သင်္ကြန်ကာလနောက်ပိုင်းဆန်ဈေးတက်သော်လည်း စပါးဈေးများစွာ မတက်ဘဲ အနည်းငယ်သာတက်တာကြောင့် ဆန်စက်ပိုင်တွေ တွက်ခြေကိုက်ပြီး စပါးဝယ်ယူမှုများပြား
နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက သိရပါတယ်။
#Local_News
Published_08 May 2024
#စပါးဈေးမတက် #ဆန်ဈေးတက်
#YMG/ NN #Yangon_Times
#Local_News
Published_08 May 2024
▪️ ပြင်ဦးလွင်မြို့၊ တောင်ပုလတောင်တော်စေတီတော်တွင် မေလ(၂၅)ရက်၌ ဒူးရင်းသီးစတုဒိသာပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ ဒူးရင်းသီးစတုဒိသာပွဲတွင် ဒူးရင်းသီး အလုံး (၃၀၀၀) ကျော်နှင့်အထက် ကျွေးမွေးလှူဒါန်းသွားရန်ရှိပြီး ထူးခြားမှုအနေဖြင့် ယခုနှစ်တွင် သစ်ပင်စိုက်ပွဲတော်ကိုပါ ထည့်သွင်းစိုက်ပျိုးသွားမည်ဟုဆိုသည်။
▪️"ဒူးရင်းသီးစတုဒိသာနှင့် သစ်ပင်စိုက်ပွဲတော်(၂၅.၅.၂၀၂၄) (စနေနေ့)နံနက်(၀၉:၃၀)မှ စတင်ကုသိုလ်ပြုပါမယ်။ ဒူးရင်းသီးအလုံး (၃၀၀၀) ကျော်နှင့်အထက်ကျွေးမွေးလှူဒါန်းသွားမယ်"ဟု တောင်ပုလဆရာတော်မှ ရေးသားဖော်ပြထားသည်။
▪️တောင်ပုလသစ်ပင်စိုက်ပျိုးပွဲတော်အတွက်သစ်တောဦးစီးဌာန၊ ဝန်ကြီးရုံးမှခရေ(၅၀၀)ပင်၊ ကံကော် (၇၀၀)ပင်၊ငုဝါ(၅၀၀)ပင်၊သစ်ပိတောက် (၅၀၀)ပင်၊ထောက်ကြံ့(၅၀၀)ပင်၊ကညင် (၁၀၀၀)ပင်၊ အင်ကြင်း (၁၅၀၀)ပင်၊ မဟော်ဂနီ (၁၅၀၀)ပင် လှူဒါန်းထားကြောင်း သိရသည်။
▪️ တောင်ပုလ(ဒူးရင်းသီးပွဲတော်) ပြင်ဦးလွင်နှင့် မန္တလေး 7မိုင်ကမ်းခြေခရီးစဉ်များလည်း ခရီးသွားလုပ်ငန်းများကပြေးဆွဲနေပြီးတစ်ဦးလျှင်ကားခသီးသန့်75000/Ksနှင့်မေလ စတုတ္ထအပတ် (24-5-24) ရက်နေ့ ည(၆)နာရီထွက်မည်ဖြစ်ကြာင်းနှင့် (၃)ည အိပ်ခရီး (27-5-24) ပြန်ရောက်ဖြစ်ကြောင်းလည်း Aung Family ခရီးသွားလုပ်ငန်းမှ ဖော်ပြထားကြောင်း သိရသည်။
#tthl #Yangon_Times
မကွေးတိုင်းဒေသကြီးအတွင်းက ဆောင်းမြေပဲအတောင့်ရောင်းချခဲ့တဲ့ တောင်သူတွေကို ပို့ကုန်လုပ်ငန်းရှင်က ကာလပေါက်ဈေးပေးဝယ်တဲ့အပြင် မြေပဲအဆံရောင်းချလို့ရရှိတဲ့ အကျိုးအမြတ်ထဲက ၂၀ရာခိုင်နှုန်းကို ပေးအပ်ရာတောင်သူ ၄၉၀ဦးအတွက် ကျပ်သိန်း ၄၅၀ကျော် ရရှိခဲ့တယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_08 May 2024
#ဆောင်းမြေပဲအတောင့်ရောင်းချ #မကွေးတိုင်းဒေသကြီး
#YMG/LW #Yangon_Times
ပြည်တွင်းမှာ ရွှေတွေထွက်နေပြီး ရွှေဈေးကွက်ကကျရမယ့်အချိန်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး မကျသေးတဲ့အတွက် ကျသင့်သလောက်မကျဘဲအကျ နှေးနေတာဖြစ်တယ်။
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ဝာာဝန်ရှိသူတစ်ဦး)
#Local_News
Published_08 May 2024
#ရွှေထွက်ရာသီဖြစ် #မြန်မာ့ရွှေဈေးပြန်ကျ
#tthl #Yangon_Times
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအတွက် ထိုင်းနိုင်ငံမှပေးပို့သော အထူးမှန်သေတ္တာအခေါင်းမြဝတီမြို့မှ တစ်ဆင့်ရောက်ရှိလာတာကြောင့် ပါဝင်ကုသိုလ်ပြုခွင့်ရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက သိရပါတယ်။
#Local_News
Published_08 May 2024
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး #အထူးမှန်သေတ္တာအခေါင်း
#YMG/NN #Yangon_Times
#Local_News
Published_08 May 2024
