Published 10 March 2024
ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူပြီး နောက် လစ်လပ်လျက်ရှိသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နေရာအား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ဆရာတော် သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါ ယ နာမဟာပါသာဏလိုဏ်ဂူတော် တွင် မတ်လ၉ရက်နေ့က ကျင်းပခဲ့သည့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ ဆဋ္ဌအစည်းအဝေး ဒုတိယနေ့ တွင် နိုင်ငံတော်သံဃမဟာနာယကအ ဖွဲ့ဥက္ကဋ္ဌအဖြစ် သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက် တာဘဒ္ဒန္တစန္ဒိမာဘိဝံသကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်းသိရသည်။
ယင်းအစည်းဝေး တွင်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နေရာအား အဆိုတင်သွင်းမည့်အဆိုရှင်ကို ဖိတ်ခေါ်ရာ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရက လစ်လပ်လျက်ရှိသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဥက္ကဋ္ဌ နေရာအတွက် ရွေးချယ်ရာတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင်ဆရာတော်သည် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည့် အစဉ်အလာအရ ပရိယတ္တိ ဝိသာရဒဂုဏ်၊ ပိဋကတ္ထယဆေကဂုဏ်၊ ပိယဂုဏ်၊ ဂရုဂုဏ်၊ ဘာဝနီယဂုဏ်၊ ဗျတ္တပဋိဗလဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သက်တော်(၇၇)နှစ်၊ သိက္ခာတော် (၅၇) ဝါရှိ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် တင်မြှောက်ပေးတော်မူပါရန် အဆိုတင်သွင်းခဲ့ကြောင်းသိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် သန်လျင်မင်းကျောင်း ပထမပြန်စာ သင်တိုက်၊ ပဓာနနာယကဆရာတော်၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်းသိရသည်။
ထု့်ပြင်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ် မစိုးရိမ်တိုက်သစ်နာယက ဆရာတော်ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသကို အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ ဆဋ္ဌအစည်းအဝေး ဒုတိယနေ့ တွင် ဆက်လက်ရွေး ချယ်တင် မြှောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ၁၉၈၀ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပြီး ပထမဆုံးဥက္ကဋ္ဌဆရာတော်အဖြစ် ပဲခူးမြို့မဆရာတော် ၊ဒုတိယမြောက်အဖြစ် မြင်းခြံ ကိုးဆောင်ဆရာ တော် ၊တတိယမြောက်အဖြစ် မကွေးဆရာတော် ၊စတုတ္ထ မြောက်အဖြစ် မကြာသေးမီက ပျံလွန်တော်မူသွားခဲ့သည့် ဗန်းမော်ဆရာတော်တို့က ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့ကြပြီး ယခုအခါ ပဥ္စမမြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသလို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
စနစ်သစ်ဖြစ်လို့ပြဌာန်းစာအုပ်၊ ဖတ်စာအုပ်တွေထဲက စာတွေကို အလွတ်ကျက်ဖြေပါက ရနိုင်မယ့်အမှတ် (၂၅)မှတ်သာ ရနိုင်မှာဖြစ်ပြီး ကျန်တာ တွေကကိုယ့်ဘာသာကိုယ်ဆင်ခြင်ကြံဆတဲ့ critical thinking နဲ့ ဖြေဆိုမှကျန်(၇၅)(၈၀)မှတ်ကို ရရှိမှာဖြစ်တယ်။ မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်
Yangon Times/tthl
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 9 March 2024
၁။ မြန်မာ့ရွှေဘိုသနပ်ခါးများ ထိုင်းမှ အများဆုံးမှာယူနေ
၂။ EV တက်စီ စီးလုံးငှားပြီး ကျိုက်ထီးရိုး၊ ချောင်းသာ၊ မန္တလေးကို ခရီးထွက်နိုင်ပြီဟုဆို
၃။ တောင်သူများ အဆင်ပြေစေရန် ကုလားပဲစုပေါင်းရောင်းချပွဲတွင် ပဲထောပတ်နှင့် စားတော်များကိုလည်း ဝယ်ယူပေးမည်ဟုဆို
၄။ ဥရောပသမဂ္ဂ၏ လယ်ယာစိုက်ပျိုးရေး ပေါ်လစီများအား ပိုလန်တောင်သူလယ်သမားများ ဆန့်ကျင်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
9 March 2024
မြို့တော်ခန်းမတွင်'ရန်ကုန်မြို့တော်မဟာသင်္ကြန်' မဏ္ဍပ်ထားရှိပြီးရုပ်ရှင်၊ဂီတ၊သဘင်ပညာရှင်များမှ ဖျော်ဖြေတင်ဆက်မှုများ၊ယိမ်းအကများဖြင့်ရန်ကုန်သင်္ကြန်ကိုစည်ကားသိုက်မြိုက်စွာကျင်းပရန်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့်မတ်လ(၈)ရက်က ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)က“ယခုနှစ်တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်အေးချမ်း လုံခြုံစွာ ရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စေရေးအတွက် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ ဂုဏ်ကို ဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
တက်ရောက်လာကြသည့် အခမ်းအနားပြင်ဆင်ရေးနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ဖျော်ဖြေတင်ဆက်ရေး လုပ်ငန်းကော်မတီ၊ ရေကစားမှုစီစဉ်ရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ လမ်းရှင်းလင်းရေးနှင့် ယာဉ်ကြောထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေး၊ ဆုချီးမြှင့်ရေးနှင့် ဆုရသူများ စုစည်းရေးလုပ်ငန်းကော်မတီ၊ အကဲဖြတ်လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ သန့်ရှင်းရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီနှင့် မဟာသင်္ကြန်ကျင်းပရေး ကော်မတီရုံးအဖွဲ့တို့မှ ပြင်ဆင်ဆောင်ရွက်မှုများအား အသီးသီးတင်ပြကြရာ ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်ဟုဆိုသည်။
