#Local_News
Published_ 21 June 2024
▪️ တောင်ငူဘုရင်များနန်းစိုက်ရာ ကေတုမတီမြို့ဟောင်း၏ မြို့ရိုး၊ ကျုံးနှင့်မြို့ဝင်တံခါးပေါက်များကို ထိန်းသိမ်းရေးလုပ်ငန်းများမြှင့်တင် ဆောင်ရွက်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
▪️ လတ်တလောတွင် တောင်ငူကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး စင်တံခါးအနီးရှိ ကေတုမတီမြို့ဟောင်း မြို့ရိုးပြန်လည်တူးဖော်ထိန်းသိမ်းခြင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကေတုမတီမြို့ဟောင်း၏ ကျုံးနှင့်မြို့ရိုး ဖော်ထုတ်ထိန်းသိမ်းထားခြင်း၊ ကျုံးနယ်နိမိတ် သတ်မှတ်စိုက်ထူထားသည့်တိုင်များ ဆောင်ရွက်ထားခြင်းများကိုဆောင်ရွက်လျက်ရှိသည်။
▪️ အဆိုပါလုပ်ငန်းဆောင်ရွက်မှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများသွားရောက်ကြည့်ရူစစ်ဆေးခဲ့ကြကြောင်း သိရသည်။
▪️ ယင်းအပြင် တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့်ပန်းချီ တံခါးပေါက်အနီးရှိ ယိုးဒယားပေါက်ကို ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနှင့် ထိန်းသိမ်းစောင့်ရှာက်ထားရှိမှုကိုလည်းကောင်း၊ တောင်ငူကေတုမတီမြို့ရိုး ပန်းချီတံခါးပေါက်မှ တစ်ဆင့်ကေတုမတီမြို့ရိုး၊ ကျုံးနှင့် မြို့ဝင်တံခါးပေါက်များ၏ လက်ရှိအခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုခဲ့ကြသည်။
▪️ ပြည်ထောင်စုဝန်ကြီးက တောင်ငူကေတုမတီမြို့ရိုးနှင့်ကျုံးကိုထိန်းသိမ်းမှုဆိုင်ရာ အစည်းအဝေးတွင်‘‘ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြို့တည်၊ နန်းတည်နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို ၂၀၁၀ ပြည့်နှစ်မှစ၍ ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံမိဘပြည်သူများက နှစ်စဉ်နှစ်တိုင်း ခမ်းခမ်းနားနား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ကျော်ကမင်းကြီးညိုတည်ထောင်ခဲ့သော ကျုံးနှင့်မြို့ရိုးများ၊ အဆောက်အအုံများကို လက်ရှိအနေအထားထက် ပျက်ယွင်းမှုမရှိအောင် ပြန်လည်ဖော်ထုတ်ကာ ကွယ်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်းနှင့် မင်းကြီးမဟာ သီရိဇေယျသူရ မင်းကြီးညို(အေဒီ ၁၄၈၆-၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူ ကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးနေရာများ၊ ရှေးဟောင်းအဆောက်အအုံများကို ယဉ်ကျေးမှုအမွေအနှစ်များ အဖြစ် ထိန်းသိမ်းသွားနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်’’ တိုက်တွန်းပြော ကြားခဲ့သည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီးဒေါ်နုမြဇံက ရှေးဟောင်းအမွေအနှစ်ဖြစ်သော တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ မြို့ရိုး၊ ကျုံး၊ မြို့ဝင်ပေါက်များကို ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းသွားရန် လိုအပ်သည့် အချက်များကိုလည်းထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Daily_News
Published_ 18 June 2024
၁။ ရန်ကုန်၊ မန္တလေးရှိရွှေဆိုင်(၉)ဆိုင်တွင် ရွှေထည်များကို YGEA စျေးနှုန်း(၄၅)သိန်းကျော်ဖြင့် ရောင်းချပေးနေ
၂။ ဇီဝဇိုးငှက်အိမ်ဆောက်လုပ်မွေးမြူသည့်လုပ်ငန်းတွင် သိန်းထောင်ချီအထိ ရင်းနှီးမြှုပ်နှံသူများရှိလာဟုဆို
၃။ နောင်တရားဒေသ၌ နယ်သာလန်နှင့်တရုတ်မျိုး မိုးအာလူး ဧက ၃၀၀၀ခန့် နောင်တရားဒေသမှာနယ်သာလန်နှင့်တရုတ်မျိုးများ စိုက်ပျိုး
၄။ ဂျပန်ကုမ္ပဏီထုတ်ဖြည့်စွက်ဆေးများ အသက်အန္တရာယ်ဖြစ်စေသည်အထိပြဿနာဖြစ်ခဲ့သဖြင့် ပိုမိုထိန်းသိမ်းကွပ်ကဲပေးရန်အစိုးရကိုတောင်းဆိုနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
ပြည်ပနိုင်ငံများကို အေဂျင်စီများကတစ်ဆင့် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများအနေနဲ့ မိမိတို့ရဲ့ လုပ်ခလစာကို မိသားစုထံလွှဲပို့ရာမှာ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်တွေမှတစ်ဆင့် လွှဲပို့ထားကြောင်း အထောက်အထားများအား ပို့ဆောင်ပေးခဲ့တဲ့ အေဂျင်စီက စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြရမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ထံ က သိရပါတယ်။
