#Local_News
Published 27 June 2024
▪️ တစ်နိုင်ငံလုံး၌ ယခု၂၀၂၄ ခုနှစ်အတွင်း မိုးနှင့်ဆောင်းစိုက်ရာသီများအတွက် ဆီထွက်သီးနှံ စုစုပေါင်း ဧက ရှစ်သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
▪️ ထိုသို့စိုက်ပျိုးရာတွင် မြေပဲဧက ၃ သန်းကျော်၊ နှမ်းဧက ၃ ဒသမ ၈ သန်း၊ နေကြာဧက ၁ သန်းကျော်၊ ဆီမုန်ညင်းဧက ၉၃,၀၀၀ နှင့် ပန်းနှမ်းဧက ၃ သိန်း ဝန်းကျင်၊ စုစုပေါင်း ဧက ၈ ဒသမ ၂ သန်းကျော်ကို စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းဧက ၃၆၀,၀၀၀ ခန့် စိုက်ပျိုးရန်လျာထားကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံများကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကာ စားသုံးဆီဖူလုံရေးအတွက် စီမံကိန်းများချမှတ်၍ တိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၇ ဇွန် ၂၀၂၄
နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် တရုတ်နိုင်ငံတွင်ကျင်းပမည့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ပြည့်အခမ်းအနားသို့တက်ရောက်ရန် နေပြည်တော်လေဆိပ်မှ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထွက်ခွာသွားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ တရုတ်ပြည်ခရီးစဉ်ကို ယနေ့ ဇွန်လ ၂၇ ရက်တွင် အသိပေးသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဦးသိန်းစိန်ကို နေပြည်တော်လေဆိပ်တွင် နစက ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊နစကအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ လေဆိပ်မှာ နှုတ်ဆက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai ကလည်း နေပြည်တော်လေဆိပ်မှာ နှုတ်ဆက်ခဲ့ပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကလည်း သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်၌ သမ္မတဟောင်း ဦးသိန်းစိန်အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း တက်ရောက်ကြမည်ဖြစ်ပြီး သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် အတူလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက် ခွာသွားခဲ့ကြကြောင်းသတင်းရရှိပါတယ်။
@ymg/knl
#Local_News
Published 27 June 2024
▪️ လူမှုဖူလုံရေးကတ်ပျောက်ဆုံးသူများ ပြန်လည်လျှောက်ထားရာတွင် ပေးဆောင်ရမည့်ဒဏ်ကြေးများအား တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း လူမူဖူလုံရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။
▪️ ယခင်က လူမှုဖူလုံရေးကတ်ပျောက်ဆုံး/ပျက်စီး ပြန်လည်လျှောက်ထားခြင်းအတွက် ဒဏ်ကြေးအနေဖြင့် ၅၀၀၀ ကျပ်သာ ပေးဆောင်ရပြီး လာမည့် (ဇူလိုင် ၁ ရက်) မှစတင်ကာ ပထမအကြိမ် လျှောက်ထားပါက ဒဏ်ကြေးသုံးသောင်းကျပ်၊ ဒုတိယအကြိမ်တွင် ဒဏ်ကြေးငါးသောင်းကျပ်နှင့် တတိယအကြိမ်နှင့် အထက်လျှောက်ထားပါက တစ်သိန်းကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကတ်ပျောက်လျှောက်ထားသည့်ကာလအတွင်း ဆေးကုသမှုခံယူနိုင်ရန် ကတ်ပျောက်လျှောက်ထားကြောင်း ဆေးကုသခွင့်ထောက်ခံစာထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ တစ်နိုင်ငံလုံးတွင် လူမှုဖူလုံရေးအကျုံးဝင်လုပ်သားတစ်သန်းကျော်ရှိပြီး အများစုမှာ စက်ရုံ၊ အလုပ်ရုံများမှအလုပ်သမားများဖြစ်ကာ ယင်းအလုပ်သမားများအနေဖြင့် လစဉ်လစာ၏နှစ်ရာခိုင်နှုန်းကိုပေးသွင်းကြရကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published_ 27 June 2024
▪️ မြန်မာနိုင်ငံတွင် "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့"အခမ်းအနားကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr. Hou Yong နှင့် သံရုံးရဲရေးရာအဖွဲ့တို့တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ ထိုနေ့တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သည် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့် မြို့ကြီးသုံးမြို့တွင် စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၃၆ ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရန် ဓာတုပစ္စည်းများအမျိုးမျိုးကို တစ်ပြိုင်နက်တည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ သံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Hou Yong သည် ဖိတ်ကြားချက်အရ သံရုံးရဲရေးရာအဖွဲ့ကို ဦးဆောင်ကာ ဇွန်လ ၂၆ ရက်နေ့တွင် မန္တလေးမြို့သို့သွားရောက်ပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ကျင်းပသည့် (၃၇) ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” မူးယစ်ဆေးဝါး စုပေါင်းမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊
