'စာဖြေလွှာ မီးလောင်ခဲ့သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲပြန်လည်ဖြေဆိုရမည်'မန္တလေးငလျင်ကြီးကြောင့် စာဖြေလွှာတွေ မီးလောင်ပျက်စီးသွားတဲ့ နေပြည်တော်အပါအဝင်တိုင်းနဲ့ပြည်နယ်တွေကကျောင်းသား၊ ကျောင်းသူတွေအတွက်' ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ 'ကို ဇွန်လအတွင်း ပြန်လည်ကျင်းပသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေးလာပါတယ်။
#Local_News
Published 22 Apirl 2025
#စာဖြေလွှာမီးလောင် #စာမေးပွဲပြန်လည်ဖြေဆိုရ
#YMG/NN #Yangon_Times
'ကမ္ဘာ့ရွှေဈေးစံချိန်သစ်ထပ်မံတင်၍ ရွှေပြင်ပဈေးကျပ်သုံးသိန်းနီးပါးခုန်တက်'ကမ္ဘာ့ရွှေဈေးစံချိန်သစ်ထပ်မံတင်ခဲ့တာကြောင့် ရွှေပြင်ပပေါက်ဈေးဟာ တစ်ရက်ထဲနဲ့ ကျပ်သုံးသိန်းနီးပါးအထိထပ်မံခုန်တက်လာပြီး ၇၅သိန်းနီးပါးအထိရှိလာတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 22 Apirl 2025
#ကမ္ဘာ့ရွှေဈေးတက် #ရွှေပြင်ပဈေးကျပ်သုံးသိန်းနီးပါးတက်
#YMG/NN #Yangon_Times
#Local_News
Published 22 April 2025
▪️ ငလျင်ဒဏ်သင့်ပြည်သူများအတွက်ထိုင်းနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
▪️ ပြီးခဲ့သည့် မတ် ၂၈ ရက်က မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက်ပြည်တွင်း၊ ပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများ လှူဒါန်းလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့လှူဒါန်းမှုအနေဖြင့် မြန်မာပြည်သူများအတွက် ထိုင်းပြည်သူများ၏ အားဖြည့်မှု၊ ထိုင်းနိုင်ငံမှ လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများကို ထိုင်းနိုင်ငံ Royal Thai Air Force မှ တာဝန်ရှိ သူများက ယမာန် နေ့မနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 April 2025
▪️ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးအထူးကုဌာနမှ ပြင်ပလူနာများကို ယနေ့မှစကာ တစ်ပတ်၂ရက်ကြည့်ရှုကုသပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးအထူးကုဌာန၏ ပြင်ပလူနာဌာနအား ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး(New YGH)လေးထပ်ဆောင် သစ်သို့ (၁၀-၄-၂၀၂၅)ရက်မှစတင်ကာပြောင်းရွှေ့ဖွင့်လှစ်ထားပြီးပြသမည့် ပြင်ပလူနာများအား ယနေ့ (၂၂-၄-၂၀၂၅) ရက် မှ စတင်၍ အဂ်ါနေ့နှင့် ကြာသပတေးနေ့ များတွင် နေရာပြောင်းရွေ့ထားသည့်ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ လေးထပ်ဆောင်သစ်မြေညီထပ်တွင် ကြည့်ရှုကုသပေးမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အသိပေးထုတ်ပြန်ထားသည်။
▪️ ထို့အပြင်လေ့ကျင့်ခန်းများဖြင့်ကုသခြင်း၊ စက်များဖြင့်ကုသခြင်းများအား
ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ လေးထပ်ဆောင်သစ် မြေညီထပ်၌ပင် ရုံးဖွင့်ရက်များ၌ နံနက်(၈:၀၀) နာရီမှ နေ့လယ်(၁၂:၀၀) နာရီအထိ ပုံမှန်ကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 22 April 2025
ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်များ တစ်ပတ်နှစ်ရက်ပျံသန်းပေးနေပြီဖြစ်ကြောင်း Myanmar Airways International (MAl)မှ သိရသည်။
MAI အနေဖြင့် အဆိုပါ ခရီးစဉ်သစ်ကို ယခုလ၁၀ရက်မှစတင်ကာ ပျံသန်းပြေးဆွဲနေခြင်းဖြစ်ပြီး အပတ်စဉ်တနင်္လာနှင့် သောကြာတိုင်း ပျံသန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရန်ကုန်-ပီနန်တိုက်ရိုက်လေကြောင်း ခရီးစဉ်စတင်လိုက်ခြင်းကြောင့် မြန်မာခရီးသွားများအနေဖြင့် ပီနန်ရှိ ကိုလိုနီခေတ် အမွေအနှစ်များနှင့်ပြည့်နှက်နေသောယူနက်စကို စာရင်းဝင်George Townသို့ အလွယ်တကူသွားရောက် လေ့လာရှုကြည့်နိုင်မည့်အပြင် ကမ္ဘာကျော် street food များ၊ ကမ်းရိုးတန်းအလှအပများကို ထိတွေ့ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 22 April 2025
▪️ ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် လုပ်သား၁၈၀ကျော်စေလွှတ် ခဲ့ကြောင်းဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။
▪️ အဆိုပါ စေလွှတ်သော Re-entry လုပ်သား ၁၀၂ ဦး၊ စိုက်ပျိုး/မွေးမြုရေးလုပ်သားသစ် ၅၆ ဦးနှင့် ကုန်ထုတ်လုပ်သားသစ် ၂၄ ဦး စုစုပေါင်းလုပ် သား ၁၈၂ ဦးသည် ဧပြီ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကိုရီးယားလေကြောင်းလိုင်း KE 490 ခရီးစဥ်ဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 21 Apirl 2025
၁။ သကြင်္န်အပြီးအခြေခံစားသောက်ကုန်ဈေးနှုန်းများဆက်လက် မြင့်တက်
၂။ မန္တလေးစျေးချိုတော်စျေးရုံကြီးအား ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်သွားမည်
၃။ မိုးတိမ်တောင်များကြောင့် မွန်ပြည်နယ်နှင့် ဒေသအချို့၌လေပြင်းနှင့်မိုးသီးကြွေခြင်းများရှိနိုင်
၄။ အမေရိကန်အစိုးရ၏ အခွန်တိုးမြှင့်စည်းကြပ်မှုက ကမ္ဘာ့စီးပွားရေးမှာပါမရေမရာဖြစ်စေသည်ဟု IMFပြော... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 213 of 2161