့်စကားပြောပြီးနောက် သုံးပွင့်ဆိုင်တွေ့ဆုံပွဲအကြံပြုချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
သို့သော် ပူတင်က စစ်ပွဲနှင့်ပတ်သက်သော ရုရှား၏ကာလကြာရပ်တည်ချက်များတွင် အပြောင်း အလဲမရှိ ကြောင်း အရိပ်အမြွက်ပြခဲ့ပြီး ဇီလင်စကီး နှင့်တွေ့ဆုံမည့်အကြောင်း မပြောခဲ့ပေ။ သူ၏လက်ထောက် Yuri Ushakov က ရုရှားနိုင်ငံပိုင်သတင်းဌာန TASS သို့ ပြောကြားရာတွင် သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ဆွေးနွေးခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ လိုအပ်ခြင်း
Fox News ၏ Sean Hannity နှင့်အင်တာဗျူးတွင် သူနှင့်ပူတင်တို့သည် ယူကရိန်းအတွက် မြေယာလွှဲပြောင်းမှုများနှင့် လုံခြုံရေးအာမခံချက်များကို ဆွေးနွေးခဲ့ကြောင်း၊ "အကြီးအကျယ် သဘော တူညီခဲ့ကြောင်း" ထရမ့်က အရိပ်အမြွက်ပြခဲ့သည်။
"သဘောတူညီချက်တစ်ခုနီးနီးရနေပြီ ထင်ပါသည်" ဟုသူကဆိုပြီး "ယူကရိန်းက ဒါကို သဘောတူရမည်။ သူတို့ ဟင့်အင်းဟုပြောမည်မထင်ဟု ထရမ့်က ဖြည့်စွက်ပြောသည်။
ဇီလင်စကီး အား မည်သို့အကြံပြုမလဲဟု သူ့ကို မေးမြန်းသောအခါ ထရမ့်က "သဘောတူညီချက် တစ်ခု လုပ်ရမည်" ဟုပြန်ဖြေသည်။
"ကြည့်ပါ၊ ရုရှားသည် အလွန်ကြီးမားသောအင်အားကြီးနိုင်ငံဖြစ်ပြီး သူတို့က မဟုတ်ပါ" ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။
ဇီလင်စကီး က အနာဂတ်တွင် ရုရှားမှ ထပ်မံဝင်ရောက်တိုက်ခိုက်ခြင်းမှ တားဆီးရန် ကီးယက်ဗ်အတွက် လုံခြုံရေးအာမခံချက်များ လိုအပ်ကြောင်း အလေးပေးပြောခဲ့သည်။ သူက ထရမ့်နှင့်အတူ "အမေရိကန် ဘက်မှ အပြုသဘောဆောင်သောအချက်ပြမှုများ" ကို ဆွေးနွေးခဲ့ကြောင်း၊ ယူကရိန်းသည် ရုရှားဝင် ရောက်တိုက်ခိုက်မှုများအကြားက"နောက်ထပ်ခဏတာရပ်နားမှုတစ်ခု"မဟုတ်ဘဲတည်တံ့သောငြိမ်းချမ်းရေး လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အီတလီဝန်ကြီးချုပ် Giorgia Meloni က ထိပ်သီးဆွေးနွေးပွဲ၏ စိတ်ဝင်စားစရာအကောင်းဆုံး တိုးတက်မှုသည် NATO မဟာမိတ်အဖွဲ့၏ Article 5 မှ စေ့ဆော်ပေးထားသော ယူကရိန်းအတွက် လုံခြုံ ရေးအာမခံချက်များနှင့်သက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။ "ဤအဆိုပြုချက်၏ အစမှတ်သည် ယူကရိန်းအနေဖြင့် အမေရိကန်အပါအဝင် ၎င်း၏မိတ်ဖက်များ၏ ထောက်ခံမှုမှ အကျိုးကျေးဇူး ရရှိနိုင် မည့် စုပေါင်းထားသည့် လုံခြုံရေးအချက်တစ်ခု၏ အနက်ဖွင့်ဆိုချက်ဖြစ်သည်။ တစ်ဖန် တိုက်ခိုက်ခံ ရပါ က အရေးယူဆောင်ရွက်ရန်အသင့်ဖြစ်စေရန်" ဟု သူမကဆိုသည်။
ငြိမ်းချမ်းရေးထိန်းသိမ်းရေးတွင် နိုင်ငံခြားပါဝင်မှုကို ဆန့်ကျင်ခဲ့သော ပူတင်က ယူကရိန်း၏လုံခြုံရေးကို "အာမခံရမည်" ဟူသော အချက်တွင် ထရမ့်နှင့် သဘောထားတူသည်ဟု ပြောသည်။
