#LocalNews
Published_ 27 March 2023
ဒီမိုကရေစီအပေါ်သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင်လာသောအကြမ်းဖက်တိုက်ခိုက်မှုကို မည်သည့်နိုင်ငံအစိုးရကမှ ခွင့်ပြုမည်မဟုတ်ကြောင်း ယနေ့ မတ်လ ၂၇ ရက်တွင်ကျင်းပသော(၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
နစက တာဝန်ထမ်းဆောင်ချိန် အစပိုင်းတွင် ဆူပူမှုများသာ ကြုံတွေ့ခဲ့ရသော်လည်း အကြမ်းဖက်သူများက အရပ်သားနှင့် စစ်ရေးပစ်မှတ်မဟုတ်သော အခြားသောနေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီအပေါ် သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင်လာသောအကြမ်းဖက်တိုက်ခိုက်မှုကိုမည်သည့်နိုင်ငံအစိုးရကမှ ခွင့်ပြုမှာမဟုတ်တဲ့အပြင် ဒီမိုကရေစီကိုအကြမ်းဖက်နည်းလမ်းဖြင့်လည်း ရရှိနိုင်မှာ မဟုတ်ကြောင်းယင်းကဆိုသည်။
"အကြမ်းဖက်သမားများရဲ့အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုများဟာ အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်ရဲ့ ရှေ့ဆက်လျှောက်လှမ်းမယ့် အမျိုးသားအကျိုးစီးပွားများ နစ်နာဆုံးရှုံးခြင်းဖြစ်တာကို နားလည်သဘောပေါက်ဖို့ လိုအပ်မှာပဲဖြစ်တယ်။တို့တပ်မတော်အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့အညီ “နိုင်ငံတစ်ဝန်းရှိ ပြည်သူများရဲ့လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်အလေးထား လုပ်ဆောင်သွားမှာပဲ ဖြစ်တယ်။ အဲလိုလုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။ဒါ့ကြောင့် ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလမှာအရေးကြီးတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက်ရှိတယ်။ ဒါဟာ ပြည်သူများကို ထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ ဒေသခံပြည်သူလူထုအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်နေကြတဲ့အကြမ်းဖက်သမားများရဲ့ လုပ်ဆောင်ချက်တွေကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ပဲဆိုတာ ထည့်သွင်းပြောကြားလိုတယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် အာဆီယံနှင့် ဆိုင်သော အရေးကိစ္စများကို အာဆီယံစိတ်ဓာတ်၊ အာဆီယံအမြင်၊ အာဆီယံပဋိညာဉ်တို့နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းကို လျှောက်လှမ်းရာတွင် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးသည် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါသဘောတူညီချက်များအပေါ် အခြေခံ၍ ဖြစ်နိုင်သမျှလုပ်ဆောင်ရန် ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။
"နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို အသက်၊ သွေး၊ချွေးတွေ ပေးဆပ်ပြီးထမ်းဆောင်နေတဲ့ တို့တပ်မတော်သားတွေဟာငြိမ်းချမ်းရေးကို အလိုလားဆုံးအဖွဲ့အစည်းပဲဖြစ်တယ်"ဟု လည်း နစက ဥက္ကဌ ထည့်သွင်း ပြောဆိုသည်။
၂၀၂၂ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးနိုင်ရန် ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းသို့ ဖိတ်ခေါ်ခဲ့ရာတွင် လက်ရှိအချိန်ထိ NCAလက်မှတ်ရေးထိုးပြီးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၇ ဖွဲ့ နှင့် လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့် ရလဒ်များကိုလည်း ဖော်ဆောင်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group





















#LocalNews
Published_ 27 March 2023
အင်းလေးဒေသ၌ ရေပေါ်သင်္ကြန်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကသိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ နန်းပန်ကျေးရွာအနီးရှိ ရေပြင်တွင် ၂၀၁၉ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် စတင်ကျင်းပခြင်းဖြစ်ပြီး၊ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အများဆုံးလာရောက်လေ့ရှိကြောင်း သိရသည်။
ကိုဗစ်ကာလအလွန်ယခုနှစ်မှပြန်လည်ကျင်းပခြင်းဖြစ်ရာ ပွဲတော်စည်ကားနိုင်သော်လည်းခရီးသွားဝင်ရောက်မှု နည်းပါးနိုင်ကြောင်းခရီးသွားလုပ်ငန်းရှင်အသင်းကခန့်မှန်းထားသည်။
ရေပေါ်သင်္ကြန်ပွဲတော်တွင် အင်းလေးကန်ရေပြင်ပေါ်၌ လှေသမ္ဗန်များ၊ ဖောင်များဖြင့် အတာရေ စင်ပက်ဖြန်းကြမည့် ရေပေါ်သင်္ကြန်ပွဲ၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ယိမ်းအကအလှများနှင့် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲအစီအစဉ်များ အစရှိသည့် အစီအစဉ်များပါဝင်ပြီး မဟာသင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ymg/ppk
#Yangon-Media-Group



