#Local_News
Published 3 February 2024
ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံက သိရသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီခွဲကျော်ခန့်တွင် ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဟွန်ဒိုင်းပုဇဉ်းခေါင်းပစ်ကပ်နှင့် Toyota Taxi ယာဉ်တို့ တိုက်မိကာ ဟွန်ဒိုင်းပုဇဉ်းခေါင်းပစ်ကပ်မှ လမ်းထောင့်ရှိ သစ်ပင်နဲ့ မော်တော်ပီကယ်ရုံးကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ဦး ရှိ ပြီး ၃ဦးမှာ အနီရောင်အဆင့် လူနာများ ဖြစ်ကာ စိုးရိမ်ရကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအားရှင်သန်ရေးလူမှုကူညီရေးအသင်း မှ Ambulanceယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဗိုလ်မြတ်ထွန်းလမ်း #ယာဉ်နှစ်စီးတိုက်မိ #၇ဦးထိခိုက်ဒဏ်ရာရရှိ #YMG/LW #Yangon_Times
#Local_News
Published 3 February 2024
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့၏ အနောက်မြောက် (၁၉) မိုင်ခန့်အကွာအတွင် ယနေ့ နံနက်ပိုင်းက အင်အား၄ဒသမ ၂အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရသိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၅၇)မိနစ်၊ (၅၁)စက္ကန့် အချိန်တွင်လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းတာချက်အရ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၂၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်မြောက် (၁၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၄၂) ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၄.၅၆) ဒီဂရီ၊ အနက် (၆၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
#Local_News #စစ်ကိုင်းတိုင်းဖောင်းပြင်မြို့ # အင်အား၄ဒသမ၂ အဆင့် #မြေငလျင်တစ်ခုလှုပ်ခတ် #YMG/LW #Yangon_Times
#Local_News
Published 3 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ဘီအိုစီ မီးပွိုင့်အနီး ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းအမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အနီးဝန်းကျင်ရှိသူများထံမှ သိရသည်။
ဖေဖော်ဝါရီ (၂) ရက်၊ ည (၁၀)နာရီ၊ မိနစ် (၂၀) အချိန်ခန့်က လှိုင်သာယာမြို့နယ် ရန်ကုန် - ပုသိမ် လမ်းမကြီး ဘီအိုစီ မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုတွင်ကုန်တင်ယာဉ် (၂)စီး မှာ အရှိန်မထိန်းနိုင်ဘဲတိုက်မိပြီး လမ်းပေါ်ကို တိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းအမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
#Local_News # ဘီအိုစီမီးပွိုင့်အနီး #အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
#Local_News
Published_3 Feb 2024
မနက်ဖြန် ဖေဖော်ဝါရီလ ၄ ရက် ပြုလုပ်မည့် Thai Fight မွေထိုင်းပြိုင်ပွဲ၌ (၁၆) ပွဲဆက်တိုက်အနိုင်ရထားသော ကယန်းလက်ဝှေ့မယ်ဘရော်နီကာနှင့်ထိုင်း မွေထိုင်းဖိုက် တာတို ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
ကယန်း လက်ဝှေ့ မယ် ဘရော်နီကာ မှာ (၁၆)ပွဲဆက်နိုင်ပွဲရယူထားသူ ဖြစ်သကဲ့ သို အခြားထိုင်းလက်ဝှေ့ပြိုင် ပွဲ ၂ ခုတွင် ခါးပတ်ရရှိထားသူဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်မည့်သူနှစ်ဦးလုံးမှာ အများစိတ်ဝင်စားသူများ ဖြစ်သောကြောင့် အဆိုပါ ပွဲစဉ်ကို ကြည့်ရှူသူများပြား မည် ဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
ကယန်းလက်ဝှေ့မယ်ဘရော်နီကာ အနေဖြင့် (၂)နှစ်ဆက် အမျိုးသမီးချန်ပီယံ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
#Local_News #ကယန်းလက်ဝှေ့မယ် #မွေထိုင်းဖိုက်တာ #ယှဉ်ပြိုင်ထိုးသတ်ကြ #Yangon_Times/PP
#Daily_News
Published_ 2 February 2024
၁။ ပြည်တွင်းစက်သုံးဆီ ဈေးဆက်လက်မြင့်တက်လာပြီး တစ်လီတာလျှင် ကျပ် ၅၀ မှ ၁၀၀ ကျော်အထိဈေးမြင့်
၂။ အကယ်ဒမီပေးပွဲကို နိုင်ငံတကာဆုပေးပွဲများနည်းတူ ကင်မရာ(၂၂)လုံးဖြင့် တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်မည်
၃။ ဓနုအမျိုးသမီးများထုတ်လုပ်သည့် ချဉ်ပေါင်လျှော်အိတ်ထုတ်ကုန်များ ကိုရီးယားသို့တင်ပို့သွားမည်
၄။ တရုတ်နှင့်လာအိုတို့ပူးပေါင်းဆောင်ရွက်သည့် ဓာတ်အားလိုင်းကုမ္ပဏီစတင်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေး သွားလာမှု အခက်ခဲဖြစ်တဲ့ ဒေသတွေမှာ သယ်ယူပို့ဆောင်ရေးစရိတ် ကုန်ကျမှုတွေ အလွန်များတဲ့အတွက် ပြောင်းစိုက်သူတွေအနေနဲ့ ပြောင်းဈေးရရှိမှု အလွန်နည်းတယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းထံက သိရပါတယ်။
#Lcoal_ News
Published_ 2 February 2024
#ပြောင်းဈေးပြန်မြင့်လာ #လမ်းပန်းဆက်သွယ်ရေးအခက်ခဲ
#YMG/LW #Yangon_Times
"ပုံမှန် မတ်လရောက်မှသာ အပူချိန်တွေတိုးလာလေ့ရှိပေမယ့် အခုနှစ်မှာ အယ်နီညိုသက်ရောက်မှုတွေရှိတဲ့အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေနဲ့ ညအပူချိန်တွေတိုးလာနိုင်တယ်" မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
#Lcoal_ News
Published_ 2 February 2024
#ဒေသ(၆)ခု၌ညအပူချိန်ပြန်တိုး #ကချင်မိုးပိုရွာမည်
#tthl #Yangon_Times
Page 653 of 2041