#Local_News
Published 23 April 2025
▪️ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့်နိုင်ငံခြားသားများ လျှောက်ထားရသည့်အလည်အပတ်ဗီဇာ (Tourist Visa) လျှောက်ထားမှုကို ဧပြီလ၂၂ရက်တွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
▪️ မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများအတွက် အလည်အပတ်ဗီဇာလျှောက်ထားမှုကို ဧပြီ (၃) ရက်မှ စတင်ကာ ယာယီရပ်နားထားခဲ့ပြီးနောက်ယခုကဲ့သို့ပြန်လည်စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့်မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများအနေဖြင့် အွန်လိုင်းမှတဆင့် အလည်အပတ် ဗီဇာလျှောက်ထားမှုကို ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
လေယာဉ်စီး ခရီးသွားတွေပေးဆောင်ရတဲ့ Passenger Service Charge (PSC)ကို မေလ၁၂ရက်က စတင်ပြီး တိုးမြှင့်ကောက်ခံသွားမယ်လို့ Yangon International Airport (YIA) က ကြေညာထားပါတယ်။
#Local_News
Published 23 Apirl 2025
#လေဆိပ်PSC #တိုးမြင့်ကောက်ခံ
#YMG/SW #Yangon_Times
'YBS စံပြယာဉ်မောင်းများအား ထိုင်းသို့ပို့ဆောင်' YBSစံပြယာဉ်မောင်းဆုရသူ တွေကို ထိုင်းနိုင်ငံနိုင်ငံဘန်ကောက်မြို့ရှိ EV Bus ပြေးဆွဲမှုအခြေအနေတို့အား Study Tour လေ့လာရေးခရီးအဖြစ် ပို့ဆောင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က သိရပါတယ်။
#Local_News
Published 23 Apirl 2025
#YBSစံပြယာဉ်မောင်းများ #Study_Tourလေ့လာရေးခရီး
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့ အဆောက်အဦတွေက မီတာတွေကို မီတာခများ ကောက်ခံခြင်းမရှိသလို မီတာဘေလ်ထွက်ထားခြင်း လည်းမရှိဘူးလို့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရပါတယ်။
#Local_News
Published 23 Apirl 2025
#မီတာခကောက်ခံခြင်းမရှိ #ပြိုကျပျက်စီးသွားတဲ့အဆောက်အဦ
#YMG/SW #Yangon_Times
ပြည်တွင်းမှာ စက်သုံးဆီဖူလုံမှုရှိပြီး ရောင်းဈေးတွေလည်းကျဆင်းနေတယ်လို့ သိရပါတယ်။
#Local_News
Published 23 Apirl 2025
#စက်သုံးဆီဖူလုံမှုရှိ #စက်သုံးဆီဈေးကျဆင်း
#YMG/NN #Yangon_Times
#Local_News
Published 23 April 2025
▪️ ငလျင်ဒဏ်သင့်စစ်ကိုင်းတွင် ဧပြီလ ၂၁ရက်မှစတင်ကာ မလေးရှားနိုင်ငံ Malaysia Field Hospital (MFH) မှယာယီဆေးရုံဖွင့်ကာ အခမဲ့ကုသပေးနေကြောင်း သိရသည်။
▪️ အဆိုပါဆေးရုံကိုစစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်က နှစ် ၇၀၀ ကွင်းအတွင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီးမလေးရှားစစ်တပ်နှင့် တော်ဝင်လေတပ်မှ ဝန်ထမ်း ၆၉ ဦး ပါဝင်ကုသနေကြောင်း၊ဆေးရုံတွင် ကုတင် ၂၀ နှင့် လူနာဆောင်များ၊ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ်ကုသဆောင်များအပြင် အထွေထွေခွဲစိတ်ကုသရေးနှင့် အရိုးကုသရေးဆိုင်ရာ အထူးဌာန နှစ်ခုပါဝင်ကြောင်း သိရသည်။
▪️ ဆေးရုံ၌ ပြင်ပလူနာဆေးခန်းများကိုလည်းဝန်ဆောင်မှုပေးလျက်ရှိပြီး ပတ်ဝန်းကျင်ဒေသများမှ ပြင်ပလူနာ ၈၀ မှ ၁၀၀ ခန့် လက်ခံကုသပေးရန် မျှော်မှန်းထားကြောင်း၊ လက်ရှိတွင် လူနာအများအပြား လာရောက်ကုသလျှက်ရှိပြီး ပထမဆုံးခွဲစိတ်ကုသမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 April 2025
▪️ မိုင်းဖုန်းဆရာတော်ကြီး၏ ငလျင်ဘေးသင့်ခဲ့သော တောင်ကြီး၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့များသို့ သွားရောက်ကူညီထောက်ပံ့ လှူဒါန်းခြင်းခရီးစဉ်အတွင်း ရန်ကုန်မြို့သို့ပါ ယနေ့ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ကြွရောက်ရာတွင်ဧပြီလ ၂၃ ရက်နေ့၁၃၈၇-ခု တန်ခူးလပြည့်ကျော်(၁၁)ရက်နေ့တွင် ကြွရောက်မည်ဖြစ်ပြီး ထောက်ကြံ့မြို့ ၊ဘွက်ကြီး ကျေးရွာရှိ သာသနာ့လက်ာရမိုင်းဖုန်းကျောင်းတိုက်၌ တရားဟောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ 'မေတ္တာဓာတ်ခံယူ တရားတော်နာယူနိုင်ကြစေဖို့ ဓမ္မမိတ်ဆွေများအားလုံးတို့အား အသိပေးပါတယ်'ဟု ၎င်း ကျောင်းတိုက်က အသိပေးထားသည်။
▪️ မိုင်းဖုန်းဆရာတော်ကြီးသည်မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီများပြုပြင်မွမ်းမံရန်နှင့် ငလျင်ဒဏ်သင့် ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်များအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ကြီးထံသို့ မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများမှ ယနေ့ ဧပြီ ၂၁ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
▪️ ထိုသို့လှုဒါန်းရာတွင် မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများက အလှူငွေကျပ်သိန်း(၃၃၀)၊ ရိက္ခာထုတ် (၅၀၀)၊ ဆန်အိတ်(၂၅၀)အိတ်၊ ဆီ(၃)ပိဿာပုံး (၂၅၀)ပုံးနှင့် ဖိနပ်အရံ(၃၀၀)တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
▪️ ထို့အပြင် သီတဂူဆရာတော်ကြီးသည် ဧပြီ ၂၁ ရက်နံနက်ပိုင်းကလည်း မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကောင်းမှုတော်စေတီတော်ကြီးအား ကြည့်ရှုတော်မူခဲ့သည်။
▪️ ဧပြီ ၂၂ ရက်ညပိုင်းက နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ ကြောင်းသိရသည်။
▪️ ထို့နောက် နေပြည်တော်၌ ယနေ့မနက်ပိုင်းတွင် တရားဟောကြား ရေစက်သွန်းချ လျှက်ရှိရာ ရန်ကုန်သို့ အစောဆုံး ယနေ့ညနေပိုင်းတွင် ကြွရောက်နိုင်မည် ဖြစ်ကာ ညပိုင်းတွင်ထောက်ကြံ့မြို့၊ ဘွက်ကြီးကျေးရွာရှိ သာသနာ့လက်ာရမိုင်းဖုန်းကျောင်းတိုက်၌ တရားဟောကြားပေးသွားမည်ဖြစ်ကာ ကိုးမိုင်သျှမ်းကျောင်း တရားပွဲအပြီး ရွှေတိဂုံဘုရားသို့သွား ရောက်ဖူးမျှော်နိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 211 of 2161