#Local_News
Published 15 October 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံရှုခင်းများကို မီးပုံးပျံများဖြင့် ရှုခင်းကြည့်ရှုခြင်းများကို ယခုသီတင်းကျွတ်ကာလမှစတင်၍ ပြန်လည်ပျံသန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ရွှေလေတံခွန် (နီညိုရောင်) မီးပုံးပျံဓာတ်ငွေ့ Balloons အဖွဲ့သည် အောက်တိုဘာလ ၁၆ ရက်၊ မနက် ၆ နာရီမှစတင်၍ ပုဂံဒေသ၌ ယခုနှစ်ဆောင်းရာသီ Balloons ပျံသန်းခြင်းများ စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ရွှေလေတံခွန် (နီညိုရောင်)မီးပုံးပျံဓာတ်ငွေ့ Balloons အဖွဲ့မှ ပိုင်းလော့ KX-Gavm နှင့်ပိုင်းလော့ K-Andy တို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ မိုးပုံးပျံများစီးနင်းခြင်းဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ဧရာဝတီမြစ်အလှရှုခင်းများ၊ ထန်းပင်ထန်းတော များ၊ အညာဒေသမှာပေါက်ရောက်သည့် ထနောင်းပင်များ၊ တမာပင်များ၊ ရှားစောင်းပင်၊ ရှေးဟောင်းအဆောက်အအုံ များနှင့် တုရင်တောင်တန်း၊ တန့်ကြည့်တောင်တန်းနောက်ခံနှင့် ဧရာဝတီမြစ်အလှတို့ကို ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မီးပုံးပျံ စီးနင်းခြင်းကို နိုင်ငံခြားသားခရီးသွားများအပြင် ပြည်တွင်းခရီးသွားများပါ စီးနင်လာကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 15 October 2024
ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန် နှင့်အရံစေတီများကို ရွှေသင်္ကန်းကပ်လှူရန် အတွက် ရွှေစင်၊ရွှေပြားနှင့် ရွှေဆိုင်းလုပ်ငန်းများအား တင်ဒါခေါ်ယူနေကြောင်း ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်၊၊
ထိုသို့ စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရာတွင် ၉ လက်မပတ်လည် ရွှေစင်ရွှေပြားကပ်လှူသည့်လုပ်ငန်း၊ စေတီတော်ကြီး၊ အရံစေတီများနှင့် ရင်ပြင်တော်ရှိစေတီများကို ရွှေသင်္ကန်းကပ်လှူသည့် လုပ်ငန်းနှင့် နှစ် လက်မပတ်လည် ရွက်ရေ (၁၀၀) ပါ ရွှေဆိုင်း ၇,၅၀၀ ဆိုင်း တင်သွင်းသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လျှောက်လွှာတစ်စုံကို ငွေကျပ် ၃ သောင်းဖြင့်ဝယ်ယူနိုင်ပြီး စျေးပြိုင်တင်ဒါတင်သွင်းနိုင်ကာ အောက်တိုဘာလ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန် နောက်ဆုံးထားပြီး လျှောက်လွှာများကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးသို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်၊၊
#YMG/NN #Yangon_Times
#Daily_News
Published 14 October 2024
၁။ သီတင်းကျွတ်ပိတ်ရက် ဝင်္ဂဘော်ဆင်စခန်းဖွင့်လှစ်ထားမည်ဖြစ်၍ လည်ပတ်နိုင်
၂။ စားအုန်းဆီဈေး သုံးပတ်ဆက်တိုက်ရာဂဏာန်းပြန်ကျ၊ဖုန်းဆက်ပြီးအိမ်တိုင်ရာရောက်မှာယူနိုင်
၃။ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်ပွဲတော်နှင့် ဆီမီးတစ်သောင်းပူဇော်ကျင်းပသွားမည်
၄။ တောမီးလောင်ကျွမ်းမှုများကြောင့် ဆော်ပေါ်လိုသဘာဝဘေးမဲ့တောများမှ တိရိစ္ဆာန်များဒဏ်ရာရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်ပွဲတော်နဲ့ ဆီမီးတစ်သောင်းပူဇော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 14 October 2024
#ရွှေမော်ဓောစေတီတော်မြတ်ကြီး #သီတင်းကျွတ်ပွဲတော်
#YMG/NN #Yangon_Times
စားအုန်းဆီဈေးတွေဟာ သုံးပတ်ဆက်တိုက်ပြန်ကျလာပြီဖြစ်ပြီး အခုအပတ် ရည်ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာ ကို ၆၃၅၅ နဲ့ရောင်းချဖို့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
#Local_News
Published 14 October 2024
#စားအုန်းဆီဈေးကျ #ရည်ညွှန်းဈေး
#YMG/tthl #Yangon_Times
သီတင်းကျွတ်ပိတ်ရက်မှာ ဝင်္ဂဘော်ဆင်စခန်းကိုလာရောက်လည်ပတ်ရင်း ဆင်အမွှာလေးတွေကို ကြည့်ရူအားပေးနိုင်သလို ဆင်စာဘူဖေးကျွေးလို့ရတယ်လို့ သိရပါတယ်။
#Local_News
Published 14 October 2024
#ဝင်္ဂဘော်ဆင်စခန်းဖွင့်လှစ် #ဆင်စာဘူဖေး
#YMG/tthl #Yangon_Times
ရွှေရည်ညွှန်းဈေး ခြောက်သောင်းကျော်တက်ပြီးကျပ် ၅၄သိန်းကျော်အထိရှိလာ
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေရည်ညွှန်းဈေးဟာ ဒီကနေ့မှာ ကျပ်ခြောက်သောင်းကျော်အထိ မြင့်တက်လာပြီး တစ်ကျပ်သားကို ၅၄ သိန်းကျော်အထိရှိလာတယ်လို့ သိရပါတယ်။
#Local_News
Published 14 October 2024
#ရွှေရည်ညွှန်းဈေး #ရွှေဈေးတက်
#YMG/NN #Yangon_Times
Page 223 of 1958