#Local_News
Published_ 20 December 2022
နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်နဲ့နှစ်သစ်ကူးကာလညပိုင်းအချိန်တွေမှာအပျော်လွန်သူအချို့ဟာ ယာဉ်အန္တရာယ်နဲ့ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိတာတွေများ လေ့ရှိပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 20 December 2022
မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ကျော်တက်ပြီး ထိုင်းနိုင်ငံက ပမာဏအများဆုံး နယ်စပ်ကုန်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 20 December 2022
၁။ တရုတ်ထက် ထိုင်းနိုင်ငံနှင့် ပမာဏအများဆုံး နယ်စပ်ကုန်သွယ်မှု ပြုလုပ်ထား
၂။ ခရစ္စမတ်နှင့် နှစ်သစ်ကူးညများတွင် ထိခိုက်ဒဏ်ရာရသူများကို ကူညီပေးနိုင်ရန်အသင့်ပြင်ဆင်ထားဟုဆို
၃။ ဘိုးဘွားဂေဟာများထံ ခိုနားရာမဲ့ဘိုးဘွားများ ပို့ဆောင်ရန် ဆက်သွယ်လာမှုအများအပြားရှိနေ
၄။ အမြင်အာရုံချို့တဲ့သူများအတွက် အသံဖြင့်သရုပ်ဖော်ထားသောအစီအစဉ်ပါဝင်သည့် ရုပ်ရှင်ပွဲတော်စတုတ္ထအကြိမ်မြောက်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_20 December 2022
ကျောက်စိမ်း၊ ကျောက်မျက်ရတနာအပါအဝင် သတ္တုတွင်းထွက်ပစ္စည်းတွေ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၃၉ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_20 December 2022
ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း ရောင်းသူ၊ ဝယ်သူများထံမှ သိရသည်။
ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ တစ်နှစ်ပတ်လုံး ဝယ်လိုအားများနေသည့်အတွက် ကြက်သွန်နီဈေးနှုန်းသည် ယမန်နှစ်ထက် ဈေးကပိုမြင့်နေကြောင်း၊ ယင်းအပြင် ကြက်သွန်အသစ်ပေါ်ချိန်ဖြစ်သော်လည်း ပြီးခဲ့သည့်တစ်ပါတ်အထိ ဈေးနှုန်းမှာ ၅၀၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိဈေးကွက်ထဲတွင် ကြက်သွန်အကြီး တစ်ပိဿာ ၄၀၀၀ ကျပ်ဖြစ်ပြီး ကြက်သွန်အသေးတစ်ပိဿာ ၃၀၀၀ ကျပ်ရှိကြောင်း ရောင်းချသူထံမှသိရသည်။
ယင်းအပြင် ငရုတ်သီးကိုလည်း ထိုင်းနိုင်ငံနှင့် ဗီယက်နမ်မှဝယ်လိုအားများနေသည့်အတွက် တစ်ပိဿာ တစ်သောင်းဝန်းကျင်ခန့်အထိ ဆက်လက်မြင့်တက်နေကြောင်းသိရသည်။ နယ်မှ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)သို့ ကြက်သွန်ကားအစီးရေ နေ့စဉ် ၂၅ စီးဝန်းကျင်ဝင်ရောက်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောပြချက်အရ သိရသည်။
ယင်းအပြင် တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်း (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်နေပြီး မြို့ပေါ်မှာရှိ ကြက်သွန် ကုန်သည် သိုလှောင်ရုံများ၌ ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခွဲဝန်းကျင် ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
