'တိုးကောက်တာမဟုတ်ဘူး၊ QR ကုတ်သုံးဖို့ပြောတာ၊ ၄၀၀ကအရင်ထဲကပဲ၊ QR ကုတ်သုံးပါ၊ YBSကတ်သုံးပေးပါ၊ အဲ့တာဆိုရင် မသမာမှုတွေလည်းမရှိဘူး၊ အကြွေရှားတဲ့ကိစ္စတွေလည်းမရှိဘူး၊ စနစ်တကျဖြစ်အောင်လုပ်တာ၊ ကျွန်တော်တို့ယာဉ်စီးခတိုးမကောက်ဘူး 'YRTC တွဲဖက်အတွင်းရေးမှုးဦးလျန်ကျင့်မာန်
#Local_News
Published_ 31 January 2024
#YBS ယာဉ်စီးခ #ထပ်တိုးကောက်ခံခွင့်မပြု
#YMG/ NN #Yangon_Times
#Local_News
Published-31 January 2024
မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်ပျမ်းမျှ မီးလောင်မှုအကြိမ်ရေ ၁၈၀၀ ကျော်ခန့်ဖြစ်ပွားခဲ့ပြီး မီးလောင်ဆုံးရှုံးမှုခန့်မှန်း ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်ခန့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း မီးလောင်/ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အရှိန်အဟုန်မပျက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါပွင့်လင်းရာသီကာလကို ကူးပြောင်းရောက်ရှိလာပြီဖြစ်တဲ့အတွက် အများပြည်သူအနေဖြင့် မီးသတ်တပ်ဖွဲ့၏ မီးသတိမူရေးဆိုင်ရာ နိုးဆော်ခြင်းများ၊ မီးဘေးလုံခြုံရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများနှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းများကိုလည်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးတိုမှာ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ဇန်နဝါရီ ၂၂ရက်မှ ၂၉ ရက်နေ့အထိ နေပြည်တော်အပါအဝင် ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတိုရှိ ခရိုင် (၃၅)ခုမှ မြို့နယ်ပေါင်း (၁၂၅)မြိုနယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၁၈၅)တို့တွင် အိမ်ခြေပေါင်း ၃၃၆၉၅ လုံး (၃၄၀၀၀ ကျော်)၊ အိမ်ထောင်စု ၄၃၆၉၁ စု(၄၃၀၀၀ ကျော်) လူဦးရေ ၁၂၂၁၇၂ ဦး(၁၂၀၀၀၀ ကျော်တို့အတွက် တစ်အိမ်တက်ဆင်း လိုက်လံ စစ်ဆေး/ သတိပေးခြင်းများနှင့် အသိပညာပေး ခြင်းများကို သန္ဓမေီးသတ်တပ်ဖွဲ့ဝင် (၉၆၂)ဦး၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင် (၆၆၇)ဦးတို့သည် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲများ၊ ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ယခုနှစ် ဇန်နဝါရီရက်နေ့တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတို၏ ဦးဆောင်မှုဖြင့် ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈) (၂၁) (၂၃) (၂၄) (၅၄)ရပ်ကွက်များအတွင်းရှိ အဆင့်မြင့်လူနေအိမ်များ၊ အထပ်မြင့်အိမ်ရာများ၊ လူအများအပြား စုဝေးအပမ်းဖြေရာနေရာများ၊ စီးပွားရေးလုပ်ငန်းများနှင့် ၄မြိုနယ်အတွင်းရှိ စက်မှုဇုန် (၄)ခုရှိ စက်ရုံ/အလုပ်ရုံများကိုလည်း စစ်ဆေးအကြံပြုခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့တွင်လည်း နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများစီးဆင်း စုဝေးတည်ရှိရာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးကြီးများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မီးလောင်မှုအကြိမ်ရေ၁၈၀၀ကျော်ခန့် #ကျပ်သန်းပေါင်း၁၈၀၀၀ကျော်ခန့်ရှိခဲ့ #YMG/ NN #Yangon_Times
နတ်မှော်ဆင်စခန်း ကိုလာရောက်လည်ပတ်ရင် ဆင်ပြတိုက်ကိုလဲလေ့လာနိုင်သလို ဆင်စခန်းက ဧရာဝတီ မြစ်ကမ်းဘေးမှာရှိတဲ့အတွက် ဆင်ရေချတာကိုလည်း ကြည်ရှုနိုင်မယ့် ဧရာဝတီမြစ်အတွင်း အဖွဲ့လိုက် အပျော်စီးသင်္ဘောစီးပြီး တစ်ဖက်ကမ်းကပြည်ရွှေဆံတော်ဘုရားနှင့် ရွှေဘုံသာမုနိဘုရားတွေကို ဧရာဝတီမြစ်အတွင်းမှနေ၍ ဖူးမျှော်ကြည်ညိုနိုင်ပါမယ်။
