#Local_News
Published_ 19 July 2023


ဇူလိုင်လ(၁၄)ရက်၊ (၁၆)ရက်နှင့် (၁၇)ရက်သုံးရက်တာအတွင်း ကျပ်သန်း(၁၁၀)ကျော်တန်ဖိုးရှိ တရားမဝင်ပစ္စည်းများနှင့်ယာဉ်များဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီမှ သိရသည်။

 

ဖမ်းဆီးရမိသည့်အမှုတွဲ စုစုပေါင်း(၉)မှုရှိပြီး ကျပ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၂၂၂၃၅၀၀ တန်ဖိုးရှိတရားမဝင် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်ယာဉ်များဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်ပဲခူး၊ ရှမ်းပြည်နယ်၊ ရန်ကုန်အစရှိသည့်ဒေသအသီးသီးမှတရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနအထူးစစ်ဆေးရေးအဖွဲ့များ၊ မွန်ပြည်နယ်မရမ်းချောင်အမြဲ တမ်းစစ်ဆေးရေးစခန်း တာဝန်ကျအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖမ်းဆီးခဲ့မိခြင်းဖြစ်ကြောင်းသိရသည်။

 

ယခုဖမ်းဆီးရမိခဲ့သည့်တရားမဝင်ပစ္စည်းများ၊ ယာဉ်များကိုသိမ်းဆည်းခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

 

#tthl #Local_News #လူသုံးကုန်၊လျှပ်စစ်ပစ္စည်းများနှင့်ယာဉ်များဖမ်းမိ
#Yangon_Times