"ကျွန်ုပ်တို့ရရှိထားသော နားလည်မှုသည် ထိုပန်းတိုင်သို့ ပိုမိုနီးကပ်လာစေပြီး ယူကရိန်းတွင် ငြိမ်းချမ်း ရေးလမ်းကြောင်းကို ဖွင့်ပေးလိမ့်မည်ဟု မျှော်လင့်ပါသည်" ဟု မေးခွန်းများကို ခေါင်းဆောင်နှစ်ဦးလုံး ပြန်မဖြေသည့် သတင်းစာရှင်းလင်းပွဲတွင် ပူတင်ကပြောခဲ့သည်။
"ကီးယက်ဗ်နှင့် ဥရောပမြို့တော်များကပွင့်လင်းမြင်သာသောအကြံဉာဏ်များဖြင့်ပေါ်ပေါက်လာနေသော တိုးတက်မှုကို နှောင့်ယှက်ရန်၊ အရှေ့တစ်မျိုးကွယ်ရာတစ်မျိုး မလုပ်ကြဟု မျှော်လင့်ပါသည်" ဟု သူက ဆိုသည်။
ပူတင်အတွက် ထရမ့်နှင့်အတူထိုင်ခြင်းသည် အောင်ပွဲတစ်ခုပင်ဖြစ်သည်။ စစ်ပွဲစတင်သည့်နေ့မှစ၍ အနောက်နိုင်ငံများမှ ခေါင်းဆောင်များက ပူတင်အား ကြဉ်ထားခဲ့ကြပြီး တစ်ပတ်အလိုကပင် ထရမ့်ထံမှ ဒဏ်ခတ်အရေးယူမှုအသစ်များ ခြိမ်းခြောက်ခံခဲ့ရသည်။
ပူတင်အတွက် ၁-၀
ထရမ့်သည် ဝါရှင်တန်သို့ပြန်ရောက်ပြီးနောက် Meloni အပါအဝင် ဥရောပခေါင်းဆောင်များနှင့် စကား ပြောခဲ့သည်။
အချို့က ရုရှားအပေါ် ဖိအားများဆက်လက်ထားရှိရန် အလေးပေးပြောဆိုခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ထရမ့်ကျေးဇူးကြောင့် စစ်ပွဲအဆုံးသတ်ရန် အချိန်မရွေး ဖြစ်နေ ပြီဟုဆိုသော်လည်း ".(ပူတင်က) သူ၏ရိုင်းစိုင်းသောတိုက်ခိုက်မှုကို မရပ်မချင်း၊ ကျွန်ုပ်တို့သည် သူ၏ စစ်ယန္တယားကို ပိတ်ဆို့ဒဏ်ခတ်မှုများဖြင့် ဆက်လက်ဖိအားပေးသွားမည်" ဟု ထပ်လောင်းပြောကြား ခဲ့သည်။
ဥရောပခေါင်းဆောင်များ၏ ထုတ်ပြန်ချက်တွင် "ယူကရိန်းတွင် ခိုင်မာသောလုံခြုံရေးအာမခံချက်များ ရရှိရမည်" နှင့် ရုရှား၏ အဓိကတောင်းဆိုချက်များဖြစ်သည့် ယူကရိန်း၏လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် NATO အဖွဲ့ဝင်ဖြစ်ရန်အခွင့်အရေးကို ကန့်သတ်ခြင်းမရှိရ ဟု ဖော်ပြထားသည်။
အချို့ဥရောပနိုင်ငံရေးသမားများနှင့် သုံးသပ်သူများက ပက်ပက်စက်စက်ပြောဆိုခဲ့သည်။
"ပူတင်သည် ထရမ့်နှင့်အတူ အနီရောင်ကော်ဇောခင်းဆက်ဆံမှုကို ရရှိခဲ့ပြီး ထရမ့်မှာမူ ဘာမှမရခဲ့ပါ။ စိုးရိမ် ထားကြသည့်အတိုင်းပင် အပစ်အခတ်ရပ်စဲမှုနှင့် ငြိမ်းချမ်းရေးမရရှိပါ" ဟု အမေရိကန်နိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ဟောင်း Wolfgang Ischinger က X တွင် ရေးသားခဲ့သည်။
"တိုးတက်မှုအစစ်အမှန်မရရှိ၊ ပူတင်အတွက် ၁-၀ က ရှင်းရှင်းလင်းလင်းကြီး။ ဒဏ်ခတ်အရေးယူမှု အသစ်မရှိ။ ယူကရိန်းသားများအတွက် - ဘာမှမရ။ ဥရောပအတွက် -နက်နက်ရှိုင်းရှိုင်းစိတ်ပျက်ဖွယ်"ဟု သူကရေးသည်။