#Local_News
Published_ 31 January 2024
#နတ်မှော်ဆင်စခန်း #မြစ်အတွင်းအပျော်စီးသင်္ဘောလည်ပတ်နိုင်
#YMG/LW #Yangon_Times
'မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာမှာရှိတဲ့ ဝင်းစိန်တောရကျောင်းတိုက်၊ ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကေသရ ဆရာတော်ကြီး၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို လာမယ့်ဖေဖော်ဝါရီလ ၄ ရက် တနင်္ဂနွေနေ့မှာ ကျင်းပသွားပါမယ်၊ မွေးနေ့စေတီ နှစ် ဆူကို ထီးတော်တင်လှူတာ၊ ဧည့်ဆောင်အသစ် ဖွင့်လှစ်တာ၊ ကျေးဇူးတော်ရှင် ဝင်းစိန်တောရ ဆရာတော်ကြီးနဲ့ သာသနာပြုဖော် ပုဂ္ဂိုလ် ၃၄ ပါး၊ ၁၀ တောင်၊ ၁၂ တောင် ဘိုးဘိုးတို့ကိုပုဂ္ဂိုလ်ဆွမ်းကပ်ခြင်းနဲ့ ကောင်းမှုကုသိုလ်အစုစုကို ရေစက်သွန်းချအမျှဝေတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်'
#Local_News
Published_ 31 January 2024
#ဝင်းစိန်တောရ ဆရာတော်ကြီး #စတုဒီသာမဏ္ဍပ်
#YMG/ NN #Yangon_Times
ပုဂံဘုရားများ မိုးကြိုးလွှဲတပ်ခြင်းကို အမွေအနှစ်မထိခိုက်အောင်ဆောင်ရွက်နေ၍မစိုးရိမ်ကြရန်ပြော
"လူမှုကွန်ရက်ပေါ်မှာပျံ့နှံလာတဲ့ပုံဟာ ရွှေဆံတော်ဘုရားမှာ မိုးကြိုးလွှတပ်ဆင်ရန်ဆောင်ရွက်နေတဲ့ ပုံဖြစ်ပြီး ဘုရားရဲ့ကြမ်းခမ်းဟာအသစ်ပြန်ပြင်ထားတဲ့ (၃)(၄)နှစ်သက်တမ်းသာရှိသေးတဲ့နေရာဖြစ်ပါတယ်။ ပုဂံဘုရားတွေမိုးကြိုးလွှတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ ရှေးဟောင်း သုတေသနဌာနအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို မူလအမွေအနှစ်မထိခိုက်အောင် Guide line တွေ ချမှတ်ပေးပြီးမှဆောင်ရွက်နေတာဖြစ်သလို အမွေအနှစ်တွေမထိခိုက်အောင်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိတယ်"
#Local_News
Published_ 31 January 2024
#ပုဂံဘုရားများမိုးကြိုးလွှဲတပ်ခြင်း #အမွေအနှစ်မထိခိုက်အောင်ဆောင်ရွက်
#tthl #Yangon_Times
#Local_News
Published 31 January 2024
ကိုရီးယားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၅၂ ဦးအား ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ကိုရီယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POAE မှ ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ စေလွှတ်ခဲ့သည့် အလုပ်သမား ၁၅၂ ဦးမှာ ကိုရီးယားနိုင်ငံကုန်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်မည့် လုပ်သားများဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ၊ အင်ချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည့် အလုပ်သမားများအား ဆိုးလ်မြို့၊ အလုပ်သမားသံရုံးအရာရှိမှ လက်ခံကြိုဆိုခဲ့ပြီး လိုအပ်သည်များကိုမှကြားကာ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon Time
ကိုးကန့်ဒေသအွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးနှင့် သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့
မြန်မာနိုင်ငံမြောက်ပိုင်းကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးနှင့် သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သိရသည်။
#Local_News
Published_ 31 January 2024
#ကိုးကန့်ဒေသအွန်လိုင်းလိမ်လည်မှုအဖွဲ့ #တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်
Page 657 of 2041