▪️ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီး တွင် တရားမဝင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်တာကြောင့် ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရသိရသည်။
▪️ မေလ ၇ ရက် နံနက် ၉နာရီ ခန့်က ဖြစ်ပွား ခဲ့ ခြင်း ဖြစ်ကာ အဆိုပါ ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၂ဦး လိုက်ပါလာခဲ့ပြီး စစ်ဆေးရေး ဂိတ်အရောက်တွင် ကားသမားက စစ်ဆေးခြင်းမခံဘဲ မောင်းပြေးရာ မှစစ်ဆေးရေး ဂိတ်နှင့် မီတာ ၅၀၀ခန့် တွင် တိမ်းမှောက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ ၁၂ဦး ထိခိုက်ဒဏ်ရာ ရကာ သုံးဦးမှာဒဏ်ရာ ပြင်းထန်ကြောင်း နှင့် ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်းသိရသည်။
▪️ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဖို့ဖရာဒေသအတွင်းရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ဦး ကို ဆေးကုသမှုခံယူစေပြီးပါက ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင်ဖေါ်ပြထားသည်။

#YMG/LW #Yangon_Times
#Local_News
Published_08 May 2024
▪️ မေလ ၁ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းထားသည့် အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာ ကို မေလ၇ရက်က ပြန်လည်ခွင့်ပြုသော်လည်း အသက်၂၃နှစ်မှ ၃၁နှစ်အထိ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်မရရှိသေးကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်ပေးသည့်လိုင်စင်ရအေဂျင်စီများထံက သိရသည်။
▪️ ဧပြီ ၃၀ရက်က အလုပ်သမားဝန်ကြီးနှင့် အေဂျင်စီများ တွေ့ဆုံရာတွင် ယခင်ခွင့်ပြုထားသည့် အလုပ်ခေါ်စာများကို စေလွှတ်ခွင့်ပြုထားပြီး မေ၁ရက်ကစပြီး အမျိုးသားလုပ်သားများကို ပြည်ပထွက်ခွာခွင့် ယာယီပိတ်ကာ အလုပ်ခေါ်စာအသစ်တွေကို လက်ခံမှုကို ယာယီရပ်ထားမည်ဟု နှုတ်ဖြင့်ပြောကြားခဲ့ရာမှ တပတ်အကြာတွင်ခေါ်စာ အသစ်များ ပြန်လည်တင်ခွင့်ပြု ကြောင်းသိရသည်။
▪️" အလုပ်ခေါ်စာ အသစ်တွေ တင်လို့ရတယ်။ ဒါပေမယ့် ထိုင်း အတွက် စာချုပ်ချုပ်ခွင့် တင်ထားတဲ့ အေဂျင်စီတွေကိုတော့ အလုပ်သမားဝန်ကြီးဌာနက အီးမေးကနေပေးပို့တဲ့ အကြောင်းကြားစာမှာ အမျိုးသား အသက် ၂၃နှစ်ကနေ၃၁နှစ် အထိ ကို စာချုပ်ချုပ်ခွင့်မပြုဘူး ဒါကြောင့် စာချုပ်ချုပ်ဖို့ တင်ထားတဲ့ လူစာရင်းကို ပြန်လည်ပြင်ဆင်ပြီးဌာနကို ပြန်ပို့ပေးပါလို့ အီးမေးကနေတစ်ဆင့် အကြောင်းကြားလာတယ်"ဟုလိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ယခုကဲ့သို့ အမျိုးသားများ ပြည်ပအလုပ်ထွက်လုပ်ရန် အသက်ကန့်သက်ချက်မှာ ထိုင်းနိုင်ငံအတွက်သာ အကြောင်းကြားလာပြီး အခြားနိုင်ငံများ ပါ ပါရှိခြင်း ရှိမရှိကိုတော့ မသိရှိရသေးကြောင်း ယင်းကဆက်လက်ပြောကြားသည်။
▪️ အဆိုပါ အကြောင်းရာနှင့်ပက်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
▪️ ထိုင်းနိုင်ငံသို့လုပ်သား ပို့ဆောင်ရန် အတွက် စာချုပ်ချုပ်ခွင့်တောင်းဆိုထားသည့် လိုင်စင်ရအေဂျင်စီများ အနေဖြင့် ယခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်အတွက် အသက်ကန့်သက်လိုက်သဖြင့် အလုပ်သမားရှာဖွေရာတွင်အခက်ခဲများ ဖြစ်စေကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 666 of 2209