#Local_News
Published-19 July 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၅၁)ဦး ကို ဇူလိုင် ၁၉ရက်(ယနေ့) ထပ်မဲစေလွှတ်ခဲ့ပြီးယခုလတွင် ၅ကြိမ်တိုင် စေလွှတ်ခဲ့ပြီးဖြစ်သည်။

 

ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည်များမှာကြားခဲ့ကြောင်း သိရသည်။

 

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ဇူလိုင်လ ၄ ရက်ကလည်း  EPS စနစ်ဖြင့်  စုစုပေါင်း (၁၅၃) ဦးလည်းကောင်း၊ ဇူလိုင်လ ၁၀ရက်က EPSစနစ်ဖြင့် Regular ကုန်ထုတ်လုပ်သား(၁၄၆)ဦး ကိုလည်းကောင်း၊ ဇူလိုင်လ ၁၂ ရက်တွင် မြန်မာလုပ်သား (၁၅၀)ဦးကိုလည်းကောင်း၊ဇူလိုင် ၁၈ရက်တွင်မြန်မာလုပ်သား(၁၅၁) ဦးကိုလည်းကောင်းစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

 

#Yangon_Times/BM #Local_News #မြန်မာလုပ်သား(၁၅၁)ဦးကို ယနေ့ထပ်မံစေလွှတ်