#Health_Matters
Published - 21 Jan 2023
- ရေရှည်မှာ ပြည်သူ့ကျန်းမာရေးကို နိုင်ငံရေးအသုံးချအဖြစ်အစဉ်အလာတစ်ခုဖြစ်သွားရင် ဘာတွေဆက်ဖြစ်မလဲ။ ပိုပြီးစိုးရိမ်စရာကောင်းလာမလား??
#Yangon_Media_Group
#Local_News
Published_21 January 2023
ဒီဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုပဲမျိုးစုံတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 21 Jan 2023
- ကပ်ရောဂါတိုက်ဖျက်နှိမ်နှင်းမှု ထိရောက်သင့်သလောက် မထိရောက်ရတာ ကိုဗစ်ကပ်ရောဂါကို နိုင်ငံရေးထဲဆွဲထည့်နေကြတာနှင့်ဆိုင်မလား??
#Yangon_Media_Group
#DailyNews
Published_ 21 January 2023
၁။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိထား
၂။ ကိုးလကျော်ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၄ ဘီလီယံကျော်ရရှိထား
၃။ ရွှေတိဂုံစေတီတွင် ထမနဲပွဲတော်ပြန်လည်ကျင်းပမည်
၄။ လက်နက်ကိုင်တပ်များ တိုက်ပွဲဝင်အသင့်ပြင်ဆင်ထားဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 21 Jan 2023
- အခုကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ ကိုဗစ်ကို နိုင်ငံရေးထဲဆွဲသွင်းနေကြတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဘာကြောင့် အဲသလိုသုံးသပ်ကြတာလဲ??
#Yangon_Media_Group
#Local_News
Published_ 21 January 2023
ကိုဗစ်ကာလအတွင်း ရပ်နားထားသည့် ရန်ကုန်-ပုဂံ ရထားကို လာမည့်ရက်ပိုင်းအတွင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန်-ပုဂံ အမှတ်(၆၁)အဆန်၊ (၆၂)အစုန် အမြန်ရထားကို လာမည့် ဇန်နဝါရီ ၂၃ ရက်မှစပြီး နေ့စဉ်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ပုဂံပြေးဆွဲသည့် အမှတ်(၆၁)အဆန်နှင့် (၆၂)အစုန်ရထားတွေသည် ရန်ကုန်ဘူတာကြီးနှင့် ပုဂံဘူတာတွေကနေ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရထားလမ်းပိုင်းတွင် ကြားဘူတာ၂၃ ဘူတာ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး ရထားတွဲဆိုင်းတွေအနေဖြင့် ရိုးရိုးတန်း ၅ တွဲ၊ အထက်တန်းထိုင်ခုံ ၁ တွဲ၊ အထက်တန်းအိပ်စင်တစ်တွဲနှင့် ဘရိတ်တွဲ ၁ တွဲ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 21 January 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချမ်းမြေ့သုခကုန်စုံဆိုင်ကို ဇန်နဝါရီလ၂၀ ရက် ည ၇နာရီ ၁၅ မိနစ်ခန့်က ဓားပြတိုက်ခဲ့ရာ ဆိုင်ရှင်အမျိုးသားမှာ ဓားဖြင့် ခုတ်ခံရ၍ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း မေတ္တာစေရာ လူမှုကူညီရေးအသင်း-မုံရွာမြို့က သိရသည်။
ဓားပြတိုက်ခံရသော ကုန်စုံဆိုင်မှာ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်းတွင်တည်ရှိပြီး အဆိုပါ ကုန်စုံဆိုင်သို့ လူ ၄ ဦး ဆိုင်ကယ် ၄ စီးဖြင့် ဓားများကို ကိုင်ကာ ဆိုင်အတွင်းသို့ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ယင်းနောက် ငွေညှစ်ရာမပေးသည့်အတွက် ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဲ့ဒီအချိန်က မီးပျက်နေတာ။ ည ၇ နာရီကျော်လောက်ပါပဲ။ ဆိုင်ပိတ်နေတဲ့အချိန် ဆိုင်ကိုဝင်ပြီးငွေညှစ်တာ။ ကိုစိုးရာဇာကပြန်ခုခံတော့ ဓားနဲ့ခုတ်တာ။ ကျွန်တော်တို့ရောက်သွားတော့ ကိုစိုးရာဇာက သွေးတွေအိုင်နေပြီ။ ပတ်ဝန်းကျင်ကို လှမ်းပြီးအကူအညီတောင်းတော့ ပစ္စည်းတွေ၊ ဘာတွေမပါသွားပါဘူး”ဟု မေတ္တာစေ ရာလူမှုကူညီရေးအသင်း-မုံရွာမြို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဓားခုတ်ခံရမှုကြောင့် ကုန်စုံဆိုင်ပိုင်ရှင် ကိုစိုးရာဇာမှာ အသက် ၃၃နှစ် အရွယ်ရှိသူဖြစ်ပြီး ညာဘက်လက် မောင်းပြတ်ရှဒဏ်ရာတစ်ချက်၊ နောက်ကျောပြတ်ရှဒဏ်ရာ နှစ်ချက်၊ ရင်ဘတ်ပြတ်ရှဒဏ်ရာတစ်ချက်( စိုးရိမ်ရ) နှင့် ဇနီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် မခင်ချမ်းမြေ့တွင် ဘယ်ဘက်ပါးနှင့် ဘယ်ဘက်လက်ချောင်းတို့၌ ပြတ်ရှဒဏ်ရာတစ်ချက်စီရရှိခဲ့ကြောင်း သိရသည်။
ဓားဖြင့်ခုတ်ခံရသူ ၂ ဦးအား မေတ္တာစေရာလူမှုကူညီရေးအသင်း-မုံရွာမှ အရေးပေါ်ပြု စုကုသမှုများပြုလုပ်ပေး၍ မုံရွာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့စဉ် ကိုစိုးရာဇာလင်းမှာ ရရှိထားကြောင့်ဒဏ်ရာများကြောင့် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် မခင်ချမ်းမြေ့သိန်း မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၊ အဆိုပါဇနီးမောင်နှံတွင် ၃နှစ်အရွယ်ကလေးငယ်တစ်ဦးရှိကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1393 of 2120