#LocalNews
Published_ 22 January 2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘာအံမော်တော်ကားလမ်း၊ ကြာပန်းကျေးရွာအနီး၊ ရန်ကုန်မြို့မှ (၁၅၆)မိုင်အကွာတွင်တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၁)အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ)ကို ပူးပေါင်းလုပ်ကိုင်နိုင်မည့် ပြည်တွင်း ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူနေကြောင်း သိရသည်။
အဆိုပါ စက်ရုံမှာ စက်မှုဝန်ကြီးဌာန ၊အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း လက်အောက်တွင်ရှိပြီး အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership -PPP) ပုံစံဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊စိတ်ဝင်စားသူများအနေဖြင့်နေပြည်တော် ၊ရုံးအမှတ် ၄၁ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်းသို့ ဖေဖော်ဝါရီလ ၁၀ ရက်နောက်ဆုံးထားကာ စိတ်ဝင်စားမှုအဆိုပြုလွှာများတင်သွင်းနိုင်ကြောင်း သိရသည်။
၎င်းစက်ရုံကို Czech နည်းပညာဖြင့် တည်ဆောက်ကာ ၁၉၈၅ ခုနှစ်တွင် ကျွတ်တပ်ဆင်အသုံးပြုရသည့် Bias Tyre များ စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊အဆိုပါတာယာစက်ရုံတွင် တာယာနှင့် ရာဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းအပြင် အခြားစက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု(Public Private Partnership - PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းဆိုပြုလွှာ (Expression of Interest- EoI) ခေါ်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 22 January 2023
စင်ကာပူစက်သုံးဆီဈေးနှုန်း မြင့်တက်နေတဲ့အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ယခုရက်ပိုင်းအတွင်း တရိပ်ရိပ်နဲ့ ပြန်လည်မြင့်တက်လာတာကို စက်သုံးဆီအရောင်းဆိုင်တွေက ဖော်ပြထားတဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 22 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တေးသံရှင် ရင်ခုန်သံမောင်အေးထွန်းနှင့်အတူ
-"တေးရေးကိုကြည်တိုးရဲ့ သီချင်းအများကြီးထဲမှာမှ "ရင်ခုန်သံ"ဆိုတဲ့ သီချင်းကိုဘာမှန်းမသိဘဲ ရွေးချယ်ခဲ့တာဖြစ်ကြောင်း
-"ရှောင်လေဝေးဝေးမူးယစ်ဆေး"ပညာပေးသီချင်းကို ကျွန်တော်ဆိုတာမှန်း အခုထိ မသိကြသေးတာရှိကြောင်း
-ကိုယ့်ကိုယ်ကို အဆိုတော်လို့မသတ်မှတ်ဘဲ တေးသံရှင်လို့ပဲ ခံယူထားတာဖြစ်ပြီး သီချင်းတွေဆိုနိုင်နေသေးသရွေ့ စင်မြင့်ပေါ်မှာ ဖျော်ဖြေဖြစ်နေဦးမှာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 22 January 2023
ထိုင်းနိုင်ငံ၊ စမုဆွန်ခရမ်ခရိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်က ဆီတင်သင်္ဘောပေါက်ကွဲစဉ် သေဆုံးသွားသည့် မြန်မာလုပ်သား ၇ ဦး အတွက် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက သေဆုံးသူမိသားစုဝင်များအား နစ်နာကြေးပေးပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိရုံးက သိရသည်။
