#Local_News
Published_ 22 June 2024
▪️ တရုတ်နိုင်ငံတွင် နှစ်(၆၀)ပြည့် ဗုဒ္ဓစွယ်တော်တိုက်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ဆရာတော်၊သံဃာတော်များတက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ နှစ်(၆၀)ပြည့်လင်ကွမ်းဗုဒ္ဓစွယ်တော်တိုက်သစ်ဆောက်လုပ်ပြီးစီးသည့် ဖွင့်ပွဲအခမ်းအနားကို တရုတ်ဗုဒ္ဓဘာသာအသင်းကြီး၏ ဖိတ်ကြားချက်အရ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အဂ္ဂသာမိနှင့် ဆရာတော်သုံးပါးတို့ပါဝင်သောအဖွဲ့တက်ရောက်ကြပြီး ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တက်ရောက်ပူဇော်ခဲ့ကြသည်။
▪️ ဗုဒ္ဓမြတ်စွယ်တော် စံကျောင်းတော်သစ်ဖွင့်ပွဲအထိမ်းအမှတ် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော နှီးနှောဖလှယ်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံအသီးသီးမှအဖွဲ့ ခေါင်းဆောင်များက ဗုဒ္ဓဘာသာအဓွန့်ရှည်စွာတည်တံ့ရေး၊ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံအလိုက်သာသနာရေးဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြသည်။
▪️ နိုင်ငံအသီးသီးမှအဖွဲ့ဝင်များအား ဇွန် ၂၁ ရက်တွင် လားမားဗုဒ္ဓကျောင်းတော်နှင့် ဒေသန္တရလှည့်လည်ကြည့်ရှုခြင်းများ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၄) ကြိမ် ဒေသစာရီကြွချီခဲ့ပြီး နောက်ထပ်တစ်ကြိမ် (၅) ကြိမ်မြောက် ကြွရောက်နိုင်ရေးလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ဖွင့်ပွဲအခမ်းအနားသို့ ဗုဒ္ဓဘာသာဝင် ကမ္ဘောဒီးယား၊ ကိုရီးယား၊ လာအို၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆရာတော်၊ သံဃာတော်များနှင့် အဖွဲ့ဝင်များအင်အား ၇၀ ခန့်နှင့် တရုတ်ပြည်မှ ဗုဒ္ဓဘာသာဝင်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
▪️ အခမ်းအနားတွင် တရုတ်ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌဆရာတော်ကြီး Most.Ven. YANJUE က နိုင်ငံအသီး သီးမှအဖွဲ့ဝင်များကို အဖွဲ့လိုက်သီးခြားတွေ့ ဆုံနှုတ်လဆက်ကာ ဓမ္မပဏ္ဏာများပေးအပ်ချီးမြှင့်၍ နိုင်ငံများအချင်းချင်း ဗုဒ္ဓဘာသာသာသနာတော်အား ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ ပူးပေါင်းဆောင်ရွက်ကြရန် မိန့်ကြားသည်။
▪️ ဒုတိယဥက္ကဋ္ဌဆရာတော်၊ ဗုဒ္ဓစွယ်တော်တိုက် ပဓာနဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ Most. Ven. Zhan Chan ဦးစီး၍ နှစ်(၆၀)ပြည့် ဗုဒ္ဓစွယ်တော်တိုက်သစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံအသီးသီးမှ သံဃာတော်အဖွဲ့များက ဗုဒ္ဓစွယ်တော်အား ဘုရားအနေကဇာတင်ခြင်း၊ ကမ္ဘာကြီးငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြသည်။
▪️ ဆက်လက်၍ ဗုဒ္ဓစွယ်တော်နှင့် စပ်လျဉ်း၍ နိုင်ငံအသီးသီးမှ ဘုရားစေတီပုံတော်များနှင့် ဗုဒ္ဓအဆိုအမိန့်များပါဝင်သော ချစ်ကြည် ရေးပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 22 June 2024
