#Local_News
Published 19 December 2024

▪️ ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ပညာသင်ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါပညာသင်ဆုကိုThe Kubota Fundမှ ပေးအပ်မည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ဆုအား စတင်လျှောက်ထားပြီးဖြစ်ကြောင်း Managing Committee of the Kubota Fund က မြန်မာသံရုံးသို့ အသိပေး အကြောင်းကြားလာသည်ဟု သိရသည်။

▪️ ထိုအကြောင်းကြားစာတွင် ဂျပန်နိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနှင့် တက္ကသိုလ်များတွင် အသီးသီး အလုပ်လုပ်ကိုင်/ ပညာသင်ကြားနေကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အင်ဂျင်နီယာပိုင်းဆိုင်ရာ သုတေသီများ၊ အလုပ်သင် သင်တန်းသားများနှင့် ကျောင်းသားများအား The Kubota Fund ပညာသင်ဆု ပေးအပ်ရန် ရည်ရွယ်ပါကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်အတွက် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း ဖော်ပြထားကြောင်း၊ လျှောက်ထားသူသည်သတ်မှတ်အရည်အချင်းများနှင့် ပြည့်မှီရမည်ဖြစ်ကြောင်း သိရသည်။

▪️ The Kubota Fund ချီးမြှင့်ရန်အတွက် (၁၂)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး  ထောက်ပံ့ကြေးအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ တစ်လလျှင် ယန်း ၈၀,၀၀၀/- မှ ယန်း ၁၀၀,၀၀၀/- အထိ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ၁၇-၁-၂၀၂၅ ရက်နေ့ နောက်ဆုံး ထားလျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို The Kubota Fund website သို့ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

#YMG/SW #Yangon_Times