မော်တင်စွန်းဘုရားပွဲတော်စတင်၊ နဂါးစာအာဟာရဒါနပြုလုပ်သူများပြား
' မော်တင်စွန်းဘုရားပွဲတော် ကာလမလို့ နဂါးစာပူဇော်တာ များပါတယ်၊ မူလဒါယကာဇေယျသေနနဂါးမင်းကို ပူဇော်ကြတာပါ၊ နဂါးစာဖော်တော်တစ်ခုကျပ်နှစ် သောင်းကနေ နှစ်သိန်းအထိရှိ ပါတယ်၊ အဓိဌာန်ဆုတောင်းပြည့်သူတွေက လည်း ထပ်လှူကြတယ်၊ မလာနိုင်သူတွေက ငွေလှမ်းလွှဲပြီး ပူဇော်တာတွေလည်းရှိပါတယ်
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ကန်ရိုး သုသာန် ရှေ့ တွင် ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တို-က်မိမှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။
မတ်လ (၁၀)ရက်၊ ည (၁၀) နာရီ (၂)မိနစ်အချိန်ခန့်က Fit shuttle အဖြူရောင်မှာ မောင်းနှင်လာရာ အရှိန်လွန်ပြီး လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တို-က်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးမှာ (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ပရဟိတအသင်းအဖွဲ့ Ambulance ယာဉ်များဖြင့် တောင်ငူဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ၌ယခု မိုးစပါးနှင့်ဆောင်းသီးနှံအတွက် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်စိုက်ပျိုး စရိတ်ချေးငွေချထားပေးကြောင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။
အဆိုပါ သုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲသည် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီ၌ မိုးစပါးအတွက် တစ်ဧက လျှင် ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ၃၀၂၉၁ ဧကအတွက် ကျပ် ၄၅၄၃၆ ဒသမ ၅ သိန်းတွက်ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆောင်းသီးနှံ သီးထပ်ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်ရန် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် ၂၂၃၂၃ ဧက အတွက် ကျပ် ၂၂၃၂၃ သိန်းထုတ်ချေးပေးထားခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်သည် မိုးစပါးအပြင် ဆောင်းသီးနှံအဖြစ်ပဲတီစိမ်းများကိုအဓ်က စိုက်ပျိုးလေ့ရှိရာ ယင်းဒေသမှထွက်ရှိသည့် ပဲတီစိမ်းအား ပြည်ပတင်ပို့သည့်ဈေးကွက်၌ လူကြိုက်များလေ့ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_10 March 2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံ ဘောင်တံတားနှင့် ကွန်ကရစ်တံတားများ ပေါ်တွင် ယနေ့ မတ်လ ၁၀ ရက် က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ယင်းကြောင့် နယ်မြေခံလုံခြုံရေးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ တံတားများရှိ အရှေ့ဘက်ခြမ်းသံ လမ်းများ (၂)ပေခန့်စီ ပြတ်ထွက်နေပြီး မကွဲသေး သော လက်ကျန် မိုင်း(၁)လုံး လည်းတွေ့ရှိခဲ့သဖြင့် မင်းစု-ကျောက် ဆည် အစုန်အဆန်လမ်းပိုင်း များကို နံနက်၈ နာရီ ၅၀ မိနစ်အချိန်တွင် ခေတ္တပိတ်ခဲ့ကာ မပေါက်ကွဲသေး သည့် မိုင်းကိုသက်မဲ့ပြုလုပ် ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရထားလမ်းပိုင်းအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ့မီးရထား ဝန်ထမ်းများ က ချက်ချင်းပြုပြင် ခဲ့သဖြင့် ကျောက်ဆည်-မင်းစု အဆန် လမ်းပိုင်းကို မွန်းလွဲ၁ နာရီ ၆ မိနစ်နှင့် အစုန်လမ်းပိုင်းကို ညနေ ၃ နာရီ ၂၀ မိနစ် အချိန် တို့တွင် အသီးသီးပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူစီးရထားများကြန့်ကြာမှုမရှိသော်လည်း ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ ကြောင်း၊၇၅ ပေါင်သံလမ်း၊ ကွန်ကရစ် ဇလီဖားတုံးနှင့် သစ်သား ဇလီဖားတုံးများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခု လုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲဖျက်ဆီးခံရမှု(၁၃၀)ကြိမ်၊ ရထားတံ တားများကို မိုင်းခွဲဖျက်ဆီးခံရမှု (၄၉) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များမီးရှို့ဖျက်ဆီးခံရမှု (၁၂)ကြိမ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 March 2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ကဘဲကျေးရွာအနီး၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းမဘေးတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၁၀ရက် ညနေ ၅နာရီ ၂၂မိတစ်ခန့်က လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆နာရီ ၂၁မိနစ် ခန့် တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။
မီးလောင်မှု ကြောင့်ဆီဘောက်ဆာကား ၂စီး နှင့် စက်သုံးဆီ ဆိုင် မီးလောင် ဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရသိရသည်။
Yangon Times/LW
#Local_News
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဘဲစာဈေးမြင့်တက်နေပြီး ဥဈေးမငြိမ်သောကြောင့် စနစ်တကျမလေ့လာဘဲ မွေးမြူသူများအရှုံးပြနေ 'ဘဲစာဈေးကမြင့်နေတယ်၊ ဥဈေးကတော့မတည်ငြိမ်ဘူး၊ ကျွေးရတဲ့အစာဈေးက အတက်ကြည့်ပဲဆိုတော့ လုပ်နေကျသူတွေက တအားကြီး အမြတ်မဟုတ်ပေမယ့် သူ့ဟာနဲ့သူ လည်ပတ်နိုင်ပေမယ့် ခုမှအသစ်ဝင်လာသူတွေ၊ နားမလည်တဲ့သူတွေက အရှုံးပြတဲ့သူတွေလည်းရှိတယ်'
Yangon Times/NN
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 March 2024
အပူဒဏ်(Heat Stroke)ကြောင့် အသက်ဆုံးရှုံးရသည်အထိဖြစ်လာနိုင်ခြင်း ကြောင့် အပူပြင်းလာနိုင်မဲ့ဒေသများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအထူးသတိထားရန်လိုအပ်ကြောင်းမိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က အသိပေးထားသည်။
လက်ရှိအချိန်သည် ဆောင်းအကုန် ၊ နွေအကူး ရာသီပြောင်းကာစကာလဖြစ်ခြင်း ကြောင့် ညအအေးဓါတ်မှာ နေ့အပူချိန်ကို မသိမသာလျော့ကျအောင် လုပ်နိုင်သော်လည်း ညအပူချိန်များ တိုးလာပြီး ညဘက်အအေးပေါ့လာပြီးသည့် နောက်တွင်မူ နေ့အပူချိန်များ ကို လျော့ကျရန် ထိန်းပေးထားနိုင်မည့် အအေးဓါတ်လည်း မရှိသလောက်ဖြစ်လာမည်ဟု၎င်းကဆိုသည်။
သို့သော် GFS နှင့် ICON model များ၏ ကြိုတင်ခန့်မှန်းချက်များတွင်ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် မတ်လ ၁၅ ရက်နောက်ပိုင်းမှ စတင် ပြီး နေ့အပူချိန်များမြင့်တက်လာနိုင်ကြောင်းသိရသည်။
အဆိုပါ အမြင့်ဆုံးအပူချိန်က ၄၀°C အထက်(ခရမ်းရောင်)ဖြစ်လာနိုင်သည့်အတွက် အပူဒဏ်(Heat Stroke)ကြောင့်အသက်ဆုံးရှုံးနိုင်သည့်အတွက် အပူပြင်းလာနိုင်မည့် ဒေသများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအနေဖြင့် အထူးသတိထားရန်လိုအပ် ကြောင်းဆိုထားသည်။
Yangon Times/NN
#Local_News
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 664 of 2117