#Daily_News
Published_ 26 January 2024
၁။ ရန်ကုန်တွင် ဆောင်းမိုးရွာသွန်း၊ ဒေသ(၉)ခု၌ ဆောင်းမိုးထစ်ချုန်းရွာဦးမည်
၂။ တစ်ရက်အတွင်း စက်သုံးဆီတစ်လီတာ ကျပ်၁၀၀ကျော် မြင့်တတ်လာ
၃။ စပါးဈေးတစ်လ ကျပ်နှစ်သိန်းခန့်အထိ မြင့်တက်နေ
၄။ တက္ကဆပ် နယ်စပ်၌ကာရံထားသည့် သံစူးကြိုးများ ယာယီဖယ်ရှားရန် အမေရိကန်တရားရုံးချုပ် အတည်ပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 26 January 2024
ယခု၂၀၂၄နှစ်နှစ်ဆန်းပိုင်းအတွင်း ဗဟိုဘဏ်မှ ကန်ဒေါ်လာ၆၃သန်းကျော်နှင့်ထိုင်းဘတ် သန်း၃၀၀ရောင်းချပေးထား ကြောင်းယင်းဘဏ်၏ ထုတ်ပြန်ချက်များအရသိရသည်။
ထိုသို့ရောင်းချရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၄ သန်း၊ ဇန်နဝါရီလ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း နှင့် ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ရက်
ဒေါ်လာ ၅သန်း ရောင်းချပေးထားခြင်းဖြစ်သည်။
ထို့အပြင် ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ်သန်း ၅၀ ၊ ဇန်နဝါရီ ၂၅ ရက်တွင်ထိုင်းဘတ်ငွေ သန်း ၂၀၀နှင့် ဇန်နဝါရီ ၂၆ ရက်တွင်ထိုင်းဘတ်ငွေ သန်း ၅၀ထပ်မံ ရောင်းချပေးထားခဲ့ခြင်း ဖြစ်သည်။
၄အပြင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၄နှင့်ညီမျှသော နိုင်ငံခြား ငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်ကထုတ်ရောင်းပေးထားကြောင်းသိရသည်။
ဗဟိုဘဏ်သည် ငွေကြေးဈေးကွက် အတွင်းဈေးနှုန်းများမြင့်မားနေချိန်၌ ဒေါ်လာနှင့် ဘတ်ငွေများထုတ်ရောင်းပေးလာခြင်းဖြစ်သော်လည်း သွင်းကုန်လုပ်ငန်းများအတွက်များစွာ ထိရောက်မှုမရှိကြောင်း သွင်းကုန်လုပ်ငန်းရှင်အချို့ကဆိုသည်။
လက်တလောတွင် ငွေကြေးဈေးကွက်အတွင်း ထိုင်းဘတ် တစ်ဘတ်လျှင် ၁၀၀ ကျပ်ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၅၃၀ နှင့်တရုတ်ငွေတစ် ယွမ်လျှင် ၄၀၃ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
အင်းဝကို နိုင်ငံခြားသားခရီးသွားဝင်ရောက်နှုန်းတက်လာ "အင်းဝကို အရင်က နိုင်ငံခြားသားခရီးသွားတစ်လကို ဆယ်ဂဏာန်းဝင်ရောက်ခဲ့ပေမယ့် အခုချိန်မှာတော့ တစ်ထောင်နီးပါးဝင်ရောက်လာတယ်"
မန္တလေးရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက်
Yangon Times/tthl
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နယ်စပ်ကို ဝင်ရောက်နိုင်မယ့် ယာယီ ဖြတ်သန်းခွင့် လက်မှတ် TBP အတွက် ကြိုတင်ရက်ချိန်းယူရသည့် စနစ်ကို ယခုလကုန် ဖျက်သိမ်းမှာဖြစ်ကာ သွားရောက်လိုသူတွေအနေနဲ့ တခါတည်း တန်းစီးပြီး တရုတ်နိုင်ငံထဲကို ဝင်ရောက်နိုင်တော့မှာ ဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 26 January 2024
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှာ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်း အပိုင်း (၁)အားလာမည့်ဇူလိုင်လအတွင်းအပြီးသတ်တည်ဆောက်သွားရန် မျှော်မှန်းထားကြောင်း အောင်လံမြို့နယ် စည်ပင်သာယာ
