#Local_News
Published-23-7-2023

ယခု ရက်ပိုင်းအတွင်း တရုတ်ဘက်က  ပဲတီးစိမ်း အဝယ်လိုက်လာသဖြင့် ဈေးကောင်းရလာသည်ဟု ဈေးကွက်အတွင်းက စုံစမ်းသိရှိရသည်။

 

ပြီးခဲ့သည့် လအနည်းငယ်က ပဲတီစိမ်းအား တရုတ်နိုင်ငံဘက်က အဝယ်ရပ်လိုက်ခြင်းကြောင့် ဈေးများထိုးကျခဲ့ရသည်။

 

ပဲတီစိမ်း ဈေးကျသည့်ကာလအတွင်း ထိပ်စတစ်အိတ်လျှင် ၁၇၁,၀၀၀ ကျပ်နှင့် အနိမ့်စတစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ်အထိ ဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရသည်။

 

လက်ရှိတွင် မန္တလေး ပဲတီစိမ်းဈေး ကွက်၌ ပဲတီစိမ်း တစ်အိတ်လျှင် ၁၇၃,၀၀၀ ကျပ်နှင့် အနိမ့်စတစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိလာ ကြောင်း သိရသည်။

 

မန္တလေးဈေးကွက် ပဲကုန်စည်ဒိုင်များတွင် ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ၁၅၅,၀၀၀ ကျပ်မှ ၁၇၄,၀၀၀ ကျပ်၊ ပဲတီစိမ်းအခွံ သုံးတင်းဝင် တစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ် ရှိလာကြောင်း သိရသည်။

 

ပဲတီစိမ်း ဈေးကွက်ရလာသဖြင့် အထက်ပိုင်းဒေသရှိ မြို့နယ်များသာမက ဧရာ
ဝတီတိုင်းဒေသမှ ပဲတီစိမ်းများပါ တင်ပို့ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

#Ymg/my
#Yangon_ Times