စစ်အေးတိုက်ပွဲသမိုင်းပညာရှင် Sergey Radchenko က "ပူတင်သည် စိတ်ပိုင်းဖြတ်ထားသော ပြိုင်ဘက်ဖြစ်ပြီး၊ ဟုတ်ပါသည်၊ သူသည် ဤအချီတွင် ယေဘုယျအားဖြင့်အနိုင်ရခဲ့သည်။ အဘယ့် ကြောင့်ဆိုသော် သူသည် ဘာမှမပေးဘဲ တစ်ခုခုရခဲ့သောကြောင့်" ဟု ရေးသားခဲ့သည်။
.နောက်တစ်ကြိမ်မော်စကိုတွင်
ရုရှားနှင့်ယူကရိန်းတို့သည် ညအချိန်တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည်။ ဤသည်မှာ သုံးနှစ်ခွဲကြာစစ်ပွဲတွင် နေ့စဉ်ဖြစ်ပျက်နေသော အရာဖြစ်ပြီး ရှေ့တန်းတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်။
ထရမ့်က ရုရှားရေနံဝယ်ယူသည့်အတွက် တရုတ်အပေါ် အကောက်ခွန် စည်း ကြပ်မှုများကို ယခုအချိန်တွင် ဆိုင်းငံ့ထားမည်ဟုဆိုသော်လည်း နှစ်ပတ်၊သုံးပတ်အတွင်း "ထိုအကြောင်း ကို စဉ်းစားရန်" လိုအပ်ကောင်းလိုအပ်မည်ဟု Fox ကိုပြောဆိုသည်။
ထရမ့်က ထိပ်သီးဆွေးနွေးပွဲပြီးနောက် ပူတင်အား "မကြာမီပင် အဆွေတော်နှင့်ထပ်မံစကားပြောပါမည်၊ ဖြစ်နိုင်သည်မှာ မကြာမီပင် အဆွေတော့်ကိုထပ်မံတွေ့ပါမည်" ဟု စကားကို အဆုံးသတ်ခဲ့သည်။
"နောက်တစ်ကြိမ်မော်စကိုတွင်" ဟု ပြုံးနေသော ပူတင်က အင်္ဂလိပ်လိုပြန်ဖြေခဲ့သည်။ ထရမ့်က "ဒီဟာနဲ့ ပတ်သက်ပြီး နည်းနည်းပူပန်ရမယ်" ဟုဆိုသော်လည်း "ဖြစ်နိုင်ခြေရှိပါသည်" ဟုလည်း ပြောခဲ့သည်။
#Source: Reuters တွင်ပါရှိသော “Trump adopts Putin's preference for route to Ukraine peace after meeting in Alaska” သုံးသပ်ချက်ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။
NAYPYITAW (Aug. 16) — More than 600 ethnic Bengalis were massacred in Rakhine State’s Buthidaung Township by Arakan Army (AA) insurgents, a senior government spokesperson said on Friday.
Brigadier General Zaw Min Htun, spokesperson for Myanmar’s National Defence and Security Council (NDSC), said the massacre took place in Htan Shauk Khan village on the eastern bank of the Mayu River. He said women and children were among the victims.
The incident occurred after AA forces seized the Regional Military Command Headquarters in early May 2024, leaving no Tatmadaw or police security presence in the area. “These events show the AA deliberately carried out mass killings and arson against Bengalis,” Zaw Min Htun said.
The AA began a sweeping offensive across Rakhine in November 2023, attacking security posts and towns. As fighting spread, Bengali communities held peaceful rallies calling for peace and rejecting the insurgents. Authorities said the AA targeted them in retaliation.
