#Local_News
Published-19 July 2023

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် အောင်လံ-ပြည်ကားလမ်းတွင် Expressယာဥ်မှ သုံးဘီးဆိုင်ကယ်နှင့် ရပ်နားထားသော ဆိုင်ကယ်အား ဝင်တိုက်မိ၍ လူ ၁ ဦးသေဆုံး၍ ၁ ဦး ထိခိုက်ဒဏ်ရာရရှိမှု ယနေ့ဖြစ်ခဲ့ကြောင်း မေတ္တာမွန်လူမှုကူညီရေးအသင်းက သိရသည်။

 

ဖြစ်စဥ်မှာ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ  ၂၀မိနစ်အချိန်ခန့်က အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ အောင်လံ-ပြည်ကားလမ်းတွင် Express ယာဉ်သည် လားရာတူမောင်းနှင်နေသောသုံးဘီးဆိုင်ကယ်နှင့် ရပ်နားထားသောဆိုင်ကယ်အား ဝင်ရောက်တိုက် မှုဖြစ်ခဲ့ကြခြင်းဖြစ်သည်။

 

"သုံးဘီးယာဥ်မောင်း(ကျား) ၁ဦးသေတယ်။ နောက် အမျိုးသား၁ဦး (မစိုးရိမ်) ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"ဟု ယင်းအသင်းကသိရသည်။

 

ယင်းဖြစ်စဥ်နေရာသို့ အောင်လံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူအား မေတ္တာမွန်လူမှုကူညီရေးယာဉ်ဖြင့် အောင်လံမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

 

#Yangon_Times/BM #Local_News #Expressမှသုံးဘီးဆိုင်ကယ်အားဝင်တိုက်မိ