#Local_News
Published_8 November 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောကျပ်တည်းမှုမရှိစေရန်အတွက် အချက်အချာကျသည့် ဘတ်စ်ကားမှတ်တိုင်များတွင် YBS ယာဉ်တွေအနေဖြင့် ယာဉ်နှစ်ထပ်ရပ်ခြင်းမရှိစေရန် Pilot Project စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
အဆိုပါ Pilot Project ကိုလူစည်ကားရာနေရာတွေဖြစ်သည့် မှတ်တိုင် ၁၆ ခုကိုရွေးချယ်ဆောင်ရွက်နေပြီး စမ်းသပ်ကာလပြီးမြောက်ပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကနဦးတွင် စော်ဘွားကြီးကုန်း(ပြည်လမ်း)၊ မြေနီကုန်းမှတ်တိုင်(ဗားဂရာလမ်း)၊ မဟာမြိုင်မှတ်တိုင်(ပြည်လမ်း)၊ ၈ မိုင်မှတ်တိုင်(ကမ္ဘာအေးဘုရားလမ်း)၊ ၆ ကွေ့မှတ်တိုင်(သုဓမ္မာလမ်း)၊ ယုဇနပလာဇာမှတ်တိုင်(ဗညားဒလလမ်း)၊ သမိုင်းလမ်းဆုံမှတ်တိုင်(အင်းစိန်းလမ်း) အပါအဝင် ဘတ်စ်ကားမှတ်တိုင် ၁၆ ခုကို ဆောင်ရွက်နေကြောင်း သိရသည်။
YBS ယာဉ်များ နှစ်ထပ်ရပ်ခြင်းအပါအဝင် ဘတ်စ်ကားမှတ်တိုင်အတွင်း အငှားယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များ ရပ်နားခြင်းမရှိစေရန် ပညာပေးကာလအဖြစ်ဆောင်ရွက်ပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 8 november 2022
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဝဲဘို့တောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းလုံး မီးလောင်မှု ယနေ့ နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
"မီးကဘယ်ချိန်တည်းက လောင်နေလဲတော့ တိတိကျကျ မသိရဘူးပေါ့နော်။ ကျွန်တော်တို့ကိုဆက်သွယ်တော့ မနက် ၆နာရီရှိနေပြီ၊ သွာငြှိမ်းတော့ ကျောင်းကအကုန်နီးပါးလောက် လောင်ကျွမ်းနေပါပြီ။ မနက် ၇နာရီခွဲလောက်ကကျမှ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ထိခိုက်မှုကတော့ တစ်ယောက်မှမရှိပါဘူး"ဟု စတနာရှင်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူက ဆိုသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ သံဖြူဇရပ်မြို့နယ် မီးသတ်ဖွဲ့တို့နှင့်အတူ စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း ၊ သံဖြူဇရပ်မြို့ကျေးရွာများမှ မီးသတ်ဖွဲ့အသီးသီးတို့မှ သွားရောက်၍ မီးဝိုင်းဝန်းကူညီငြှိမ်းသတ်ခဲ့ကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
Published 7 Nov 2022
ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို နိုဝင်ဘာ ၄ရက် ကစပြီး ကျင်းပနေပါတယ်။ အဲဒီပွဲတော်ကို လူထောင်ပေါင်းများစွာ လာရောက်ဆင်နွှဲနေကြပါတယ်။
ဒီပွဲတော်ကို ကိုဗစ်ရောဂါကြောင့်မကျင်းပဖြစ်ခဲ့တာ (၂)နှစ်ရှိပြီး ယခုနှစ်မှာမှ ပြန်လည် ကျင်းပတာဖြစ်ပါတယ်။
တနင်္ဂနွေညမှာ ပြိုင်ဘက်အသင်းတွေက မီးကျည်မီးပန်းတွေတပ်ဆင်ထားတဲ့ မီးပုံပျံတွေကို လွှတ်တင်ခဲ့ကြတာ တွေ့မြင်ရပါတယ်။
ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ ၈ရက်အထိ (၅)ရက်တိုင် ကျင်းပမှာဖြစ်ပါတယ်။
Video: AFP
#Pyin_Oo_Lwin
#Tazaungdaing_light_festival
#hot-air_balloon_festival
#Local_News
Published_ 7 November 2022
နိုဝင်ဘာလ(၇)ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ ပုဂံဒေသရှိ ရွှေစည်းခုံ၊ အာနန္ဒာ၊ ဓမ္မာရံကြီးဘုရားစတဲ့ တန်ခိုးကြီးဘုရားတွေမှာ ဘုရားဖူးတွေနဲ့ပြည့်နေတယ်လို့ ပုဂံဒေသခံခရီးသွားလမ်းညွှန်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 7 November 2022
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို ပြေးဆွဲပေးနေတဲ့ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့ တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ယာဉ်စီးခတိုးမြှင့်ကောက်ခံတာမျိုးတွေမရှိစေဖို့ ဆောင်ရွက်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_7 November 2022
ရန်ကုန်မြို့ရဲ့ အများပြည်သူစီးနင်းနေတဲ့ ယာဉ်လိုင်းတွေပေါ်မှာ လုယက်မှုတွေဟာ အရင်ထက်ပိုများလာတယ်လို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_7 NOVEMBER 2022
နိုဝင်ဘာလအစမှာတော့ ပြည်ပခရီးသွားဧည့်သည်တွေဟာ စတင်ဝင်ရောက်လာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1619 of 2193