အခြေခံစားသောက်ကုန်စည်များထဲမှ တစ်ခုဖြစ်သည့် စားအုန်းဆီဈေးနှုန်းသည် ဈေးကွက်အတွင်းဆက်တိုက်လာကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 20 December 2022
ရန်ကုန်မြို့၊ ဒဂုံတောင် အမှတ်(105)ရပ်ကွက်မင်းရဲကောင်းပုံလမ်းနှင့် ရေနံသာလမ်းဘေးရှိ ဈေးဆိုင်အလွတ်ခုံပေါ်တွင် လွန်ခဲ့သော ၂ရက်ခန့် နေ့လည် ၁နာရီဝန်းကျင်လောက်တွင် ဒေါင်ဆင်ဒရုန်း ရောဂါခံစားနေရသည့် ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ကလေးသူငယ်စောင့်ရှောက်ရေး အသင်းအဖွဲ့ထံမှ သိရသည်။
"အမတို့ဆီအကြောင်းကြားတော့ အုပ်ချုပ်ရေးမှူးရပ် တာဝန်ရှိတဲ့ စည်ပင်က လူကြီးတွေရယ်နဲ့ အမတို့ အဲ့နေရာရောက်သွားခဲ့ပါတယ်။ ကလေးလေးကို ရပ်ကွက်ကလူတွေပြောတာတော့ အမျိုးသမီးတစ်ဦးကချီလာတယ်လို့ ပြောတယ်။ ဘေးကနားဈေးဆိုင်လဲရှိတော့ ပထမက သတိမထားမိဘူး၊ နောက်တော့မှ ကလေးကတအားငိုတဲ့ အသံကြားမှ စွန့်ပစ်သွားမှန်းသိကြပြီး အမတို့ဆီဆက်သွယ်တာပါ။ အမတို့ရောက်တော့ ကလေးပုံစံက ဒေါင်းရောဂါသည်ပုံစံမျိုးနဲ့ဆင်တူနေတာကြောင့် သက်ဆိုင်ရာလူကြီးတွေနဲ့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ လူကယ်ပြန်ဌာနကို အကြောင်းကြားထားပါတယ်။ ကလေးလေးကိုတော့ အခုအမတို့ 105 မှာပဲ စောင့်ရှောက်ထားပါတယ်။ လူကယ်ပြန်ဌာနဆီမရောက်ခင် မိဘနဲ့တွေ့လိုတွေ့ငြားဆိုပြီး အမတို့က ကလေးပုံနဲ့တကွ စွန့်ပစ်ခံရကြောင်း တင်ပေးထားပါတယ်" ဟု အလင်းတန်း ကလေး သူငယ်ကာကွယ်စောက်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူက YMG သို့ပြောခဲ့သည်။
ကလေးအား လူမှုရေးအသင်းအဖွဲ့အချို့ထံ ကူညီစောင့်ရှောက်ရန်အတွက် ဆက်သွယ်ထားရှိပြီး စွန့်ပစ်ခံရချိန်တွင် အဝတ်စားထုတ်လည်း ပါရှိကြောင်း သိရှိရသည်။
လက်ရှိတွင် ကလေးအား မိဘမှလာရောက်ခေါ်ယူချင်ပါက ခေါ်ယူ၍ရအောင် ရပ်ကွက်၌ တပတ်တိတိ စောင့်ရှောက်သွားမှာဖြစ်ကာ တပတ်ကျော်ပါက သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။
#Ymg/NN
#Yangon_Media_Group
#Local_News
Published_20 December 2022
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော Regular ကုန်ထုတ်လုပ်သား (၉၀) ဦး၊ CBT ကုန်ထုတ်လုပ်သာ (၇) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၁၃) စုစုပေါင်း (၁၁၀) ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ဒီဇင်ဘာ ၂၆ရက်တွင် Regular(ကုန်ထုတ်လုပ်သား) ၊ Re-entry ကုန်ထုတ်၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သား ) စုစုပေါင်း ၁၄၉ ဦး ကိုထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် လုပ်သားစေလွှတ်မှု ဒီဇင်ဘာလ ၂၀ ရက်အထိ မြန်မာလုပ်သား ၃၈၁ ဦးကိုစေလွှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
Page 1380 of 2044