ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက် လိုင်စင်ရရှိပြီးသောကုမ္ပဏီများအနေနဲ့ အမြန်တင်သွင်းဖို့ လိုအပ်ပြီး သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်တဲ့ ကုမ္ပဏီများကို အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 28 June 2025
#လိုင်စင်ရရှိပြီးသောကုမ္ပဏီများ #ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး
#YMG/SW #Yangon_Times
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ အသက်ဆုံးရှုံးစေနိုင်တဲ့ ရောဂါတွေကိုတိုက်ဖျက်ဖို့အတွက် သြစတြေးလျနိုင်ငံက အမေရိကန်ဒေါ်လာ ၃၈၆ သန်းပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 28 June 2025
#အသက်ဆုံးရှုံးစေနိုင်သည့်ရောဂါ #ရောဂါတွေကိုတိုက်ဖျက်
#YMG/SW #Yangon_Times
နိုင်ငံအဝှမ်း၌ ယမန်နေ့ညနေကနေ ဇူလိုင်၃ရက်နေ့အထိ မိုးထစ်ချုံးရွာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးခြင်းနဲ့အတူ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာ ၊မြေပြိုတာအပါအဝင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့်သတိပြုရှောင်ရှားနိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ညပိုင်းက အထူးမိုးလေဝသသတင်းထုတ်ပြန်ပြီး အသိပေးလာပါတယ်။
#Local_News
Published 28 June 2025
#ဒေသအချို့၌မြေပြိုခြင်း #လျှပ်တစ်ပြက်ရေကြီးခြင်းများရှိနိုင်
#YMG/NN #Yangon_Times
#Local_News
Published 28 June 2025
▪️ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ဖွင့်လှစ်မည့် အချိန်ပိုင်းအနုပညာဒီပလိုမာအတန်းများကို အခြေခံပညာအထက်တန်း (၁၂) တန်း (သို့) (၁၀) တန်း တက်ရောက်ခဲ့သူ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဖွင့်လှစ်မည့် သင်တန်းများမှာ ဂီတပညာဌာနတွင်စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယော၊ အဆိုသဘင်ပညာဌာနတွင် မြန်မာ့ရိုးရာရုပ်သေးပညာ၊ မြန်မာ့ရိုးရာအကပညာ၊ ပန်းချီပညာဌာနတွင် ညအခြေခံပန်းချီပညာ၊ ရေဆေးပန်းချီရေးဆွဲနည်း၊ ဆီဆေးပန်းချီရေးဆွဲနည်းများ ၊ ပန်းပုပညာဌာနတွင် အခြေခံပန်းပုပညာ၊ မြန်မာ့ရိုးရာပန်းပုပညာ၊ ပန်းပုသွန်းလောင်းခြင်းနည်းပညာ၊ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနနှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာ များပါဝင်ကြောင်း သိရသည်။
▪️ ဂီတ၊ သဘင်၊ ပန်းချီသင်တန်းများအတွက်သာ Section 1/2 ဖွင့်လှစ်မည်ဖြစ်ပြီး ပန်းပုနှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုသင်တန်းများအတွက် Section 1 တစ်ခုသာ ရှိမည်ဖြစ်ကြောင်း၊ သင်တန်းကာလ များမှာ Level (၁) ခုကို (၃) လ တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း Level (၃) ခုရှိသည့်အတွက် (၉) လ ကြာမြင့်မည်ဖြစ်သည်။
▪️ ထို့အပြင် ပေးအပ်မည့် ဒီပလိုမာလက်မှတ်မှာဂီတသင်တန်းများအတွက် Part time Diploma in Arts (Music)၊ သဘင်သင်တန်းများအတွက် Part time Diploma in Arts (Dramatic Arts) ၊ပန်းချီသင်တန်းများအတွက် Part time Diploma in Arts (Painting) ၊ပန်းပုသင်တန်းများအတွက် Part time Diploma in Arts (Sculpture) ၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာသင်တန်းအတွက် Part time Diploma in (Cultural Heritage Management) ဖြစ်ကြောင်း ၊Level (၁) ခုပြီးမြောက်တိုင်း အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး Level (၃) ခုလုံး ပြီးမြောက်သွားသူသည် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ပါက ဒီပလိုမာလက်မှတ် အပ်နှင်းခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းတက်ရောက်လိုသူများအတွက် လျှောက်လွှာပုံစံ များကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သင်တန်းရေးရာဌာန (၁/ဈ၊ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြိုသစ်တောင်ပိုင်း) တွင် ဇွန်လ (၃၀) ရက်မှ ဇူလိုင်လ (၁၀) ရက်အထိ ထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times



