#Local_News
Published 22 January 2024
အရှေ့တောင်အာရှ၌ သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၏ (၁၁၈)နှစ်ပြည့် ပွဲတော်ကိုယခုလအတွင်း လေးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။
အဆိုပါပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ ၄ ရက်တိုင်တိုင် ပျော်ရွှင်ဖွယ်ရာအစီ အစဉ်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ပွဲတော်ကာလအတွင်း တေးဂီတနှင့် အကအလှဖျော်ဖြေရေးအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များ၊ ချစ်စရာတိရစ္ဆာန် လိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်နည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ကလေးတို့အကြိုက် ဂိမ်းအစီအစဉ်များ၊ လက်ဆောင်များရယူနိုင်မည့် အမေးအဖြေကဏ္ဍများ၊ ဈေးရောင်းပွဲများအပါအဝင် ပျော်ရွှင်ဖွယ်ရာအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏(၁၁၈)နှစ်ပြည့် #ပွဲတော်လေးရက်တိုင်တိုင်ကျင်းပ #YMG/ NN #Yangon_Times
အစာဈေးမြင့်လာပေမယ့် ဆိတ်မွေးမြူရေးလုပ်ငန်းကလွှတ်ကြောင်းစနစ်နဲ့ အများဆုံးမွေးမြူတဲ့ အတွက် ထိခိုက်မှုမရှိပါဘူး လှောင်ခြံစနစ်နဲ့ မွေးတာကလဲကြီးကြီးမားမား အရောင်းဝယ်လုပ်သူတွေလောက်ပဲမွေးကျတာ လှောင်ခြံသမားတွေလည်း အရောင်းထုတ်ခံနီးမှသာ အစာကျွေးရတာများ ပါတယ်။
#Local_News
Published_ 22 January 2024
#ဆိတ်မွေးမြူသူပိုများ #အစာဖိုးမကုန်
#YMG/LW #Yangon_Times
'ကမ္ဘာ့ပေါက်ဈေး FOB ဈေးလည်းနိမ့်တယ်၊ အဓိကကတော့ ထိုင်းဈေးနည်းနည်းနည်းတော့ပြန်ဆင်းတယ်၊ အခုထိုင်းဖွင့်တဲ့ဈေးကကျတော့ ရန်ကုန်ဈေးဆိုလည်းတစ်ပိဿာကို
၁၅ကျပ်၊၂၀ လောက် ဆင်းသွားတယ်၊ ၂လပိုင်း၁ရက်နေ့ ထိုင်းပို့ဖို့ကြိုဝယ်ထားတာရယ်၊ အခုကတော့ ကုန်လမ်းတွေကသွားရတဲ့ အနေအထားနဲ့က ပင်လယ်ရေကြောင်းက သွားတာကိုပဲတော်တော်များများကဝယ်ကြပါတယ် '
#Local_News
Published_ 22 January 2024
#မြန်မာ့ပြောင်းထိုင်းတင်ပို့ #အကျဈေးဖြင့်ဝယ်ယူနေ
#Yangon_Times #YMG/NN
"အခေါက်ရွှေတုံး၊ ရွှေခဲ၊ ရွှေပြားတွေရဲ့ဈေးနှုန်းဟာ ပစ္စည်းရှားပါးမှု ပေါများမှု အပေါ်မူတည်ပြီး အတက်အကျရှိနိုင်သလို ရွှေအရည်အသွေးနဲ့ ရောင်းချတဲ့ဆိုင်တွေအပေါ်မူတည်ပြီး ဈေးနှုန်း အနည်းငယ်တော့ကွာခြားနိုင်တယ်။ ရွှေအရည်အသွေးက ၁၆ ပဲရည်တူတူပါပဲ" ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်
#Local_News
Published_ 22 January 2024
#ရွှေဈေးကွက်အတွင်းရွှေပြား #ရွှေခဲကတ်ပြားများစတင်ရောင်း
#Yangon_Times
#Local_News
Published 22 January 2024
ဂျပန်နိုင်ငံ ငလျင်ဘေးဒဏ်သင့်ပြည်သူလူထုအတွက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ Nanao မြို့တော်ဝန်ထံသို့ အလှူရှင်များ ကိုယ်စား အလှူငွေ ယန်း၁ဒသမ၉၈သန်း ကို သွားရောက်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တိုကျိုသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လှူဒါန်းငွေကို မြန်မာသံရုံး၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် နိုင်ငံ့ဝန်ထမ်းပညာ
