#Local_News
Published 17 December 2024

▪️ မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများခေါ်ယူနိုင်ရေး အခြေအနေများနှင့် သိရှိ လိုသည်များကို မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဖိုရမ်ကို ဂျပန်နိုင်ငံတွင် ဒီဇင်ဘာလ ၁၃ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

▪️ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှ ကြီးမှူး၍ “မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဖိုရမ်” ကို  နာဂိုယာမြို့ရှိ Nagoya Chamber of Commerce and Industry ခန်းမ၌ ကျင်းပခဲ့ရာ ဖိုရမ်သို့ မြန်မာသံရုံး၊ တိုကျိုမြို့မှ သံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့‌ေကြာင်း သိရသည်။

▪️ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်မှု အခက် အခဲကို ဖြေရှင်းနိုင်ရန် ပြည်ပမှလူ့စွမ်းအားအရင်းအမြစ်များ လက်ခံနိုင်ရေးကို အလေးထား စဉ်းစားလျက် မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများ ခေါ်ယူနိုင်ရေး အခြေအနေများနှင့် သိရှိ လိုသည်များကို မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍ အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ ဖိုရမ်သို့ Aichi ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Hideaki OHMURA၊ ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ် Ms. Satsuki Katayama၊ Aichi ပြည်နယ်လွှတ်တော်အမတ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura၊ စက်မှုနှင့် အလုပ်သမားဌာန၊ အာဆီယံသမဝါယမအသင်း၊ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံမှ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတို့မှ တာဝန်ရှိ သူများ၊ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော် စုစုပေါင်း (၁၀၀) ဦး ပါဝင်တက်ရောက်ခဲ့ကြ‌ေကြာင်း သိရသည်။

▪️ ဖိုရမ်၌ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များ၊ မြန်မာကျွမ်းကျင်အလုပ်သမားများ၏ ကြိုးစားမှုနှင့် စွမ်းဆောင်ရည်များကြောင့် ဂျပန်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ရန် သင့်လျော်သည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ထို့နောက်ဂျပန်နိုင်ငံဘက်မှ မြေယာ၊ အခြေခံအဆောက် အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ယာဉ်မောင်းကျွမ်းကျင်လုပ်သားများ အသစ်ထပ်မံခေါ်ယူမည့်ကိစ္စများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times