#Local_News
Published 30 June 2025
▪️ ဘင်္ဂလားပင်လယ်အော်နှင့်ဆက်စပ် နေရာများတွင် ဖြစ်ပေါ်နေသည့်လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း၌ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ဇွန်လ ၃၀ ရက်နေ့၊ မနက် ၁၀ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရ ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေ ကြောင်းသိရသည်။
▪️ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်များမှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီးအမြင်တာ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်ရှိနိုင်ကြောင်း ၊ ရေပြင်လေမှာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင် ရှိပြီး လှိုင်းအခြေအနေမှာ လှိုင်းကြီး၍ အမြင့် ၁၁ ပေမှ ၁၃ ပေခန့် အထိရှိနိုင်ကြောင်း သိရသည်။
▪️ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပြီးအမြင်တာ၃မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်ရှိနိုင်ကြောင်း၊ ရေပြင်လေမှာ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်ရှိပြီး လှိုင်းအခြေအနေမှာ လှိုင်းကြီးနိုင်ကာလှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၃ ပေခန့်အထိရှိနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_30 June 2025
▪️ ရုရှားနိုင်ငံရှိ ဗုဒ္ဒသာသာသမိုင်းကြောင်းများ၊ ဆင်းတုတော်များနှင့် ၂၀ ရာစုနှစ် အနုပညာရှင်တို့၏ လက်ရာများကို လေ့လာခံစားနိုင်သည့် Leo Bardamov ပြတိုက်သို့ နစက ဥက္ကဌသွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
▪️ ယင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူဇနီးဒေါ်ကြူကြူလှ သည် ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီးဒေါ်နီလာနှင့်အဖွဲ့ဝင်များ လိုက်ပါခဲ့ကြ ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ် ဒုတိယအကြီးအကဲ Ms. Evgenia Yurievna Ludupova နှင့် Leo Bardamov ပြတိုက် မှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကာလိုက်လံရှင်းလင်းပြခဲ့ကြကြောင်း သိရသည်။
▪️ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် Leo Bardamov ပြတိုက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်ပြတိုက်တာဝန်ရှိသူတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြကြောင်း သိရသည်။
▪️ အဆိုပါ Leo Bardamov ပြတိုက်သည် အူလန်အူဒယ်မြို့တွင်တည်ရှိပြီး ရှေးခေတ် ဆိုဗီယက်လူမျိုးတို့၏ ယဉ်ကျေးမှုအနုပညာလက်ရာများ၊ သမိုင်းကြောင်းများနှင့် စာပေများကိုလေ့လာနိုင်သည့်အပြင် ဗုဒ္ဒသာ သာနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဆင်းတုတော်များနှင့် ၂၀ ရာစုနှစ် အနုပညာရှင်တို့၏ လက်ရာများကို လေ့လာခံစားနိုင်ကြောင်း၊ နေ့စဉ် ၁၁၀၀ နာရီမှ ၁၉၀၀ နာရီအထိဖွင့်လှစ်ပြီး ပြတိုက်အတွင်း၌ စာပေယဉ်ကျေးမှု၊ ပန်းချီများ၊ အသုံးအဆောင်များစသည့် အနုပညာလက်ရာ အမျိုးအစားပေါင်း ၅,၀၀၀ ကျော်ပြသထားရှိကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 28 June 2025
၁။ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း၌ အသက်ဆုံးရှုံးစေနိုင်သည့် ရောဂါများကိုတိုက်ဖျက်ရန် သြစတြေးလျက ဒေါ်လာ ၃၈၆ သန်း ပံပိုးပေးမည်
၂။ သွင်းအားစုများအား သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများကို အရေးယူမည်
၃။ ဇူလိုင် ၃ရက်နေ့အထိမိုးရွာပြီး ဒေသအချို့၌ မြေပြိုခြင်းနှင့် လျှပ်တစ်ပြက်ရေကြီးခြင်းများရှိနိုင်
၄။ ဂါဇာအရေးတုံ့ပြန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 28 June 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် စက်မှုကဏ္ဍအတွက် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၆ ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး အဆိုပါရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန် ဒေါ်လာ ၇.၇၉၁ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၆,၇၇၃ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
