Published_ 16 July 2023

မုတ်သုံလေအားကောင်းနေသလို တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်းရှိပြီး ဘင်္ဂလားပင်လယ်မှာလည်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာမည်ဖြစ်၍ မြန်မာနိုင်ငံ၏ဒေသတော်တော်များများတွင် မိုးသည်း ထန်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ် တာလင်းသည် အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်သည်ဟုဆိုသည်။

အခုရက်ပိုင်းအတွင်း ဇူလိုင်လ၁၉ရက်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာအားကောင်းလာပါက ဇူလိုင်လ၂၁ရက်တွင်မုန်တိုင်းငယ်အဖြစ်သို့အားကောင်းလာနိုင်ကြောင်းလည်း သတိပေးချက်ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့မုတ်သုန်အားကောင်းခြင်း၊အပူပိုင်းမုန်တိုင်းရှိနေခြင်း၊လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်ရန်ရှိခြင်းကြောင့်ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် မိုးသည်းထန်ခြင်း၊မိုးပိုခြင်းများဖြစ်ပေါ်မည်ဖြစ်ပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်းမိုးသည်းထန်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times