#Local_News
Published 28 June 2025
▪️ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်အပြီး (၃)လအကြာတွင် ငလျင်ဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသော မန္တလေးတိုင်းဒေသကြီး၌ ထိခိုက်ခံစားခဲ့ရသော မိသားစုများအတွက် Mytel မှ လူနေအိမ်များဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ Mytel သည် Mini Store များကို ယာယီအိမ်များအဖြစ် ပြည်သူများအတွက် နေအိမ်အသစ်တစ်ခုဖန်တီးစီမံဆောက်လုပ်ခဲ့ပြီး ဇွန်လအစောပိုင်းရက်များ၌ ငလျင်ဘေး ဒဏ် ကြုံတွေ့ခံစားခဲ့ရသော မိသားစုများအတွက် ယာယီကယ်ဆယ်ရေးအိမ် ၃၀ ကျော်ကို Mytel ၏ (၇)နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ နေထိုင်စရာ ယာယီအိမ်များ ကူညီပံ့ပိုးပေးခြင်းအပြင် Mytel မှ ငလျင်ဒဏ်သင့် မိသားစုများအတွက် Mobile Toilet နှင့် ပန်ကာများကိုလည်း လှူဒါန်းခဲ့ပြီး မိသားစုများအတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းများဖြစ်သည့် Mytel T-shirt များ၊ ရေဘူးများ၊ ခွက်များ အပြင် ဆန်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ နှင့် နေ့လည်စာ ထမင်းဘူးများကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ယခုလှုပ်ရှားမှုကို Mytel သည် မြန်မာနိုင်ငံတွင် တရားဝင်စတင်လည်ပတ်ခဲ့သည့် ၇ နှစ်ပြည့် နှစ်ပတ်လည်နေ့ မတိုင်မီ ရက်ပိုင်းအလိုတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Mytel သည် ထိရောက်စွာ စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုဖြစ်ရုံသာမကဘဲ လူမှုအသိုင်းအဝိုင်းအတွက်၊ မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ပိုမိုပျော်ရွှင်သော မြန်မာနိုင်ငံအတွက် ရပ်တည်ပေးသည့် မိုဘိုင်းလ်အော်ပရေတာ တစ်ခုဖြစ်ကြောင်း အခိုင်အမာ ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း ၊ ငလျင်စတင်လှုပ်ခတ်ပြီး သည်နှင့်တစ်ပြိုင်နက် Mytel ဝန်ထမ်းအားလုံး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းခဲ့ကြပြီး ပြည်သူများအတွက်လိုအပ်သောအကူအညီများ ပေးအပ်ရုံ သာမက Mytel မှ ယခုချိန်အထိ ပြည်သူများနှင့် နိုင်ငံအပေါ် ရေရှည်တာဝန်ယူမှု ရှိသော လုပ်ငန်းတစ်ခုအဖြစ် ဆက်လက် ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်တွင် လည်း လိုအပ်နေသည့်ဒေသများ၊ လိုအပ်နေသည့် မိသားစုများအတွက် အကောင်းဆုံး ဆက်လက် ပံ့ပိုးဆောင်ရွက်သွား မည်ဖြစ်ကြောင်း Mytel မှကတိပြုခဲ့သည်။



#Daily_News
Published 27 June 2025
၁။ ကွန်တိန်နာကားငှားရမ်းခများ တိုးမြှင့်မည်
၂။ လူကုန်ကူးမှုများတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့်အမှုအများဆုံးဖြစ်
၃။ ကျပ်သိန်းလေးသောင်းကျော် တန်ဖိုးရှိမျိုးအာလူးအအေးခန်းသိုလှောင်ရုံ တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်မည်
၄။ AI အသုံးပြုခြင်းနှင့်ပတ်သက်သည့်ဘေးအန္တရာယ်များအကြောင်း တရုတ်အင်တာနက်ကွန်ဖရင့်၌ဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေ အခုတစ်ပတ်မှာလည်း တစ်လီတာကိုကျပ် ၁၈၀ကနေ ၂၈၅ ကျပ်အတွင်း ဆက်လက်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 27 June 2025
#စက်သုံးဆီဈေးမြင့်တက် #စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
Page 210 of 2239