#Local_News
Published-23-7-2023

 

နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများအနေဖြင့် ကိုယ်‌ရေးရာဇဝင်အချက် အလက်အပြည့်အစုံဖြင့် နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာထည့်သွင်းပြီးနောက် ာက်လအကြာမှသာ ပြန်လည်လျောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန် သည်။

 

ထို့အပြင် ကြော်ညာထည့်သွင်းရာတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထောက်ခံစာ၊ သက်ဆိုင်ရာ ရဲ စခန်း ထောက်ခံစာအပါအဝင် ပျောက် ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်အမှတ်တို့ကို ပြည့်စုံစွာထည့်သွင်းရမည်ဖြစ် ကြောင်း သိရသည်။

 

ပြန်လည်လျောက်ထားရာတွင်လည်း သတင်းစာကြော်ငြာမူရင်းနှင့်အတူ ‌နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ ကိုယ်တိုင်သွားရောက်ကာ ‌ပျောက်ဆုံးကြောင်း ခံဝန်လက်မှတ်ရေးထိုးရမည်ဖြစ်သည်။

 

လာရောက်လျောက်ထားသူများ အနေ ဖြင့် စာအုပ်အသစ်လျောက်ထားငွေ ကျပ် ၃၅,၀၀၀ နှင့်အတူ ဒဏ်ကြေးငွေ ၅၆,၀၀၀ ကျပ် စုစုပေါင်း ကျပ် ၉၁,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

ထို့အတူ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော နိုင်ငံသားများ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး ၊ ပျက်ဆီးပါက သက်ဆိုင်ရာသံရုံးများတွင် စာအုပ်တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ၊ ပျောက်ဆုံးဒဏ်ကြေး ၁၀၅  ဒေါ်လာ၊ စုစုပေါင်း ဒေါ်လာ၁၄၀ အား သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးတန်ဖိုးအတိုင်း ပေးသွင်း၍ လျောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

#Local_News #ပတ်စပို့စ်ပျောက်ဆုံးသူများ
#YMG/my
#Yangon _Times