Published_ 12 May 2023
နိုင်ငံမတည်ငြိမ်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများနည်းပါးခြင်းကြောင့် အာရှနိုင်ငံများအတွင်းရှိသည့် မြန်မာနိုင်ငံ နှင့် Level တူနိုင်ငံများတွင် မြန်မာနိုင်ငံ ၏ ဂျီဒီပီမှာ နိမ့်ကျလျက်ရှိကြောင်း နစက ဥက္ကဌက ပြောသည်။
မေလ ၁၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တွေ့ဆုံစဉ် ဗိုလ်ချူပ်မှူးကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
MSME လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ အရေးကြီးပြီး ကုန်ကြမ်းများရှိမှသာ ကုန်ထုတ်လုပ်မှုကိုဆောင်ရွက်နိုင်မည်ဖြစ်၍ သွင်းအားစုများဖြစ်ကြသည့် လျှပ်စစ်၊ စက်မောင်းဆီ၊ ပိုးသတ်ဆေးနှင့် အခြား ပစ္စည်းများ လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံရန်ငွေကြေးများ၊လူသားအရင်းအမြစ်များ မဖြစ်မနေလိုအပ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း၊ နှစ်ရှည်သီးနှံများဖြစ်သည့် ကော်ဖီ၊ ရာဘာ၊ လက်ဖက် စသည့် စက်မှုသီးနှံများကိုစိုက်ပျိုးကြရာကော်ဖီနှင့် လက်ဖက် အပါအဝင် ဒေသတွင်းဖြစ်ထွန်းသည့်သီးနှံများကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း သူက ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင် စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ပိုင်ဆိုင်ထားကြောင်း၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်သည့် နေရာများစွာရှိသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
ယင်းအပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များအနေဖြင့်လည်း တည်းခိုရန်နေရာများ၊ စားသောက်ဖွယ်ရာများ၊ ဒေသ ထွက်အစားအသောက်များကို အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်လိုကြောင်း၊ ကျိုင်းတုံလေဆိပ်နှင့် တာချီလိတ်လေဆိပ်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အိမ်နီးနားချင်းနိုင်ငံများမှ လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသွားများဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌ က ပြောကြားခဲ့သည်။
ymg/pl




#Local_News
Published_ 12 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁၂ ရက်နေ့ည ၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၁၀၀၉၃ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၁၆၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #ကိုဗစ် #ပိုးတွေ့လူနာအနည်းငယ်ကျဆင်း
#YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၁၂ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၂၀၂၅ ဒေါ်လာပေါက်ဈေးရှိနေပြီး ဈေးဆက်လက်မြင့်တက်နေတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ဈေးဆက်လက်မြင့်တက်နေ #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကို ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ခြေရှိပြီး ဆိုက်ကလုန်းမုန်တိုင်း သက်ရောက်မှုကြောင့် မြောက်ဦးဒေသအမွေအနှစ်တွေတော့ ထိခိုက်နိုင်ခြေနည်းနိုင်တယ်လို့ သိရပါတယ်၊၊
#Local_News #ရခိုင်ကိုဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်နိုင် #မြောက်ဦးအမွေအနှစ်
#YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံကို လွတ်လပ်စွာပဲတင်သွင်းခွင့်ကာလ ကို ၂၀၂၄ မတ်လ အထိ တိုးမြှုင့်သတ်မှတ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။
#Local_News #အိန္ဒိယအစိုးရ #ပဲတင်သွင်းခွင့်ကာလတိုးမြှင့်
#YMG #Yangon_Media_Group
#Daily_News
Published_ 12 May 2023
၁။ အိန္ဒိယအစိုးရက လွတ်လပ်စွာ ပဲတင်သွင်းခွင့်ကာလတိုးမြှင့်သတ်မှတ်
၂။ ရခိုင်ကို ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ပေမည့် မြောက်ဦးအမွေအနှစ် ထိခိုက်နိုင်ခြေနည်းနိုင်ဟုဆို
၃။ ကမ္ဘာ့ရွှေဈေး ၂၀၂၅ ပေါက်ဈေးရှိနေပြီး ဈေးဆက်လက်မြင့်တက်နေ ရန်ကုန်ရွှေအသင်း ၂၃သိန်း၆သောင်းကျော်ရည်ညွှန်းသတ်မှတ်
၄။ နော်ဝေးဆဗယ်ဘာ့ကျွန်းများတွင် ရေခဲများမြန်ဆန်စွာအရည်ပျော်ခြင်းပြဿနာနှင့် ကြုံတွေ့နေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 12 May 2023
မော်ဒယ်နိမ့် YBS ဘတ်စ်ကားဟောင်းတွေအစား လျှပ်စစ်ဘတ်စ်ကား (EV Bus)တွေ အစားထိုးပြေးဆွဲနိုင်အောင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ YRTC မှ သိရပါတယ်၊
#Local_News #မော်ဒယ်နိမ့် YBS ဘတ်စ်ကား #လျှပ်စစ်ဘတ်စ်ကားများအစားထိုးပြေးဆွဲ
#YMG #Yangon_Media_Group
Page 1384 of 2316