#Local_News
Published_19 December 2022
ကိုဗစ်ကာလအတွင်း ပိတ်ထားခဲ့သည့် တရုတ်နယ်စပ်ဂိတ်အားလုံးကို လာမည့် ဇန်နဝါရီလအတွင်း ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း မူဆယ်နယ်စပ်ကုန်သည်များဆီမှ သိရသည်။
တရုတ်နိုင်ငံဘက်မှ အဆိုပါ နယ်စပ်ဂိတ်အားလုံးကို လာမည့်ဇန်နဝါရီလ ၉ ရက်တွင် ပြန်ဖွင့်ရန် ကြိုတင်စာထုတ်ပြန်ထားကြောင်း၊ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်လိုသူတွေအနေဖြင့် ၂၄ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ရောဂါကင်းရှင်းကြောင်း အထောက်အထားနှင့် ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် ၂ နှစ်ကျော်ကြာပိတ်ထားသည့် တရုတ်နိုင်ငံအတွင်းက ရွှေလီ-ကျယ်ဂေါင်တံတားကို ဒီဇင်ဘာ ၁၃ ရက်ကနေစတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယင်းကြောင့် ကုန်သည်တွေအနေဖြင့် ယင်းနှင့် ထိစပ်နေသည့်ပြန်လည်ဖွင့်လှစ်ရန် ကုန်သည်တွေအနေဖြင့် ခန့်မှန်းထားခြင်းဖြစ်သည်။
လက်ရှိ မူဆယ်နယ်စပ်တွင် တစ်ရက်လျှင် ကုန်ကားအစီးရေ ၁၇၀ ဝန်းကျင် အဝင်အထွက်ရှိနေကြောင်း မူဆယ်နယ်စပ်ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမင်းသိန်း၏ ပြောပြချက်အရ သိရသည်။ မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလီယံ ကုန်သွယ်မှုပြုလုပ်ထားကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 18 Dec 2022
ပန်းဆိုးတန်း-ဒလ ချယ်ရီခရီးသည်တင် သင်္ဘောပေါ်တွင် ယနေ့ဒီဇင်ဘာလ ၁၈ ရက် ညနေ
၆ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ခရီးသည် ပြည်သူအယောက် ၁၇ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ကြကြောင်း သိရသည်။
ယင်းဒဏ်ရာရသူများအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း။ဒဏ်ရာရသူများထဲတွင် ပြင်းထန်ဒဏ်ရာ ရရှိသူ ၅ ဦးရှိကာ ယင်းတို့မှာ စိုးရိမ်ရကြောင်း ပရဟိတ ကူညီရေးအဖွဲ့တစ်ခုမှ လိုက်ပါကူညီပေးခဲ့သူကဆိုသည်။
"ကျွန်တော်တို့ပရဟိတအသင်းကား ဆယ်စီးလောက်ပေါင်းစုပြီးပို့ခဲ့ကြပါတယ်။ငါးယောက်ကတော့ ဒဏ်ရာပြင်းပါတယ်ခင်ဗျာ"ဟု ယင်းကပြောသည်။
Photo-CJ
ymg/mt
#Yangon_Media_Group

#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု)
နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 18 December 2022
ပြည်မြို့အကောက်တောင်ဘုရားသို့ လာရောက်ကြတဲ့ ဘုရားဖူးတွေကို နေစားငြိမ်း အခမဲ့အလှူပေးနေဆဲဖြစ်တယ်လို့ အကောက်တောင်ဘဏာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု) နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_17 December 2022
မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးသွားနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားခရီးသွားဈေးကွက်ဟာ တတိယအများဆုံးလာရောက်လည်ပတ်တဲ့ နိုင်ငံဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု)
နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1617 of 2278