ယခုနှစ် ကျင်းပမည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများဖြင့် ပြည်သူများကို တင်ဆက်သွားမည့်အပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦးယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Yangon Times/tthl
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 9 March 2024
ယခု ၂၀၂၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI)သည် ချင်းမိုင်၊ ဗီယင်ကျန်းနှင့် ဒါကာမြို့တို့သို့ ခရီးစဉ်အသစ်များအပါအဝင်ပြည်ပ ခရီးစဉ် (၂၁)ခု ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းMAI ၏ Acting Chief Executive Officer and Chief Commercial Officer Mr. Tanes Kumarကပြောသည်။
ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ မတ်လ (၈)ရက် မွန်းလွဲပိုင်းကကျင်းပသည့် MAI Flight Forward အခမ်းအနားတွင် က ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်သစ်များဖြစ်သည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်းသို့ ၂၀၂၄ ခုနှစ် ဧပြီ (၃)ရက်မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် လည်းကောင်း၊ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ ၂၀၂၄ ခုနှစ် မေ (၄)ရက်မှ စတင်၍ အပတ်စဉ် အင်္ဂါနှင့် ကြာသာပတေးနေ့များတွင် ပြေးဆွဲသွားမည်ဖြစ်ပြီး ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ဒါကာမြို့သို့ လည်း ၂၀၂၄ ခုနှစ် မေ (၈)ရက်မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနေ့တိုင်း၊ UAE နိုင်ငံ ဒိုဟာမြို့သို့ ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်မှ စတင်၍ အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း အသီးသီးပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အတူ ဒူဘိုင်း၊ ကွမ်ကျိုးနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်များသို့လည်း အကြိမ်ရေထပ်တိုး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေကြောင်းလိုင်းသည် လတ်တလောတွင် ကုန်စည်သီးသန့်သယ်ယူ ပို့ဆောင်ရေးခရီးစဉ်များကို ရန်ကုန်မှ ကူမင်းသို့ နေ့စဉ်နှင့် ဘန်ကောက်သို့ တစ်ပတ်လျှင် (၆)ကြိမ်၊ ဖူးခက်သို့ အပတ်စဉ် တနင်္လာနေ့တိုင်း ပြေးဆွဲလျက်ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 9 March 2024
ယခု၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကို ရန်ကုန်တိုင်းဒေသကြီး မှ ကျောင်းသား ကျောင်းသူ ၁၈၉၅၁ဦးဖြေဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း စာစစ်ဌာန ၇၃ ခု ဖွင့်လှစ်ထားပြီး ကျောင်းသား ၈၆၀၉ ယောက်၊ ကျောင်းသူ ၁၀၃၄၂ ယောက်ဖြေဆိုသွားမည်ဖြစ်ရာ ပြင်ပ မှဖြေဆိုသူ ၂၅၀၉ ယောက် ပါဝင်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲတွင် သိပ္ပံတွဲ၊ဝိဇ္ဇာတွဲ နှငိ့ ဝိပ္ပံတွဲ တို့ဖြေဆိုရမည်ဖြစ်ပြီး ယခုနှစ်တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို တစ်ဦးသာဖြေဆိုသွားမည်ကြောင်း သိရသည်။
ထို့အပြင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူနေကြရသည့် ကျောင်းသား၊ ကျောင်းသူ မျာူ နစ်နာမှုမရှိစေရန် ရန်ကုန် တွင် ဆေးရုံစာဖြေဌာန ၄ ခု ကိုလည်း ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ကို မတ်လ၁၁ရက် မှ ၁၉ရက် အထိ တစ်ရက်လျှင် တစိဘာသာဖြင့် နံနက်၉နာရီ မှ ၁၂နာရီ အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 9 March 2024
နှစ်စဉ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုများအရလျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ခန့် နှစ်စဉ်တိုးတက်ထုတ်လုပ်နိုင်မှသာနိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းကပြောသည်။
နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ မတ်လ၈ရက်က ပြုလုပ်သည့်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးကအထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြောကြားရာတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက် (National Electricity Master Plan) ၏ နှစ်အလိုက်ဓာတ်အားလိုအပ်ချက် တိုးတက်လာမည့် အခြေအနေများအရ နှစ်စဉ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုသည် ကိုးရာခိုင်နှုန်းနှင့်အထက်ရှိသဖြင့် နှစ်စဉ်လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့် တိုးတက်ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်းသိရသည်။
ယခု ၂၀၂၄ ခုနှစ် နိုင်ငံတော်ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် (Solar and RE) ဖြင့် ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် (Gas + Coal) မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ၊ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့အပြင် National Electricity Master Plan (၂၀၁၄) အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အရင်းအမြစ်များမှ မဂ္ဂါဝပ် ၃၀၇၀ (၁၇) ရာနှုန်းအထိ ဆောင်ရွက်ရန်လျာထားကြောင်း၊ သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်အား စနစ်၏ အခြေခံဝန်အား (Base Load) အနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ရေအား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မည့် စီမံကိန်းများကိုလည်း ဟန်ချက်ညီညီ အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 665 of 2117