ရေးအဖွဲ့မှ သိရသည်။
အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်းအား အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပိုင်း ၃ ပိုင်း ခွဲ၍ တည်ဆောက်နေခြင်းဖြစ်ကာ ယာဉ်ရပ်နားစခန်းအတွင်း Express အဝေးပြေးကားကြီးဂိတ် ၁၆ ခန်း၊ ကားလေးဂိတ် ၁၀ ခန်း၊ ကုန်တင်ကားဂိတ် ၅ ခန်း၊ ဈေးဆိုင်ခန်း ၅၆ ခန်း၊ စားသောက်ဆိုင်ခန်း ၁၈ ခန်းနှင့် ပွဲရုံနေရာ ၂၁ ခန်း၊ စုစုပေါင်း ၁၂၆ ခန်း ပါဝင်ပြီး ကနဦးအနေဖြင့် စီမံကိန်းအပိုင်း ၁ တွင် စုစုပေါင်းအခန်း ၃၆ ခန်းကို တည်ဆောက်နေကြောင်းသိရသည်။
အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်း အပိုင်း (၁) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစတင်ပြီး မြေဧရိယာ ၁၀.၀၄ ဧကပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများလုပ်ဆောင်လျှက်ရှိရာ လက်ရှိတွင် ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ယခုနှစ် ဇူလိုင်လမကုန်မီ အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျန်ရှိသည့် စီမံကိန်းအပိုင်း ၂ နှင့် အပိုင်း ၃ တို့ကိုလည်း လာမည့် သုံး နှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မျှော်မှန်းထားကြောင်းသိရသည်။
အဆိုပါစီမံကိန်းအားအောင်လံမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုများ လျှော့ချနိုင်စေရန်၊ အဝေးပြေးယာဉ်ကြီး၊ ယာဉ်များ စနစ်တကျ ဝင်ထွက်သွားလာနိုင်စေရန်၊ ကူးသန်းရောင်းဝယ်မှုနှင့်ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရန်၊ ဒေသခံပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
' လက်ထဲစပါးကျန်တဲ့ တောင်သူက ၁၀ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်၊ ၉၀ရာခိုင်နှုန်းက မရှိတော့ဘူး၊ ဒီနှစ်အနေအထားက တစ်ဖြည်းဖြည်းတစ်ရိပ်ရိပ်တက်လာတာ၊ ဒီနေ့ဒီအချိန်မှာတော့ တောင်သူအများစု လက်ထဲစပါးမရှိတော့ဘူး၊ ဒါပေမယ့် ရိတ်တုန်းသိမ်းတုန်းမှာပဲ တစ်ဖြည်းဖြည်းနဲ့ ဈေးကတက်လာတာ၊ စရိတ်တုန်းကသယ်ယူရေးအခက်အခဲကြောင့် ကွင်းထဲကနေရလိုက်တဲ့ ဈေးက အောက်ခြေ ၁၄သိန်းခွဲလောက်က စရခဲ့တယ်။
Yangon Times/NN
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 26 January 2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်တွင် တရားမဝင် ဝင်ရောက် နေထိုင်သည့် တရုတ်နိုင်ငံသား တစ်ထောင်ကျော် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၂၃ ရက်စ၍ ရှောင်တခင်စစ်ဆေး ရှာဖွေဖမ်း ဆီး ခြင်းများ ဆောင်ရွက်ခဲ့ရာ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ ၃ နေရာမှ တရားမဝင် ဝင်ရောက်နေထိုင်နေ သည့် တရုတ်နိုင်ငံသား ကျား ၁၀၀၂ ဦး ၊ မ ၃၆ ဦး စုစုပေါင်း ၁၀၃၈ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Yangon_Times/PP
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 668 of 2042