#Local_News
Published 18 June 2024
#မြန်မာအလုပ်သမား #(MOEAA)
#YMG/LW #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားဒေသမှာ အခုနှစ်အတွက် မိုးအာလူး ဧက ၃၀၀၀ခန့် စိုက်ပျိုးထားပြီး နယ်သာလန်နဲ့ တရုတ်မျိုးတွေ စိုက်ပျိုးထားတယ်လို့ နောင်တရားအာလူးအသင်းက သိရပါတယ်။
#Local_News
Published 18 June 2024
#နယ်သာလန်နှင့်တရုတ်မျိုး #မိုးအာလူးစိုက်ပျိုး
#YMG/NN #Yangon_Times
ဇီဝဇိုးငှက်တွေကို ငှက်အိမ်ဆောက်လုပ်ပေးပြီး ငှက်သိုက်ခွာယူရတဲ့လုပ်ငန်းမှာ ဈေးကွက် အလားလာ ကောင်းလာတဲ့အတွက် သိန်းထောင်ချီ ရင်းနှီးမြှုပ်နှံသူတွေ ရှိလာတယ်လို့ ဇီဝဇိုး ငှက်သိုက်မွေးမြူထုတ်လုပ်သူတွေ ထံက သိရပါတယ်။
#Local_News
Published 18 June 2024
#ရင်းနှီးမြှုပ်နှံသူများရှိလာ #ဇီဝဇိုးငှက်အိမ်ဆောက်လုပ်မွေးမြူသူ
#YMG/LW #Yangon_Times
ရန်ကုန်နဲ့မန္တလေးရှိရွှေဆိုင်တွေဖြစ်တဲ့ရွှေနန်းတော်၊ မြန်မာချမ်းသာ၊ တာလီ၊ ဇွဲထက်၊ 2.9၊ ဝိန့်စိန်၊အကယ်ဒမီ၊ ရွှေစင်အကယ်ဒမီ၊ အောင်သမာဓိဆိုင်တွေမှာ YGEAဈေးနှုန်း(၄၅)သိန်းကျော်ဖြင့် ရွှေထည်တွေရောင်းပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 18 June 2024
#တစ်ကျပ်သား(၄၅)သိန်း #ရွှေဆိုင်(၉)ဆိုင်
#tthl #Yangon_Times
#Local_News
Published 18 June 2024
▪️ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ကုန်းမြေ ၇၈၁ ဧကနှင့် ရေပြင် ၂၂၂၁၉ ဧက စုစုပေါင်းဧရိယာ ဧက၂၃၀၀၀ ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန် ကျွန်းနံ့သာ" အဏ္ဏဝါအမျိုးသားဥယျာဉ် အဖြစ်သတ်မှတ်ဖွဲ့စည်းလိုက်ကြောင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါနေရာတွင် ဝေလငါးအပါအဝင် ရှားပါးသည့် ဗျိုင်းမည်းငှက်မျိုးစိတ်တို့နေထိုင်ကျက်စားရာနေရာဖြစ်ကာ၂၀၁၈ ခုနှစ် မေလတွင်ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ ဇွန်လ၁၂ရက်မှစပြီး အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
▪️ ကျွန်းနံ့သာသည် ဘူမိရုပ်သွင်ထူးခြားသည့် ကျွန်းတစ်ခုဖြစ်ပြီး ဂွမြို့နယ်၊ ကျိန္တလီမြို့၏ အနောက်ဘက် ရေမိုင် ၂၄ မိုင်အကွာတွင် တည်ရှိသော ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့်အပြင် အဆိုပါဒေသတွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာအဖွဲ့ (IUCN) ၏ ကာကွယ်ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက်ဝင် ပင်လယ်ကမ်းရိုးတန်းဒေသများ၌ ကျက်စားနေထိုင်သော အဏ္ဏဝါမျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ကြက်တူရွေး၊ လိပ်စောင်းလျားနှင့် လိပ်ခွေးစသည်တို့နှင့် ဝေလငါး၊ ငါးမန်းဖလောင်း၊ ရေဝက်၊ ငါးမန်း အမျိုးမျိုး၊ ငါးလိပ်ကျောက်၊ ရှားပါးသည့် ဗျိုင်းမည်းငှက်မျိုးစိတ်တို့ နေထိုင်ကျက်စားခြင်း၊ ကျွန်း၏ပတ်လည်ပင်လယ်ရေအောက်တွင် ပင်လယ်ရေအောက်ရွှံ့မီးတောင်နှင့် သန္တာကျောက်တန်းများ တည်ရှိနေခြင်းတို့ကြောင့် ကမ်းရိုးတန်းဒေသရှိ အဏ္ဏဝါမျိုးစိတ်များနှင့် ထူးခြားသည့် ဘူမိရုပ်သွင်များ တည်ရှိနေခြင်းဖြစ်သည်။
▪️ ထိုသို့သတ်မှတ်လိုက်ခြင်းဖြင့် အဆိုပါ ဧရိယာအတွင်းရှိ ထူးခြားသည့် ဘူမိရုပ်သွင်တစ်ခုဖြစ်သော ပင်လယ်ရေအောက်ရွှံ့မီးတောင်နှင့် သန္တာကျောက်တန်းများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် အဏ္ဏ ဝါ မျိုးစိတ်များနှင့် ၎င်းတို့၏နေရင်းဒေသများ၊ ကမ်းရိုးတန်းဂေဟစနစ်များအား ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ခြင်း၊ ကျွန်းအနီးပတ်ဝန်းကျင်ရှိ ဒေသခံကျေးရွာ (၁၀) ရွာမှ ဒေသခံ ရခိုင်လူမျိုးများ၏ မိရိုးဖလာငါးဖမ်းဆီးသည့် လုပ်ငန်းအတွက် အဓိကအားထားရာနေရာတို့အား စနစ်တကျစီမံအုပ်ချုပ်နိုင်မည်ဖြစ်ခြင်းနှင့် ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 662 of 2275