တော်သင်များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြသော ဂျပန်ကုမ္ပဏီများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဂျပန်နိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြသည့် မြန်မာကုမ္ပဏီများနှင့် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေ ယန်း ၁.၉၈ သန်း အား မြို့တော်ဝန် Mr. Yoshitaka Chatani ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် ၁-၁-၂၀၂၄ ရက်နေ့က ပြင်းအား ၇.၅ ရှိသော အင်အားကြီး ငလျင်လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၂၃၂ ဦးကျော်အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူအများအပြားလည်းငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရကာ အဆိုပါ ဒေသတွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများလည်း ကယ်ဆယ်ရေးစင်တာများ တွင် ယာယီခိုလှုံနေထိုင်ခဲ့ရကြောင်းသိရသည်။
#Local_News #ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး #ယန်း၁.၉၈သန်းပေးအပ်လှူဒါန်း #YMG/LW #Yangon_Times
#Local_News
Published 22 January 2024
မော်လမြိုင်မြို့ကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ်တွင် ကား၊ သုံးဘီးဆိုင်ကယ် ၁ စီးနှင့် ဆိုင်ကယ်၁စီးတို့ ၃စီးဆင့်တိုက်မိသဖြင့် အမျိုးသမီး၁ဦး ေ-သဆုံး ကာ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း လူမူကူညီရေးအသင်းများထံက သိရသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ည ၉ နာရီခန့်က မော်လမြိုင်မြိုကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ် မစရ၅ အနီးတွင် မော်လမြိုင်ဘက်ကမောင်းနှင်လာသော Probox ယာဉ် ၁ စီးမှာ အလားတူမောင်းနှင်လာသော ဘုရားပွဲသွားမည့် သုံးဘီးဆိုင်ကယ်၁စီးနှင့် ဆိုင်ကယ်၁စီး ၃စီးဆင့်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်အတွင်း ကလးငယ် ၆ ဦး နှင့် လူကြီး ၆ ဦး စုစုပေါင်း(၁၂) ဦးထိခိုက်ဒဏ်ရာများရရှိသဖြင့် ဒဏ်ရာရရှိသူများအား မော်လမြိုင် Rescue လူမူကယ်ဆယ်ရေးအဖွဲ့၊ ဘိုဘို၀င်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင်အရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့၊ မိုးစေတနာပရဟိအသင်း(မော်လမြိုင်) မုဒုံလူငယ် ပရဟိတအဖွဲ့တို့မှ လူနာများအားပြုစုကုသပေးပြီး လူနာတင်ယာဉ်၅စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးရုံကြီး OPD အရောက်တွင် အမျိုးသမီး (၁)ဦးမှာ ေ-သဆုံးသွားသဖြင့် ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲမှဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကား၃စီးဆင့်တိုက်မှုဖြစ် #၁ဦး ေ-သဆုံးကာ၁၁ဦးဒဏ်ရာရ #YMG/LW #Yangon_Times
#Local_News
Published_ 22 January 2024
ပြည်တွင်း၌ ကူးစက်မြန် ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေ့ရှိရသည့်အတွက် ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့်သူများတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကို တွေ့ရှိရပြီး ယခုတွေ့ရှိရသည့် SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသက် ၅၀ နှင့်အထက်ရှိသူများ အသက် ၆၅ နှင့်အထက်ရှိသူများ၊သွေးတိုး၊ဆီးချို၊ နှလုံး၊ကင်ဆာ အခြားရောဂါအခံရှိသူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံသင့်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန်ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို ခံယူသင့်ကြောင်း သိရသည်။
#Local_News #ကိုဗစ်၁၉ရောဂါ #MOHSသတိပေး #YMG/NN #Yangon_Times
Page 662 of 2029