▪️ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပြီးရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြကြောင်း၊ ထို့နောက်အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၀) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 28 June 2025
▪️ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME)ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနား၌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
▪️ နိုင်ငံတော်အနေဖြင့်လည်း ယခုလေးနှစ်တာကာလအတွင်း MSME များ တိုးတက် အောင် မြင်စေရေး အထူးအားပေးဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လုပ်ငန်းတစ်ခုချင်းစီအလိုက် တိုးတက်အောင်မြင်စေရေး ကြိုးစားဆောင် ရွက်ကြရန်လိုကြောင်း၊ ယနေ့ အထိမ်းအမှတ်အခမ်းအနားမှတစ်ဆင့် MSME များ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုမြှင့်တင်ပေးပြီး အစိုးရ၊ ပုဂ္ဂလိက၊ အဖွဲ့အစည်းများနှင့် MSME လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ် တိုးတက်စေပြီး သာယာဝပြောသည့်အနာဂတ်ကို တည်ဆောက်နိုင်မည်ဟုယင်းက ဆက်လက် ပြောကြားခဲ့သည်။
▪️ MSME များအနေဖြင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် စီးပွားရေး ပတ်ဝန်းကျင်တွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်စနစ်ကို မဖြစ်မနေ အသုံးပြုရန်လိုအပ်ကြောင်း၊ ဒစ်ဂျစ်တယ်စနစ်သည် လုပ်ငန်းဆောင်ရွက်မှု စွမ်းဆောင် ရည်ကို မြှင့်တင်ပေးခြင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ချဲ့ထွင်နိုင်ခြင်း၊ ဖောက်သည် ဝန်ဆောင်မှုပိုမိုကောင်းမွန်လာခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ပေးခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ကြောင်း၊ လက်ရှိတွင် MSME ကဏ္ဍမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုတွင် ၆၀ မှ ၇၀ ရာခိုင်နှုန်းထိရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 28 June 2025
▪️ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက်ကျေးရွာပေါင်း ၄၅၈ ရွာကို ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်သွားရန် ငွေကျပ် ၆ ဒသမ ၈၇ ဘီလီယံ သုံးစွဲရန် လျာထားကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
▪️ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ပေးရန် ကျေးရွာများရွေးချယ်ရာတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှု၊ နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊ ဒေသခံများ၏စိတ်ပါဝင်စားမှု စသည့် အချက်များ အပါအဝင် အချက်(၆)ချက်ကို စိစစ်ပြီး ရွေးချယ်လျက်ရှိကြောင်း သိရသည်။
▪️ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများကို ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ကာ လက်ရှိအချိန်အထိ ကျေးရွာပေါင်း ၁၉,၀၆၁ ရွာကို ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၅ ဒသမ ၀၀၈ ဘီလီယံသုံးစွဲကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃,၀၀၀ ကျော်ရှိသည့် အနက် ၃၀ ဒသမ ၈၅ ရာခိုင်နှုန်းခန့်ကို ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းသည် ကျေးလက်နေပြည်သူ များကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက် များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအချက်အလက်များကို စနစ်တကျစုဆောင်း၍ ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲခြင်း ဖြစ်သည်။
▪️ အဆိုပါဖော်ထုတ်ရရှိသည့် အချက်အလက်များကိုစုစည်းပြီး အစီအမံများချမှတ်ကာ ကျေးရွာလူထု ကိုယ်တိုင်တိုက်ရိုက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ရွှေဈေးကွက်အတွင်းမှာ လက်ဝတ်ရတနာအထည်ပြန်လည်ရောင်းချသူတွေအပြင် ရွှေတုံးအခဲတွေကို ရွှေထိငွေထိရောင်းချသူတွေလည်း ပြန်ရှိနေ တယ်လို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 28 June 2025
#ရွှေတုံးအခဲ #ရွှေထိငွေထိရောင်းချသူများရှိနေ
#YMG/NN #Yangon_Times
Page 209 of 2239