After Tatmadaw troops withdrew from Buthidaung on May 14, 2024, AA fighters entered the town, threatening residents and burning homes in seven wards. On May 17, drones bombed a school sheltering displaced Bengalis, wounding nearly 200 people, Zaw Min Htun said.
He added that on 5 August 2024, AA units also dropped bombs on displaced Bengalis waiting by boats on the Nat River near Maungdaw, massacring more than 200.
The government says it is providing humanitarian aid to displaced Bengalis in Sittwe and Yangon, while eyewitness accounts from survivors have described atrocities by the AA.
Ethnic tensions between Rakhine and Bengali communities have long fueled violence in the region. Zaw Min Htun said the latest incidents underline a deliberate strategy by the AA to massacre civilians.
#ymg/knl
ဩဂုတ်၁၄၊ ၂၀၂၅ -
▪️ဗုဒ္ဓဟူးနေ့က ဖက်ဒရယ်အယူခံတရားရုံးတစ်ခုက သမ္မတထရမ့်ကို အနိုင်ပေးလိုက်ပါတယ်။ အစိုးရအဖွဲ့ အနေနဲ့ ကွန်ဂရက်က နိုင်ငံခြားအကူအညီအတွက် ရည်ရွယ်ထားတဲ့ ဒေါ်လာဘီလျံပေါင်းများစွာကို ဆက် ပြီးရပ်ဆိုင်းထားနိုင်၊ ဒါမှမဟုတ် ရပ်ပစ်နိုင်တယ်လို့ တရားရုံးက စီရင်လိုက်ပါတယ်။
▪️အမေရိကန် ပြည် ထောင်စုရဲ့ ကိုလံဘီယာခရိုင်တရားရုံးရဲ့ အယူခံတရားသူကြီးအဖွဲ့က ၂-၁ မဲနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီအမှု ကို တရားစွဲဆိုသူတွေဖြစ်တဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေဟာ တရားစွဲဆိုခွင့် မရှိဘူးလို့ ပြော ပါတယ်။ နိုင်ငံခြားအကူအညီတွေကို ရပ်ဆိုင်းပစ်တာဟာ သမ္မတအနေနဲ့ ဇန်နဝါရီလမှာ ရာထူး စတင်ယူတဲ့ ပထမဆုံးနေ့မှာပဲ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
▪️ပြဿနာဖြစ်နေတဲ့ ဒီငွေတွေထဲမှာ စက်တင်ဘာလအထိ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အစီအစဉ် တွေအတွက် ဒေါ်လာ ၄ ဘီလီယံနီးပါးနဲ့ ၂၀၂၈ ခုနှစ်အထိ HIV နဲ့ AIDS အစီအစဉ်တွေအတွက် ဒေါ်လာ ၆ ဘီလီယံကျော် ပါဝင်ပါတယ်။
▪️သမ္မတ ထရမ့်ကတော့ နိုင်ငံရပ်ခြားမှာ ရောဂါဖြစ်ပွားမှုနဲ့ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ဖို့အတွက် သုံးစွဲ နေတဲ့ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်တွေကို "အလဟဿ" လို့ ပြောဆိုခဲ့ပါတယ်။ အစိုးရအဖွဲ့က နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ဘီလီယံ ၃၀ လောက်ကို ကြီးကြပ်စီမံခဲ့တဲ့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
▪️နိုင်ငံခြားအကူအညီ ထောက်ပံ့ငွေ ရရှိနေတဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အစိုးရအဖွဲ့ကို တရားစွဲခဲ့ကြပါတယ်။ မတ်လမှာ အမေရိကန် ခရိုင်တရားသူကြီး Amir Ali က အစိုးရအဖွဲ့ဟာ ကွန်ဂရက်က သတ်မှတ်ပေးထားတဲ့ရန်ပုံငွေတွေကို ဥပဒေနဲ့မညီဘဲ ရပ်ဆိုင်းခဲ့တယ် လို့ ပြောကြားခဲ့ပြီး ရန်ပုံငွေရပ်ဆိုင်းမှုအပေါ် ကနဦးတားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