▪️ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူ၊ မြန်မာနိုင်ငံအခြေစိုက်ထိုင်းနှင့် အိန္ဒိယနိုင်ငံမှသံတမန် ကိုယ်စားလှယ်များနှင့် စုစုပေါင်းလူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း၊
▪️ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး မြန်မာနိုင်ငံခေတ်အဆက်ဆက်အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို အထူးအလေးအနက်ထားကြောင်း၊ လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံပြည်တွင်း၌ မူးယစ်ဆေးဝါးအခြေအနေ ပိုမိုဆိုးဝါးလာကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ အတူတကွ တိုက်ဖျက်ကိုင်တွယ်ရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အိမ်နီးချင်းနိုင်ငံ၊ မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွဖော်ဆောင်ရာ ထင်ရှားသည့်အကျိုးရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအပါအဝင် ချစ်ကြည်ရင်းနှီးသည့်နိုင်ငံများနှင့်အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ပြီး တိုက်ဖျက်ရေးစုပေါင်းအင်အားအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊
▪️ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲအရာရှိကြီးများ တရုတ်နိုင်ငံ၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးသင်တန်း တက်ရောက်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီစဉ်ပံ့ပိုးပေးခဲ့မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး စွမ်းဆောင်ရည် တည်ဆောက်မှု မြှင့်တင်ရေးတွင် ဆက်လက်ကူညီပံ့ပိုးပေးရန် မျှော်လင့်မိပါကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
▪️ မန္တလေး၌ကျင်းပခဲ့သော ယင်းအခမ်းအနားတွင် စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်ရှိသည့် အိုက်စ်၊ အိုက်စ်ဆေးပြား၊ ဘိန်းဖြူ၊ ကတ်တမင်းအမှုန့်စသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဓာတုပစ္စည်းများ အမျိုးအစားပေါင်း ၄၁ မျိုးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
၂၆ ဇွန် ၂၀၂၄
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ စောလျင်စွာပြန်သွားဖို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးက မြန်မာ နစကအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံသို့အပြန်ခရီးမှာ အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ခရီး တစ်ထောက်နားစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျေးရှန်ကာနှင့်တွေ့ဆုံခဲ့တာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ဆိုရှယ်မီဒီယာ အိတ်စ် အကောင့်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနှင့် အိန္ဒိယနယ်စပ်မှာ မတည်ငြိမ်မှုတွေကိုလည်း သူက မြန်မာဝန်ကြီးဦးသန်းဆွေကို ဆွေးနွေးခဲ့တယ်လို့ ပို့စ်မှာ ရေးသားထားပါတယ်။
အိန္ဒိယနိုင်ငံဟာ အဲဒီကိစ္စတွေအတွက် အဖွဲ့အသီးသီးနှင့်ထိတွေ့ဆက်ဆံဖို့လမ်းဖွင့်ထားပါတယ်လို့လည်း ဆိုပါ တယ်။
အထူးသဖြင့် အဓိကစိန်ခေါ်မှုတွေဟာ တရားမဝင်မူးယစ်ဆေးဝါးကိစ္စတွေ၊ လက်နက်မှောင်ခိုတွေနှင့် လူကုန်ကူး မှုတွေဖြစ်ပြီး မြဝတီမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယနိုင်ငံသို့ စောလျင်စွာပြန်ပို့ပေးရေးတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လုပ်လက်စစီမံကိန်းတွေကိုလည်း ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးဆိုင်ရာ အကာအကွယ်တွေပေးဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောဆို ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်စောလျင်စွာပြန်ရောက်ဖို့နှင့် အိန္ဒိယအနေနှင့်လည်း မည်သည့်ပုံစံနှင့် ဖြစ်စေ ကူညီဖို့အဆင်သင့်ရှိတယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့တယ်လို့သိရပါတယ်။
@ymg/knl
#Daily_News
Published_ 26 June 2024
၁။ ရန်ကုန်အပါအဝင် မြို့ကြီးသုံးမြို့၌ ပေါ်ဆန်းမွှေးဆန်များအား အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချမည်
၂။ ရွှေ့ပြောင်းလာသူများသဖြင့် နေပြည်တော် အိမ်ခြံမြေ အငှားဈေးကွက် ပိုသွက်နေ
၃။ ဆန်ဈေးကျရန် လက်လီရောင်းသူများ (၅)ရာခိုင်နှုန်းသာအမြတ်တင်ပြီး ရောင်းချရမည်ဟု သတ်မှတ်
၄။ ရာစုနှစ်တိုင်အောင်ပျောက်ဆုံးနေခဲ့သော အီတလီပန်းချီဆရာ ကာရာဗက်ဂီယို၏ပန်းချီကား ပြတိုက်တွင်ပြသထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာ-ထိုင်းနယ်စပ်လမ်းကြောင်းကနေ ထိုင်းနိုင်ငံကို ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာသင်္ဘော နဲ့ မြန်မာ့ပြောင်းဆံတွေ စမ်းသပ်တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published_ 26 June 2024
#မြန်မာ့ပြောင်းစမ်းသပ်တင်ပို့ #မြန်မာ-ထိုင်းနယ်စပ်လမ်းကြောင်း
#YMG NN #Yangon_Times
Page 212 of 1835