#Local_News
Published 23 December 2024
▪️ (၉) ကြိမ်မြောက် သီတဂူမျက်စိအလှူတော်ကို ရန်ကုန်မြို့၌ ဒီဇင်ဘာ၂၄ရက် မနက်ဖန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) မှ သိရသည်။
▪️ အဆိုပါ (၉) ကြိမ်မြောက် သီတဂူမျက်စိအလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ သီတဂူအဖွဲ့က မြန်မာနိုင်ငံ အရပ်မျက်နှာအသီးသီးမှ မျက်စိဝေဒနာရှင်များအား ကြည့်ရှု စစ်ဆေးစမ်းသပ် ခွဲစိပ်ကုသခြင်းလုပ်ငန်းများကို အခမဲ့ (FOC) စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအစီအစဉ်အား ဒီဇင်ဘာလ ၂၄ ရက်မှ ၂၉ ရက်အထိ ခြောက်ရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ကာ နိုဝင်ဘာလအတွင်းက စမ်းသပ်စစ်ဆေးပြီးသူများကိုသာ ခေါ်ယူသွားမည်ဖြစ်ပြီး ယခုအကြိမ်တွင် ပြင်ပစမ်းသပ်ခြင်းမရှိ၍ အသစ်မခေါ်သေးကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 21 December 2024
၁။ မြန်မာ့ပြောင်း တန်ချိန် ၁၇ သိန်းကျော်ပြည်ပသို့တင်ပို့ထား
၂။ ၂၀၂၅ ခုနှစ် မိုးဦးအကျစောနိုင်ပြီး လာနီညာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော်သာရှိဟုဆို
၃။ လာမည့်နှစ်တွင် သဘာဝဘေးကြုံတွေ့ပါက လှူဒါန်းရန် ဆန်တန်ချိန် ၃၅၀ဝ ကို စီစဉ်ထား
၄။ ဆီးရီးယားပဋိပက္ခများဖြစ်ပြီးနောက် စီးပွားရေးပြန်လည်ထူထောင်ရန်လိုအပ်ချက်များအား ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထောက်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပမှ စားသုံးဆီတွေတင်သွင်းနေရတာကြောင့် ဆီထွက်သီးနှံတွေ ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး စားသုံးဆီဖူလုံရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 21 December 2024
#ပြည်တွင်းစားသုံးဆီ #ဆီထွက်သီးနှံ
#YMG/SW #Yangon_Times
လာမည့်နှစ်မှာ သဘာဝဘေးကြုံတွေ့ပါက လှူဒါန်းရန် ဆန်တန်ချိန် ၃၅၀ဝ ကို စီစဉ်ထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 21 December 2024
#စိုက်ပျိုးရေး #လှူဒါန်းရန်ဆန်
#YMG/SW #Yangon_Times
လာမယ့် ၂၀၂၅ ခုနှစ်မှာ မိုးဦးအကျစောနိုင်ပြီး လာနီညာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော်သာရှိတယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
#Local_News
Published 21 December 2024
#လာနီညာဖြစ်နိုင်ခြေ #ဦးဝင်းနိုင်
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ပြောင်းတန်ချိန် ၁၇ သိန်းကျော်ပြည်ပသို့တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 21 December 2024
#မြန်မာ့ပြောင်း #ပြောင်းလုပ်ငန်းအသင်း
#YMG/NN #Yangon_Times
#Local_News
Published 21 December 2024
▪️ ဘေးထွက်ဆိုးကျိုးများရှိသည့်E-cigarette(Vape) ရောင်းချမှုကို တင်းကြပ်စွာတားမြစ်သွားမည်ဖြစ်ရာ Vapeရောင်းချသည့်ဆိုင်များကို စစ်ဆေးအရေးယူမှုများပြုလုပ်လျက်ရှိေကြာင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
▪️ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ စတိုးဆိုင်များတွင် E-cigarette(Vape) ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး သတိပေးခြင်းနှင့်အသိပညာပေးခြင်းများကို လုပ်ဆောင်နေကြောင်း၊ထိုသို့လုပ်ေဆာင်ရာတွင် E-cigarette(Vape) ရောင်းချနေကြောင်းတွေ့ရှိရသည့်ဆိုင်များကို နောက်နောင်မရောင်းချရန်ခံဝန်ရေးထိုးစေခဲ့ကြောင်း သိရသည်။
▪️ လူငယ်လူရွယ်များ၏ လည်တိုင်၌ချိတ်ဆွဲပြီး ဆေးလိပ်အစားထိုးဟုဆိုကာ ဓာတုအခိုးအငွေ့များကို ရှူရှိုက်မှုတ်ထုတ်သည့် စတိုင်ပုံစံဖြင့် သုံးစွဲနေသည့် E-cigarette(Vape)၏ဘေးထွက်ဆိုးကျိုးများကို ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီးအီးစီးကရက်သောက်ခြင်းကြောင့် အဆုတ်၏ ပုံမှန်စွမ်းဆောင်ရည်များကို ကျဆင်းစေခြင်း၊ သွားနှင့်သွားဖုံးကိုထိခိုက်စေခြင်း၊ ရုတ်တရက်နှလုံးဖောက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လေဖြတ်ခြင်းများဖြစ်ပွားနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 214 of 2023