#Local_News
Published 19 December 2024


▪️ ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်းမှ သန်လျင် Star City အိမ်ရာကို ပြေးဆွဲပေးနေသည့် Star Ferry ရေလမ်းခရီးဝန်ဆောင်မှုကို ၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၁ရက်မှစ၍ ရပ်နားသွားမည်ဖြစ်ကြောင်း StarCity Management Team မှ သိရသည်။

▪️ အဆိုပါ Star Ferry ဝန်ဆောင်မှုကို အမှတ် ၁ သန်လျင်တံတား အဟောင်းတစ်စင်းသာ အသုံးပြုခဲ့ရစဉ်ကာလအတွင်း အိမ်ရာဝင်းနေထိုင်သူများအတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ပြေးဆွဲခဲ့ ြခင်းဖြစ်ကြောင်း၊Star Ferry ဖြင့် StarCity အိမ်ရာမှ ရန်ကုန်မြို့ထဲသို့  မိနစ် ၃၀ အတွင်း သွားရောက်နိုင်ပြီး Star Ferry အသုံးပြုသူများအတွက် ယာဉ်လမ်းကြောင်းပိတ်ဆို့ခြင်းမှ ကင်းဝေးခဲ့ကြောင်း၊ Star Ferry ဝန်ဆောင်မှုဖြင့် StarCity အိမ်ရာတွင်နေထိုင်ကြသော ရုံးသွားရုံးပြန် အသုံးပြုသူများနှင့် စီးနင်းလိုက်ပါသူများအားလုံးအတွက်လည်း အဆင်ပြေချောမွေ့စေခဲ့ကြောင်း သိရသည်။

▪️ ယခုအခါ ၄ လမ်းသွား အမှတ် ၃ သန်လျင်တံတားအသစ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ မှစတင်ဖွင့်လှစ်ခဲ့သောကြောင့် သွားလာရေး လွယ်ကူ အဆင်ပြေချောမွေ့နေပြီဖြစ်ပြီး Star Ferry ရေကြောင်းဝန်ဆောင်မှုထက်လည်း ပိုမိုမြန်ဆန်ကာ သွားလာနိုင်ပြီဖြစ်သောကြောင့် Star Ferry ဝန်ဆောင်မှုကို ရပ်နားသွားမည်ဖြစ်ပြီး ခရီးသည်များအတွက် ပိုမိုအဆင်ပြေရန် ရည်ရွယ်၍ Shuttle Bus ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times