#Local_News
Published- 6 June 2023
၂၀၂၃ ခုနှစ်၊ မေလအတွင်း ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု (၁၆) မှုဖြစ်ပွားခဲ့ပြီးသေဆုံးသူ၇ဦးရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အမြန်လမ်းမကြီးတွင် ဇန်နဝါရီလက ယာဉ်မတော်တဆမှု(၁၃) မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၄)ဦးနှင့် သေဆုံးသူ (၈) ဦးရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလက (၁၂) မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးနှင့် သေဆုံးသူ (၁၁) ဦး၊ မတ်လက (၁၅) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၆၀) ဦးနှင့် သေဆုံးသူ (၁၁) ဦး၊ ဧပြီလက (၁၈) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၃၅) ဦးနှင့် သေဆုံးသူ (၁၃) ဦးရှိခဲ့ကြောင်းနှင့် မေလက (၁၆) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၂၉) ဦးနှင့် သေဆုံးသူ (၇) ဦးရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ မေလ လကုန်ပိုင်းအထိ အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်အစီးရေ ၅၅၉၇ စီးကို အရေးယူဆောင်ရွက်ထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းအချက်အလက်အရ သိရသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများအနက် သတ်မှတ်ထားသည့် အရှိန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှုမရှိခြင်းနှင့် ယာဉ်မောင်းပေါ့ဆမှုတို့ကြောင့် အများဆုံးဖြစ်ပြီး ယာဉ်မတော်တဆမှုများတွင် အိမ်စီးကားများ အများဆုံးပါဝင်နေကြောင်း သိရသည်။
#ymg/BM #Local_News #အမြန်လမ်းမကြီးတွင်ယာဉ်မတော်တဆမှု(၁၆)မှုဖြစ် #YMG #Yangon_Media_Group
#Local_News
Published-7 June2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၅၀ဦးကို ဇွန်လ ၇ ရက်(ယနေ့) စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
ယင်းကဲ့သို့စေလွှတ်ခဲ့သော မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၉)ဦး၊ စုစုပေါင်း (၁၅၀) ဦးပါဝင်ကြောင်း သိရသည်။
မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
မေလ ၃၀ ရက်ကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သားသစ်(၁၂၁)ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ်(၉)ဦး၊ စုစုပေါင်း(၁၃၁)ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
#ymg/BM #Local_News #မြန်မာနိုင်ငံသား (၁၅၀)ဦးကိုစေလွှတ်
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာလမ်းမတွင် ဇွန်လ ၇ ရက်နေ့မနက်ပိုင်းက ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီး လိုက်ပါလာသူများဒဏ်ရာပြင်းထန်ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်းရွှေလွိင်ကော်(ကယား) ပရဟိတအသင်းထံမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် အသက် ၄၄ နှစ်အရွယ် ဦးရှားရယ်မှာ အတွင်းဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက်၅၇ နှစ်အရွယ်ဒေါ်ပလျားမိုး၊ အသက်၄၄ အရွယ်ဒေါ် တော်မြာနှင့်အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဒဏ်ရာအသီးသီးရရှိခဲ့ပေမယ့်လည်း မစိုးရိမ်ရကြောင်း သိရသည်။
အဆိုပါတိုက်မိသည့် ယာဥ်နှစ်စီးအမျိုးအစားမှာ ၁၂ပေ Canter နှင့် Hi-jet ယာဉ်တို့ဖြစ်ပြီး လိုက်ပါလာသူများ အပြင်းအထန်ဒဏ်ရာရသွားကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် သွားရောက်ကူညီ၍ လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းထံမှ သိရသည်။

#ymg/ynzw #Local_News #၁၂ပေကားနှင့် ဟိုက်ဂျက်မျက်နှာချင်းဆိုင်တိုက်မိ
#YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
ရန်ကုန်ရွှေအသင်းရဲ့ ဇွန်လ ၆ရက်နေ့စျေးနှုန်းများအရ အကယ်ဒမီမီးလင်းရွှေ ၂၃ သိန်းကျော်သတ်မှတ်စျေးဖွင့်ခဲ့ပေမယ့်လည်း ပြင်ပရွှေပေါက်စျေးကတော့ သိန်း ၃၀ နဲ့ ၄ သောင်းကျော်ပေါက်စျေးရှိနေဆဲ ဖြစ်ပါတယ်။
#Local_News #ပြင်ရွှေစျေးသိန်း၃၀ကျော်ရှိနေ
#YMG #Yangon_Media_Group
#World_Heritage
Published 6 June 2023
နိုင်ဂျာအရှေ့မြောက်ပိုင်းက သဲကန္တရရှည်လျားတဲ့ခရီးက လာရောက်တဲ့ဧည့်သည်အတွက် ဆာဟယ်မှာရှိတဲ့ အံ့ဩစရာမြင်ကွင်းဖြစ်နေပြီး ဆား၊ ရွှစေးတွေ၊ ကျောက်တုံးတွေပေါ်မှာ ဝိုင်းရံထားတဲ့ ဆာဟာရသဲတွေနဲ့ တည်ထားတဲ့ရွာတွေရှိပါတယ်။
#World_Heritage #နိုင်ဂျီးရီးယားဆာဟာရ
#YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
မုန်တိုင်းဘေးသင့်ပြည်သူများတွေအတွက် လှူဒါန်းဖို့ရည်ရွယ်ပြီး ရုပ်ရှင်၊ ဂီတ၊သဘင်ရန်ပုံငွေဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့၊မြို့မကျောင်းလမ်းရှိအမျိုးသားကဇာတ်ရုံမှာ (၃)ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်၊၊
#Local_News #အွန်လိုင်းမှအလှူငွေများဆက်ဝင်နေ #မုန်တိုင်းဘေးသင့်ပြည်သူများ #YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
ရန်ကုန်နဲ့ မြို့ကြီးတချို့က စက်သုံးဆီ အရောင်းဆိုင်တချို့မှာ စက်သုံးဆီ စျေးတွေမြင့်တက်နေပြီး တစ်ရက်အတွင်း တစ်လီတာကိုငွေကျပ် ၁၀၀ ခန့်စျေးမြင့်တက်လာတယ်လို့ ပြည်တွင်းစက်သုံးဆီဆိုင်များကို မေးမြန်းချက်အရသိရပါတယ်။
#Local_News #စက်သုံးဆီဈေးမြင့်တက်
#YMG #Yangon_Media_Group
Page 1386 of 2363