#Local_News
Published_ 14 December 2022
ပုဂ္ဂလိကကျောင်းတွေ ပြည်တွင်းနိုင်ငံတကာကျောင်း (International School)တွေကို ပညာရေးဝန်ကြီးဌာနက သေချာစစ်ဆေးပြီး မှတ်ပုံတင်ပြန်ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 14 December 2022
လက်ရှိအိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်လှုပ်ရှားရှားဖြစ်နေချိန် အိမ်ခြံမြေတွေကို ဝယ်ယူရာမှာ ရောင်းမှား ဝယ်မှားမဖြစ်စေဖို့နဲ့ လိမ်လည်မှုမခံရစေဖို့ စာရွက်စာတမ်းတွေကို သေချာစိစစ်ပြီးမှ ဝယ်ယူဖို့လိုတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_14 December 2022
ပြည်ပသို့ မြန်မာနိုင်ငံကထွက်ရှိတဲ့ ပြောင်းတွေကို ပင်လယ်ရေကြောင်းကနေတစ်ဆင့် ပြောင်းတန်ချိန် ၅သိန်းကျော်တင်ပို့ထားတယ်လို့မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 December 2022
၁။ ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပြောင်းတန်ချိန် ၅ သိန်းကျော်တင်ပို့ထား
၂။ လိမ်လည်မှုများရှိနေ၍ အိမ်ခြံမြေဝယ်ယူရာတွင် စီစစ်ဝယ်ယူသင့်
၃။ လာမည့်ဇန်နဝါရီလတွင် ပုဂ္ဂလိကကျောင်းများကို သေချာပြန်စစ်ဆေးတော့မည်
၄။ ပျားများဝတ်မှုန်ကူးမျိုးပွားစေနိုင်ရန် ကော်စတာရီကာတွင် ပျားဟိုတယ်ဆောက်လုပ်ပေးထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 December 2022
လာမယ့်ဇန်နဝါရီလဆန်းပိုင်းမှာ ဂီတလောကသား အားလုံးအတွက် စားနပ်ရိက္ခာဆန်၊ ဆီ၊ ဆားတွေပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_14 December 2022
၂၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းတင်ပို့မှုမြင့်တက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများမှ သိရသည်။
၂၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်း မြန်မာ့ရေချိုငါး ငါးမြစ်ချင်းတန်ချိန် ၅၁၈၀ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၁ သန်း ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလအထိ) (၆) လတာကာလအတွင်း မြန်မာ့ရေချိုငါးငါးမြစ်ချင်းတန်ချိန် ၅၁၉၅ တန်၊ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၉ သန်းတင်ပို့နိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ထက် ကာလထက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၈ သန်း တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် ငါးမွေးမြူရေးကန်များကို စီးပွားဖြစ် တူးဖော်လုပ်ကိုင်လျက်ရှိကြောင်း၊ ယင်းအပြင် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိရာတွင် ရေထွက်ပစ္စည်း တစ်မျိုးဖြစ်သည့် မြန်မာ့ရေချိုငါး ငါးမြစ်ချင်းကို မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တင်ပို့ခြင်းဖြစ်သည်။
ယင်းအပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရှစ်လကျော်ကာလအတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၄၉၁ ဒသမ ၂၄ သန်းတန်ဖိုးရှိသည့် ရေထွက်ကုန်ပစ္စည်းများကို တင်ပို့ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published-14 December 2022
ယနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ၉၂ တစ်လီတာ ၁၈၀၀ အထက်ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ၁၈၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၃၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၂၀၅ ကျပ်ဖြစ်ပြီး ယနေ့တွင် ၉၂ တစ်လီတာ ၁၉၀၀ ကျပ်၊ ၉၅ တစ်လီတာ ၁၉၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၆၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၃၄၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးများကို စင်ကာပူ (MOPS) ဈေးနှုန်းအပေါ် အခြေခံပြီး တွက်ချက်ခြင်း ဖြစ်သောကြောင့် (MOPS) ဈေးကျဆင်းလျှင် ပြည်တွင်းစက်သုံးဆီ ဈေး ကျဆင်းပြီး (MOPS) ဈေးတက်လျှင် ပြည်တွင်းစက်သုံးဆီ ဈေးတက်ကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး ပြေးဆွဲမှုကိုရပ်နားထားရကြောင်းလည်း သိရသည်။
“စက်သုံးဆီဈေးနှုန်းတွေက တက်လိုက်၊ ကျလိုက်နဲ့ မမှန်ဘူး။ ဈေးတက်တာက များနေတယ်။ ဈေးကျတော့လည်း အရမ်းကြီးမကျသွားဘူး။ အဲဒီတော့ ကားမောင်းရတာ ဘယ်လိုမှအဆင်မပြေဘူး။ ခရီးသည်တွေကလည်း ကားခဈေးတက်တော့ မစီးကြတော့ဘူး။ ဒါကြောင့် တက္ကစီမောင်းတာကို ခဏရပ်ရပ်နားထားလိုက်ရတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1390 of 2042