▪️ဗုဒ္ဓဟူးနေ့က စီရင်ချက်က အောက်တရားရုံးရဲ့ ကနဦးတားမြစ်မိန့်ကို ပြောင်းပြန်လှန်ခဲ့ပေမဲ့၊ ကွန်ဂရက် က ခွဲဝေချထားပေးထားတဲ့ ရန်ပုံငွေတွေကို ရပ်ဆိုင်းပစ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ ဆိုတာကိုတော့ တရားသူကြီးအဖွဲ့က အဆုံးအဖြတ်မပေးခဲ့ပါဘူး။
Source NPR
ဆိုးလ်၊ ဩဂုတ် ၁၃ (ဘလွန်းဘတ်) – ပြစ်တင်စွပ်စွဲခံထားရသော တောင်ကိုရီးယားသမ္မတ ယွန်းစုခ် ယော်၏ ဇနီး ကင်ကီယွန်ဟီအား စတော့ဈေးကွက် ကြိုးကိုယ်ခြယ်လှယ်မှုမှသည် လာဘ်ပေး လာဘ်ယူ မှုအထိ စွဲချက်များဖြင့် စုံစမ်းစစ်ဆေးနေသည့်လုပ်ငန်းစဉ်ကြောင့် အင်္ဂါနေ့နှောင်းပိုင်းက ဖမ်းဆီးခဲ့သည် ဟု စုံစမ်းစစ်ဆေးရေးအရာရှိများက ပြောကြားသည်။
ဆိုးလ်ဗဟိုခရိုင်တရားရုံးက သမ္မတကတော်ဟောင်းအတွက် ဖမ်းဝရမ်းကိုအတည်ပြုပေးပြီးနောက် ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကင်ကီယွန်ဟီသည် ပြီးခဲ့သည့်နှစ်အစောပိုင်းက တိုင်းပြည်၏ နိုင်ငံရေး ကို လှုပ်ခတ်ခဲ့သည့် ဒီယော(Dior bag) အိတ် အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက် နေခဲ့သူ ဖြစ် သည်။
တောင်ကိုရီးယားတွင် ရာထူးမှထွက်ပြီးနောက် ကံကြမ္မာပြောင်းလဲသွားခဲ့သည့် ခေါင်းဆောင်များ စာရင်း အရှည်ကြီးရှိသော်လည်း သမ္မတဟောင်းနှင့် သူ၏ဇနီးတို့ တစ်ချိန်တည်း အဖမ်းခံရသည်မှာ နိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ကင်ကီယွန်ဟီသည် တောင်ကိုရီးယားသမိုင်းတွင် အဖမ်းခံရသည့် ပထမဆုံးသော သမ္မတကတော်ဟောင်းလည်း ဖြစ်သည်။
စုံစမ်းရေးအရာရှိများသည် ကင်ကီယွန်ဟီအား ဇိမ်ခံလက်ကိုင်အိတ်တစ်လုံးနှင့် လည်ဆွဲကြိုးတစ်ကုန်း လက်ဆောင်ရရှိမှုမှအစ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း စတော့ဈေးကွက် ကြိုးကိုင်မှု အစီအစဉ်တွင် ပါဝင်ပတ်သက်နေမှုအထိ စွဲချက်အမျိုးမျိုးဖြင့် စစ်ဆေးနေသည်။
ကင်ကီယွန်ဟီ အဖမ်းခံရခြင်းမှာ သူမ၏ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ဖြုတ်ချခံရ ပြီးလေးလအကြာတွင် ဖြစ်သည်။ ယွန်းစုခ်ယော်သည် နိုင်ငံနှင့် ကမ္ဘာကို လှုပ်ခတ်ခဲ့သည့် မာရှယ်လော ထုတ်ပြန်ခဲ့မှုမရှုမလှ ပျက်ပြားခဲ့ပြီးနောက် ဖြုတ်ချခံခဲ့ရသည်။ ယွန်းစုခ်ယော်ကိုယ်တိုင်လည်း ဒီဇင်ဘာလအစောပိုင်းက မာရှယ်လောထုတ်ပြန်မှု မအောင်မြင်ပြီးနောက် ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့်လက ထပ်မံ အဖမ်းခံခဲ့ ရသည်။ ဇနီးမောင်နှံနှစ်ဦးစလုံးကို သီးခြားထိန်းသိမ်းရေးစခန်းများတွင် ချုပ်နှောင်ထားသည်။
ကင်ကီယွန်ဟီသည် ပြီးခဲ့သည့်အပတ်က စစ်ဆေးမှုခံယူရန်လာစဉ် တောင်းပန်ခဲ့သော်လည်း မည်သည့် တရားမဲမှုမျှ မပြုလုပ်ခဲ့ဟု ငြင်းဆိုခဲ့သည် ဟု ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။
Source : Bloomberg
Page 18 of 257