#LocalNews
Published_ 26 March 2023
မတ်လ ၂၆ ရက်နေ့ ည ၇နာရီ၀န်းကျင်ခန့်က ပဲခူးရွှေမော်တောဘုရားပွဲကျင်းပအတွင်းမှ ပင်လယ်ဓားပြ ရဟတ်စင်ပြုတ်ကျမူဖြစ်ပွားခဲ့ကြောင်း တူညီရှင်မေတ္တာရှင်ပရဟိတအသင်းမှသိရသည်။
ရဟတ်စင်ပြုတ်ကျမူကြောင့် လူငယ်အမျိုးသမီး တချို့အပါအ၀င် လူ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအသင်းတာ၀န်ခံက YMG ကိုပြောသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူ လူနာ ၁၁ ဦးကို ပဲခူးမြို့ဆေးရုံကြီးပို့ဆောင်ပေးခဲ့ကြောင်း တူညီမေတ္တာပရဟိတအသင်း မှသိရသည်။
ymg/ynzw
#Yangon_Media_Group








#Local_News
Published_ 26 March 2023
အခုနှစ်အတွင်း မြန်မာကျောင်းသား၊ကျောင်းသူ (၁၅၀)ဦးကို အိန္ဒိယနိုင်ငံရဲ့တက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့ Scholarshipပညာသင်ဆုပေးသွားဖို့ရှိတယ်လို့ India Education Fair ပွဲမှ သိရပါတယ်။India Education Fairပွဲကို အိန္ဒိယနိုင်ငံသံရုံးနဲ့ SAPE Events and Media Ltd ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး မတ်လ(၂၄)ရက်မှ(၂၅)ရက်အထိရွှေဘုံသာလမ်းရှိ India Centerမှာကျင်းပခဲ့တာဖြစ်ပါတယ်၊၊
#YMG#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 26 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒေါ်လွင်မီမီကို(ဦးမေတ္တာ၏ဇနီး) သက်လျာမိုး(ဦးမေတ္တာသမီး)နှင့်အတူ
- "ဦးမေတ္တာနဲ့က ညီမ(၉)တန်းအရွယ်က စတွေ့ခဲ့တာ။ပွဲကြိုက်သူဆိုတော့ဦးမေတ္တာပြတ်လုံးပျက်တဲ့ပွဲတိုင်းမှာ အားပေးဖြစ်ခဲ့ပြီး ပန်းကုံးစွပ်ပေးခဲ့ပြီး ညီမ အသက်( ၂၄)နှစ် ဦးမေတ္တာ (၄၂)နှစ်မှာအိမ်ထောင်ကျခဲ့တာဖြစ်ကြောင်း
-ဦးမေတ္တာမရှိတဲ့အချိန် အလုပ်တစ်ခုလုပ်ရမယ်ဆိုပြီး စဉ်းစားမိတော့ကိုယ်ဝါသနာပါတဲ့အလုပ်လည်းဖြစ်တဲ့ အခမ်းအနားမှူးအဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်နေတဲ့အကြောင်း
-ဦးမေတ္တာအရိပ်အောက်မှာရှိနေတဲ့စိတ်လေးဖြစ်အောင်"မေတ္တာရိပ်"ဆိုတဲ့ အဖွဲ့လေးဖွဲ့ထားဖြစ်ပြီး မတူညီတဲ့နေရာတွေမှာ လစဉ်လတိုင်းအလှူလေးတွေလှူပေးဖြစ်နေတဲ့အကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
⏭ Watch full Video on Youtube >>>
⏭ Website >>>
⏭ Telegram >>> https://t.me/yangonmediagroup
#YMG#Yangon_Media_Group
#LocalNews
Published_ 26 March 2023
ယာယီလိုင်စင်ထုတ်ပေးတဲ့အတွက် ဘေးတွဲဆိုင်ကယ်တွေ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။
#YMG#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 26 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒေါ်လွင်မီမီကို(ဦးမေတ္တာ၏ဇနီး) သက်လျာမိုး(ဦးမေတ္တာသမီး)နှင့်အတူ
- "ဦးမေတ္တာနဲ့က ညီမ(၉)တန်းအရွယ်က စတွေ့ခဲ့တာ။ပွဲကြိုက်သူဆိုတော့ဦးမေတ္တာပြတ်လုံးပျက်တဲ့ပွဲတိုင်းမှာ အားပေးဖြစ်ခဲ့ပြီး ပန်းကုံးစွပ်ပေးခဲ့ပြီး ညီမ အသက်( ၂၄)နှစ် ဦးမေတ္တာ (၄၂)နှစ်မှာအိမ်ထောင်ကျခဲ့တာဖြစ်ကြောင်း
-ဦးမေတ္တာမရှိတဲ့အချိန် အလုပ်တစ်ခုလုပ်ရမယ်ဆိုပြီး စဉ်းစားမိတော့ကိုယ်ဝါသနာပါတဲ့အလုပ်လည်းဖြစ်တဲ့ အခမ်းအနားမှူးအဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်နေတဲ့အကြောင်း
-ဦးမေတ္တာအရိပ်အောက်မှာရှိနေတဲ့စိတ်လေးဖြစ်အောင်"မေတ္တာရိပ်"ဆိုတဲ့ အဖွဲ့လေးဖွဲ့ထားဖြစ်ပြီး မတူညီတဲ့နေရာတွေမှာ လစဉ်လတိုင်းအလှူလေးတွေလှူပေးဖြစ်နေတဲ့အကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#YMG#Yangon_Media_Group
Page 1618 of 2454