#Local_News
Published_19 October 2022
နိုင်ငံခြားငွေလဲလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု၏ လုပ်ငန်းလိုင်စင်ကို ဗဟိုဘဏ်က ဖျက်သိမ်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဗဟိုဘဏ်ခွင့်ပြုလိုင်စင်ရရှိထားသည့် Thomas Khanno ကုမ္ပဏီသည် ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်း၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းတွေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ဖောက်ဖျက်ခဲ့ကြောင်းဗဟိုဘဏ်က ကြေညာထားသည်။
ယင်းသို့ဖောက်ဖျက်မှုကြောင့် လုပ်ငန်းလိုင်စင်ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်ကလည်း တရားဝင် ငွေလဲလှယ်ရေးလုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေ လဲလှယ်ရေး ဆောင်ရွက်နေသည့် လူမှုကွန်ရက် စာမျက်နှာတွေကို အရေးယူဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 19 October 2022
မွေးရာပါ အူများဝမ်းဗိုက်အပြင်သို့ရောက်ရှိနေသည့် ကလေးငယ်အား စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
မွေးရာပါ အူများ ဝမ်းဗိုက်အပြင်သို့ ရောက်ရှိနေသည့် (Gastroschisis with preterm low birth weight) အသက် (၄)ရက်သား မွေးကင်းစကလေး မိန်းကလေး Baby နန်းမွေဖောင်ကို ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီး၌ ပါမောက္ခ(ခွဲစိတ်) ပါမောက္ခဒေါက်တာအောင်ခိုင်ဇံ၊ လက်ထောက်ဆရာဝန် ဒေါက်တာ ထက်အောင်ကျော်နှင့် ပါမောက္ခ(မေ့ဆေး) ဒေါက်တာဖုန်းမြင့်တို့ ဦးဆောင်သောအဖွဲ့က အူများကို ဝမ်းဗိုက်အတွင်းပြန်လည်ထည့်သွင်းပေးသည့် ခွဲစိတ်ကုသမှု (Primary Closure)ကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ကိုယ်ဝန်လမစေ့သေးသော်လည်း ရေမွှာပေါက်ခြင်းကြောင့် အဆိုပါကလေးငယ်ကို ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့၊ ညနေ (၆:၁၅)နာရီ အချိန်တွင် ရှမ်းပြည်နယ်၊ ခိုလမ်ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀)၌ အရေးပေါ်ရိုးရိုးမွေးဖွားပေးခဲ့ခြင်းဖြစ်ပြီး မွေးဖွားချိန်တွင် ကလေးငယ်မှာ ကိုယ်အလေးချိန် (2.2 kg) ရှိခဲ့ပါကြောင်းနှင့် ယင်းနေ့ ည (၈:၀၀)နာရီအချိန်တွင် ခိုလမ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာလင်းထင်ကျော်နှင့် အဖွဲ့က ဝမ်းဗိုက်အပြင်ဘက် ရောက်ရှိနေသည့်အူများကို အရေးပေါ်ယာယီကုသမှု ဆောင်ရွက်ပေးခဲ့ကာ စက်တင်ဘာလ(၂၇)ရက်တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်၊၊
အဆိုပါ ကလေးငယ်၏ ကျန်းမာရေးအခြေအနေကောင်းမွန်သောကြောင့် အောက်တိုဘာ(၃)ရက်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး အောက်တိုဘာ(၁၁)ရက်တွင် ရက်ချိန်းပြန်လည်ပြသခဲ့ပြီး ကျန်းမာရေးကောင်းမွန်ပါကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 19 October 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့ကို အောက်တိုဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြားနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ဒေသခံပြည်သူများအတွက် အကျိုးသက်ရောက်မှု ထိရောက်မြန်ဆန်သည့် လုပ်ငန်းဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ MoU မူဘောင်အရ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုနှင့်
ယင်းလုပ်ငန်းစဉ်အပေါ် မလိုလားသည့် အဖွဲ့များက နှောင့်ယှက်ဟန့်တားဆောင်ရွက်နေမှုကိုလည်း ပြောကြားခဲ့ပါတယ်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေအရ ဆောင်ရွက်နိုင်သမျှနေရာများကို သွားရောက်ဆောင်ရွက်ခွင့်ရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများ၊ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသည့် UNHCR ဝန်ထမ်းများ နေခွင့်နှင့် ခရီးသွားလာခွင့် ထပ်မံတိုးမြှင့်တင်ပြမှုအပေါ် ခွင့်ပြုပေးနိုင်ရေး အခြေအနေကို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက်အဆင်သင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ယင်းသို့ဆောင်ရွက်မှုအပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ ပြန်လည်ရှင်းလင်းပြောကြားပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published-18 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို ပဲတင်ပို့မှုမှာ တန်ချိန် သုည ဒသမ ၈၃ သန်း တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၀၁ သန်းဝင်ငွေရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 18 Oct 2022
မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပင်လယ်ဆိပ်ကမ်းတို့ကို တည်ဆောက်ရန်စီစဉ်နေတယ်လို့ နစကဥက္ကဋ္ဌကပြောကြားပါတယ်။
အောက်တိုဘာ ၁၈ ရက် က မွန်ပြည်နယ်မော်လမြိုင်တွင် ကျင်းပသည့် မွန်ပြည်နယ်ရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး MSMEလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“မော်လမြိုင်မှာ ယခင်က ပင်လယ်ဆိပ်ကမ်းရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ယခုအသုံးပြုမှုမရှိတော့ပါဘူး။ အဲဒါကြောင့် မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်ချက်ရှိနေပါတယ်။ အလားတူပဲ မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်နေပါတယ်။ နောင်တစ်ချိန်မှာ မော်လမြိုင်ဒေသသကို ခရီးသွားတွေပိုမိုဝင်ရောက်လာစေဖို့နှင့် လေကြောင်းမှ ကုန်စည်စီးဆင်းမှုတွေကို မြှင့်တင်ဆောင်ရွက်ဖို့ ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ပြည်ပမှ သွင်းကုန်တွေထိန်းချုပ်ပေးတဲ့အတွက် ပြည်တွင်းစက်မှုလုပ်ငန်းတွေ အားကောင်းလာပြီး အလုပ်အကိုင်တွေ ပိုများလာကြောင်း၊နိုင်ငံတွင် ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစပြီး စီးပွားရေးကျဆင်းခဲ့ပေမယ့် ယခုအခါ နိုင်ငံရဲ့ စီးပွားရေးဟာ ပြနလည် တည်ငြိမ်ကောင်းမွန်လာပြီဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲမှာ မွန်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်တွေက လိုအပ်ချက်တွေနှင့် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးစေလိုတဲ့ အခြေအနေတွေကိုလည်းဆွေးနွေးတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
သူတို့ရဲ့တင်ပြချက်တွေထဲမှာ ရော်ဘာလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ပံ့ပိုးကူညီပေး စေလိုရေး၊ဆားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဖြင့် အစားထိုးသုံးစွဲနိုင်ရေး၊ ဆားကို ပြည်တွင်းပြည်ပရောင်းချရာမှာ အဆင့်မြင့်ဆားတွေထုတ်လုပ်နိုင်ဖို့ နိုင်ငံတော်ကကူညီပေးရေး၊ ငါးမွေးမြူရေး၊ စက်မှုဇုန်လုပ်ငန်းများနှင့် ယက်ကန်းလုပ်ငန်းများတွင် အရင်းမပျောက်မတည်ချေးငွေများနှင့် အတိုးနှုန်းသက်သာသည့်ချေးငွေတွေထုတ်ချေပေးရေး၊ သံရည်ကျိုလုပ်ငန်းနှင့် သတ္ထုထုတ်လုပ်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာရရှိစေရေးတွေပါဝင်တယ်လို့သိရပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေး၊ကုန်ထုတ်လုပ်မှု၊စွမ်းအင်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်ပြီး မွန်ပြည်နယ်အတွင်း အလားအလာများနှင့် ဆောင်ရွက်သင့်တာတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနှင့် ကုန်သွယ်မှုစာရင်းဇယားတွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ၅၀ ရာခိုင်နှုန်းခန့် ကွာဟနေတာတွေ့ရပြီး ယင်းသည် တရားမဝင်ကုန်သွယ်မှုများရှိနေခြင်းကြောင့်ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောဆိုပြီး အချို့သော EAO ဟာ တရားမဝင်ကုန်သွယ်ရေးတွေမှာ ပါဝင်လျက်ရှိနေတယ်လို့လည်း သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နစက ဥက္ကဋ္ဌဟာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အသေးစား၊အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်းMSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်တိုက်တွေ့ဆုံမှုတွေပြုလုပ်နေတာဖြစ်ပြီး ယမန်နေ့ကလည်း ကရင်ပြည်နယ်က လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံခဲ့ပါတယ်။
-ymg/knl
#Mon_State_Myanmar
#Myanmar_MSME
#SG_Min_Aung_Hlaing
#Local_News
Published _ 18 october 2022
လက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ Down town မြို့နယ်တွေဖြစ်ကြတဲ့ ဗိုလ်တထောင်၊ ပုစွန်တောင်၊ ကျောက်တံတား၊ လမ်းမတော်နဲ့ လသာ စတဲ့မြို့နယ်တွေမှာ အိမ်အဌားတွေပိုများလာတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_18 October 2022
ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (PPST) က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ၂၀၂၂ ခုနှစ် မကုန်မီ တွေ့ဆုံမှာ ဖြစ်တယ်လို့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် ကပြောပါတယ်။
#Yangon_Media_Group
Page 1621 of 2154