▪️ ဆန်စပါးဈေးနှုန်းများအဆမတန်မြှင့်တက်နေ၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများကိုခေါ်ယူစစ်ဆေးမေးမြန်း ဆွေးနွေးဆောင်ရွက်နေကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဈေးကွက်အတွင်း ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများအဆမတန် မြှင့်တက်လျက်ရှိကြောင်း၊
▪️ ထိုသို့ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းမျာအဆမတန်မြှင့်တက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများအား ခေါ်ယူ၍ စစ်ဆေးမေးမြန်း ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 22 June 2024
▪️ ဓာတ်အားလိုင်းနှင့်မလွတ်သည့် သစ်ပင်သစ်ကိုင်း ရှင်းလင်းမည်ဖြစ်၍ မြို့နယ်(၃)ခုမနက်ဖြန်ဇွန်လ (၂၃)ရက်၌ လျှပ်စစ်မီးယာယီပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ ထုတ်ပြန်ချက်အရသိရသည်။
▪️ ထုတ်ပြန်ချက်တွင်ရန်ကုန်အရှေ့ပိုင်းခရိုင်၊ 230 kV သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV သာကေတ - ပုသိမ်ညွန့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို မြို့နယ်စုဖွဲ့အင်အားဖြင့် (၂၃.၆.၂၀၂၄)ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၄:၀၀)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။
▪️ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့ နယ်၊ တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့၏ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
#tthl #Yangon_Times
#Daily_News
Published_ 21 June 2024
၁။ နေပြည်တော်တွင် ဈေးအသင့်တင့်ရှိသော အိမ်ခြံမြေများ အရောင်းဝယ်သွက်နေဟုဆို
၂။ 'မြန်မာ့ဂီတနေ့'ဂီတဖျော်ဖြေပွဲကြီးတွင် တီးဝိုင်း(၈)ဝိုင်းနှင့်အဆိုတော် (၃၅)ဦးဖျော်ဖြေမည်၊ အခမဲ့လက်မှတ်ရယူကြည့်ရူနိုင်
၃။ ရွှေတိဂုံစေတီတော်၌နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပပြီး ကမ္ဘာသူကမ္ဘာသား ဝေနေယျသတ္တဝါအပေါင်းတို့ ငြိမ်းချမ်းစေရန် ရင်ပြင်ပေါ်ရှိ ခေါင်းလောင်းများအား ပြိုင်တူတီးခတ်
၄။ လကမ္ဘာစူးစမ်းရေးဆိုင်ရာပထမဆုံးကုလကွန်ဖရင့် ဗီယင်နာတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဇွန်လအတွင်း YGEA ကသတ်မှတ်တဲ့ ရွှေဈေးနှုန်းတစ်သိန်းသုံးသောင်းကျော်ကျဆင်းခဲ့တယ်။ ဇွန်လ(၁၁)ရက်ကနေ(၂၁)ရက်အတွင်း ရွှေဈေးနှုန်း(၁၃၀၀၀)ကျော်ကျဆင်းခဲ့တယ်။ ရန်ကုန်၊ မန္တလေးနဲ့ ရမည်းသင်းမှာ YGEA ဈေးဖြင့်ရောင်းချတဲ့ရွှေဆိုင်တွေရှိနေပြီလို့ YGEA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published_ 21 June 2024
#ရွှေဈေးနှုန်းကျဆင်း #YGEA
#tthl #Yangon_Times
နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပပြီး ကမ္ဘာသူကမ္ဘာသား ဝေနေယျသတ္တဝါအပေါင်းတို ငြိမ်းချမ်းစေရန် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ ခေါင်းလောင်းများအား ပြိုင်တူတီးခတ်ခဲ့တယ်လိုဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published_ 21 June 2024
#(မဟာသမယအခါတော်နေ့) #ခေါင်းလောင်းများပြိုင်တူတီးခတ်
#YMG/NN #Yangon_Times
Page 219 of 1834