#Local_News
Published 23 June 2025
▪️ တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများအား အာမခံငွေကြေးများ ထုတ်ယူရန် HRD Korea မှ အသိပေးကြေညာထားသည်။
▪️ ကြေညာချက်၌ တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီးနောက် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများအနက် ပြည်ပြန်စရိတ် အာမခံကြေးနှင့် လုပ်သက်ဆုကြေးအာမခံကြေး ထုတ်ယူရန် ကျန်ရှိနေသော လုပ်သားများအနေဖြင့် မြန်မာ EPSစင်တာရုံးသို့ ဆက်သွယ်ပေး ရန်လိုအပ်ကြောင်း အသိပေးထားပြီး ၀၉၄၂၆၂၁၇၆၄၈ သို့ မနက် ၉နာရီမှ ညနေ ၅နာရီထိ ဆက်သွယ် နိုင်ကြောင်း၊ မိမိ၏ အမည် ပါရှိ/မပါရှိကို https://eps-mm.tistory.com/m/3တွင် စစ်ဆေးနိုင်ကြောင်း သိရသည်။
▪️ အဆိုပါလင့်ခ်တွင် အမည်များအား အင်္ဂလိပ်အက္ခရာ A မှ Z အထိ အစဉ်အတိုင်း နှင့် ပတ်စ်ပို့နံပါတ် / မွေးသက္ကရာဇ် / ရရှိမည့် အာမခံငွေပမာဏ စသဖြင့် ဖော်ပြပေးထားခြင်း ဖြစ်သောကြောင့် ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့် အလုပ်လုပ်ကိုင်ခဲ့သူအားလုံး မိမိ၏ အမည် ရှိ/မရှိဝင်ရောက် စစ်ဆေးပေးနိုင်ကြောင်း၊ ကိုရီးယားတွင် တရားမဝင်နေထိုင်ခဲ့ခြင်းနှင့် မသက်ဆိုင်ဘဲ အာမခံငွေရှိပါက ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြည်ပကနေ တရားမဝင်တင်သွင်းလာတဲ့ ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်းများဖြစ်တဲ့ ဝက်သား၊ အေးခဲ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနဲ့ အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းရောင်းချစားသုံးတာ မပြုကြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကသတိပေးလာပါတယ်။
#Local_News
Published 23 June 2025
#ဝက်အရှင်နှင့်ဝက်ထွက်ပစ္စည်း #မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ SNEC PV Power EXPO မှာ မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်ကုမ္မဏီလီမိတက်နဲ့ GCL System Integration Technology Co., Ltd. (GCL SI) တို့အကြားပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ နားလည်မှုစာချွန်လွှာ (MOU)လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 23 June 2025
#ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် #MOUလက်မှတ်ရေးထိုး
#YMG/SW #Yangon_Times
Agro-based Textile industrial Complex တစ်ခုကိုပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) မှာ တည်ဆောက်သွားဖို့ရှိတယ်လို့ စက်မှုဝန်ကြီးဌာနထံက သိရပါတယ်။
#Local_News
Published 23 June 2025
#Agro-based_Textile_industrial_Complex #စက်မှုဝန်ကြီးဌာန
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက်စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တွေ တစ်ပိဿာကို ၁၀၅ ကျပ်အထိ ထပ်မံကျဆင်းလာပြီး ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ပါက အရေးယူသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထားပါတယ်။
#Local_News
Published 23 June 2025
#စားအုန်းဆီ #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
#YMG/NN #Yangon_Times
#Local_News
Published 23 June 2025
▪️ ဓာတ်မြေဩဇာစက်ရုံတွင် အမျိုးသားတစ်ဦးလက်တံတောင်ဆစ်အထိ စက်ကြိတ်မိမှုတစ်ခု ယနေ့ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဇွန်လ၂၃ရက်နေ့၊ မနက် ၁၀နာရီ အချိန်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဓာတ်မြေဩဇာစက်ရုံတွင် ကျား(၁)ဦး မြေဩဇာကြိတ်ရာ ဇလားအတွင်းလက်နှိုက်မိရာမှ ညာဘက်လက်တံတောင်ဆစ်အထိ စက်ကြိတ်မိခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး ဗေဒါရာမ/ရာမညလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 June 2025
▪️ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့သည့် MEF Cup အပြည်ပြည်ဆိုင်ရာ မြင်းစီးအားကစားပြိုင်ပွဲမှ ဆုရရှိသူများကို ဆုတံဆိပ်များချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။
▪️ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် ဇွန် ၂၁ရက်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊မြင်းစီးအားကစားကွင်းတွင် ၂၀၂၅ခုနှစ်၊အပြည် ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် MEF Cup အပြည်ပြည်ဆိုင်ရာ မြင်းစီးအားကစားပြိုင်ပွဲများကျင်းပခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ ပြိုင်ပွဲများတွင် လူသစ်တန်း တန်းခုန်ပြိုင်ပွဲ၊အသက် (၁၈)နှစ်အောက်တန်းခုန်ပြိုင်ပွဲ၊အလွတ်တန်း တန်းခုန် ပြိုင်ပွဲနှင့် မြင်းအလှစီး(Dressage)ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ရာ ပြိုင်ပွဲများအနက် လူသစ်တန်း တန်းခုန်ပြိုင်ပွဲ၌ အားက စားသမားဝင်းထွန်းနိုင်က မြင်းအမည် စိန်မိုးမေနှင့်ပထမ၊ အားကစားသမားဇော်ညီညီက မြင်းအမည် Merryနှင့် ဒုတိယ၊အားကစားသမားဇင်မောင်က မြင်းအမည်မဟာထွန်းနှင့်တတိယ၊ အသက်(၁၈)နှစ်အောက် တန်းခုန်ပြိုင်ပွဲတွင် အားကစားသမား ကျော်တိုးလင်းက မြင်းအမည်တော်ဝင်ထွန်းနှင့်ပထမ၊ အားကစားသမားဖြိုးကျော်မြင့်သန်းက မြင်းအမည်Stella နှင့် ဒုတိယ၊ အားကစားသမားရဲပိုင်ဦးကမြင်းအမည်ဒေါ်လီနှင့်တတိယ၊ အလွတ်တန်းပြိုင်ပွဲတွင် အားကစားသမားသန်းထက် လင်းက မြင်းအမည် Angelနှင့် ပထမ၊ အားကစားသမားအောင် ကိုကိုခန့်က မြင်းအမည် K3 နှင့် ဒုတိယ၊အားကစားသမားသန်းတိုးအောင်က မြင်းအမည်တောသူမနှင့် တတိယ၊ အလှစီးပြိုင်ပွဲတွင်အားကစားသမားကောင်း မြတ်သူက မြင်းအမည်စိန်နီပွင့်နှင့် ပထမ၊အားကစားသမားဖြိုးကျော်မြင့်သန်းက အမြင်းအမည်စိန်ရဲလင်းနှင့် ဒုတိယ၊အားကစားသမားရွှန်းလဲ့ဖူးလှိင်က မြင်းအမည် Ravenna နှင့် တတိယ အသီးသီး ဆုများဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။
▪️ ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဦးပြုံးမောင်မောင်နှင့်တကွ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ၊နည်းပြများ၊အနုပညာရှင်များနှင့် မြင်းစီးအားကစားဝါသနာရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲများပြီးဆုံးချိန်တွင် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာအဖွဲ့ချုပ်ဥက္ကဋ္ဌဦးပြုံးမောင် မောင်နှင့်တကွ တာဝန်ရှိသူများက ဆုရအားကစားသမားများအားဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ ညနေ ၃နာရီတွင် ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 216 of 2238