အဆိုပါ Soosh Sea C22 ဆီတင်သင်္ဘောမှာ စမုဆွန်ခရမ်ခရိုင်၊ မဲခေါင်မြစ်ခွဲ၌ ပြုပြင်ထိန်းသိမ်းရန် ရပ်နားထားစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သေဆုံးသူတစ်ဦးချင်းအတွက် နာရေးပြုလုပ်ခ ဘတ် ၅၀,၀၀၀၊ အလုပ်ခွင်အတွင်း သေဆုံးမှုကြောင့် လျော်ကြေး ဘတ် ၇၇၀,၉၅၂ ပေးအပ်ခဲ့ကာ သက်ကြီးပင်စင်ကြေးကိုတော့ သေဆုံးသူများ၏ သူသက်တမ်းအလိုက် ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
လူမှုဖူလုံရေးဌာနအနေဖြင့် ဆေးကုသမှုကျသင့်ငွေကို ဝန်ကြီးဌာန ဥပဒေသတ်မှတ်ချက်အတိုင်း ပြန်ပေးမည်ဖြစ်ပြီး ဆရာဝန်က ဆေးရုံအတွင်း ကုသမှုခံယူမှုကို ရပ်နားရန် ညွှန်ကြားခဲ့ပါက တစ်နှစ်မကျော်သည့် ယခင်ရရှိသည့် လုပ်ခလစာထဲမှ ၇၀ ရာခိုင်နှုန်း လုပ်အားခကိုရရှိမည် ဖြစ်ကြောင်း၊ ကိုယ်အင်္ဂါဆုံးရှုံးခဲ့ပါက ထောက်ပံ့ကြေးပေးခြင်းဆိုင်ရာဥပဒေအရ ၁၀ နှစ်ကာလအတွင်း နစ်နာမှုထောက်ပံ့ကြေး ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ-MGR
ymg/mt
#Yangon_Media_Group
#Myanmar_News
Published 22 Jan 2023
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းမှာ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
တည်ဆောက်မယ့်နေရာက ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းရေလှောင်တမံအနီးမှာဖြစ်ပြီး အဲဒီစီမံကိန်းနေရာကို နစက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က သွားရောက်စစ်ဆေးကြည့်ရှုခဲ့တာဖြစ်တယ်လို့ နစက ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယခုအခါ အဆိုပါနေရာမှ မြေနေရာရွေးချယ်မှုကို ကနဦးဆောင်ရွက်နေပြီး ရေရရှိမှု၊ အောက်ခံကျောက်သားဘူမိအခြေအနေတွေကို တာဝန်ရှိသူတွေက ဝန်ကြီး ဦးသောင်းဟန်ကိုရှင်းလင်းတင်ပြခဲ့ကြပါတယ်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ROSATOM မှ ပညာရှင်အဖွဲ့ဟာ ယမန်နှစ် ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်းစီမံကိန်း လုပ်ငန်းနေရာများသို့ သွားရောက်ပြီး ဇေယျာသီရိမြို့နယ် ဇီးရိုင်းကျေးရွာ၊ သစ်တော်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ၊ ပေါင်းလောင်းရေလှောင်တမံအနီးရှိ မြေနေရာတွေမှာ အပူစွမ်းအင်စီမံကိန်းအတွက် ကျောက်သား Mechanic ဆိုင်ရာများလေ့လာခြင်း၊ ရေရရှိနိုင်မှု၊ ငလျင်နှင့် ပြတ်ရွေ့များလေ့လာခြင်း၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ၊ သဘာဝပတ်ဝန်းကျင်အခြေအနေနှင့် လူမှုဘဝနေထိုင်မှုတို့ကိုလေ့လာခဲ့တယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
#ymg/knl
#Myanmar_Russia
#Yangon_Mediad_Group
#Local_News
Published_ 21 January 2023
ရွှေတိဂုံစေတီတော်မှာ မြန်မာ့ရိုးရာထမနဲပွဲတော်နဲ့ထမနဲထိုးပြိုင်ပွဲပြန်လည်ကျင်းပဖို့ရှိပြီး ပွဲတော်ကာလမှာအလှူရှင်တွေနဲ့ ဘုရားဖူးပြည်သူတွေကို ထမနဲလက်ဆောင်တွေပေးသွားဖို့ရှိတယ်လို့ ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_21 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဇန်နဝါရီလ ၁၃ ရက်အထိကို မြန်မာ- ထိုင်းနယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။
#Yangon_Media_Group
Page 1392 of 2120