#Local_News
Published 23 July 2023


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်တည်ထားရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည့်ဆရာတော်ကြီးများနှင့်လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များချီးမြှင့်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယင်းထုတ်ပြန်ချက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများ နှင့် နိုင်ငံ တော်တည်ဆောက်ရာတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော အောက်ဖော်ပြပါ ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့ များ၊ ဂုဏ်ထူးဆောင် တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

 

ယင်းတွင်ဆရာတော်ကြီးများဖြစ်ကြသော ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များအဖြစ် သရေစည်သူဘွဲ့ကို ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ (နိုင်ငံတော်ဩဝါဒါ စရိယ၊ ရွှေကျင် နိကာယ ဥက္ကဋ္ဌ ၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် (စစ်ကိုင်း)၊ဘဒ္ဒန္တသဒ္ဓိယ ရွှေသုဝဏ်ဆရာတော်ကြီး(ပုညနိမ္မိတာရာမရွှေသုဝဏ်ကျောင်းတိုက်၊ ဆရာတော်ကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)၊ဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ-ပါမောက္ခချုပ် ဆရာတော် (ငြိမ်း)၊(အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်တိုင်း ဒေသကြီး)၊ဘဒ္ဒန္တဝိမလဗုဒ္ဓိပါဠိဆရာတော်(ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိ စာသင်တိုက်၊ ပျဉ်းမနားမြို့ နယ်၊ နေပြည်တော်) နှင့် လူပုဂ္ဂိုလ်များ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ညိုစော(နစက အကြံပေးပုဂ္ဂိုလ်)၊ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ၊ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ဗိုလ်ချုပ် ကိုကိုလွင် နှင့် အင်ဂျင်နီယာကောင်စီ မှဒေါက်တာ ညီလှငယ်တို့အား ချီးမြှင့်ကြောင်း သိရသည်။

 

ယင်းအပြင် စည်သူဘွဲ့ကို ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ(ပါမောက္ခချုပ်ဆရာတော်- အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်တိုင်း ဒေသကြီး)၊ဘဒ္ဒန္တခေမာနန္ဒ - ပဓာနနာယက (ရန်ကင်းဆရာတော်- အဘိဝိနယာစရိယစာသင်တိုက်၊ ရန်အောင်မြင် တောရကျောင်း (မြို့တော်ဝန်ကျောင်း)၊ ဒက္ခိဏ သီရိမြို့နယ်၊ နေပြည်တော်)၊ပြည်ထောင်စုဝန်ကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးမျိုးသန့် အင်ဂျင် နီယာကောင်စီမှ Structure ပညာရှင် ဒေါက်တာတိုးတိုးဝင်း တို့အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထားဆောင်ဘွဲ့များအဖြစ် သူရဘွဲ့ကိုကာကွယ်ရေးဝန်ကြီးဌာ နမှဗိုလ်မှူးသော်ဇင်(လေ)နှင့် တပ်ကြပ်ကြီး ဝင်းမြင့်သူတို့အား ချီးမြှင့်ကြောင်း သိရသည်။

 


အလားတူ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များတွင် သီရိပျံချီဘွဲ့ကို ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်)အပါအဝင် ဆရာတော်ကြီး အပါး ၂၀ နှင့် လူပုဂ္ဂိုလ် ၃ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၂ ဦး၊သိပ္ပကျော်စွာဘွဲ့ ၄ ဦး၊တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် (သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ် ၂ ဦး၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရ်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များ(ရဲသူရတံဆိပ်) ၉ ဦး၊ရဲဗလ တံဆိပ် ၃၆ ဦး၊စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ(စီမံထူးချွန်တံဆိပ် ပထမအဆင့်) ၁၄ ဦး၊ (စီမံထူးချွန်တံဆိပ် ဒုတိယအဆင့်) ၂၈ ဦး၊း(စီမံထူးချွန်တံဆိပ် တတိယအဆင့်) ၁၆ ဦး စသည်တို့အား အသီးသီး ချီးမြှင့်ကြောင်း သိရသည်။

 

#Local_News #ဂုဏ်ထူးဆောင် တံဆိပ်များချီးမြှင့်
#Yangon Times/PP