#Local_News
Published - 29 July 2022
အိမ်ထောင်စုများ၏ နေ့စဉ်ဝယ်ယူစားသောက်နေရသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ရာခိုင်နှုန်း ၃၀မှ ရာခိုင်နှုန်း ၇၀ အထိ သိသာစွာမြင့်တက်ခဲ့ကြောင်း Save The Children ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
#Yangon_Media_Group
#Local_News
Published_29 July 2022
ရန်ကုန်တွင်အသက်ရှူမွန်းကြပ်လူနာတွေ အောက်ဆီဂျင်လိုအပ်တဲ့အတွက် အောက်ဆီဂျင်အကူအညီတောင်းခံလာတာတွေရှိနေတယ်လို့ ရွှေလောင်းလှေပရဟိတ ဖောင်ဒေးရှင်းဥက္ကဌဦးသော်တာထွေးကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 29 July 2022
လက်ရှိ ဆန်၊ ဆန်ကွဲတွေကို ပြည်ပတင်ပို့နေတဲ့ အခြေအနေတစ်ခု ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ သတင်းတွေထွက်ရှိနေတဲ့အပေါ် ကောလဟာလများသာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published - 29 July 2022
၁။ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှု ရပ်ဆိုင်းနေသည့်သတင်းထွက်ပေါ်နေမှုဟာ ကောလဟာလများသာဖြစ်ဟုဆို
၂။ ရန်ကုန်တွင် အောက်ဆီဂျင်လိုအပ်၍ အကူအညီတောင်းခံသည့် လူနာများရှိနေ
၃။ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်ဈေးနှုန်းရာခိုင်နှုန်း ၇၀ အထိ မြင့်တက်
၄။ ပြင်သစ်တွင် အပူချိန်စံချိန်တင်မြင့်တက်၍ အဆိုးရွားဆုံးမိုးခေါင်ရေရှားခြင်းနှင့် ရင်ဆိုင်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 29 July 2022
တောင်ကိုရီးယားနိုင်ငံသို့ သုံးလအတွင်း မြန်မာအလုပ်သမား ၂၂၆၆ ဦးကို တရားဝင် စေလွှတ်ထားသည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။
မေလ ၃ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ မြန်မာအလုပ်သမား စုစုပေါင်း ၂၂၆၆ ဦး တရားဝင် စေလွှတ်ထားပြီး အဆိုပါ အလုပ်သမားများသည် Re-entry အလုပ်သမားများ အပါအဝင် ကုန်ထုတ်လုပ်ငန်း ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် လုပ်ငန်းခွင်များ၌ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်ခြင်းကို ကိုဗစ်ကပ်ရောဂါများကြောင့် ၂၀၂၀ ခုနှစ် ဇွန်လမှစ၍ ပိတ်ထားခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်စေလွှတ်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများသည် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော Overseas Worker Identification Card- OWIC ကတ် ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ( Overseas Worker Identification Card- OWIC ) ကို သက်တမ်း ၅ နှစ်ဖြင့် ထုတ်ပေးလျက်ရှိရာ သက်တမ်း ၅ နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည်ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်၍ ပြည်ဝင်၊ ပြည်ထွက်များ အသုံးပြုနိုင်သည်ဟု သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_ 29 July 2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံ ပေးလျက်ရှိရာ ဇူလိုင် ၂၈ ရက်တွင် ၂၂၂ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာ ကန့်သတ်စောင့်ကြည့် ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာကန့်သတ်ထားရှိ ကာ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
မနေ့က ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၅၅ ဦး၊ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၂၂၂ ဦးရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 29 July 2022
ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုလွယ်ကူမြန်ဆန်စေရေး ကုန်တင်ယာဉ်များနှင့် ကုန်စည်ဖလှယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေးစသည့်ကိစ္စရပ်များနှင့် ဇူလိုင် ၂၈ ရက်က ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဆွေးနွေးရာတွင် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး ပြည်နယ်အဆင့် ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နယ်စပ်ကုန်စည်စီးဆင်းမှု လုပ်ငန်းများနှင့် ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက် ကုန်တင်ယာဉ်များ စနစ်တကျ စီမံပြေးဆွဲနိုင်ရေး၊ ကန်ပိုက်တီနယ်စပ်တွင် ကုန်တင်ကုန်ချ/ကုန်စည်ဖလှယ်ရေးကွင်းဆင်း ဆောင်ရွက်သွားမည့် အစီအမံများ၊ စိုက်ပျိုးရေးထုတ်ကုန်သီးနှံများ စနစ်တကျတင်ပို့နိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားပါတယ်။
ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကုန်စည်တင်ပို့မှုများနှင့် စပ်လျဉ်း၍ ဒေသခံမော်တော်ယာဉ်များကို ဦးစားပေးဆောင်ရွက်နိုင်ရေးနှင့် အသင်းအဖွဲ့များနှင့် ညှိနှိုင်းချိတ်ဆက်၍ ဆောင်ရွက်သွားရေး ဆွေးနွေးပါတယ်။
ထို့နောက် တက်ရောက်လာသူများက နယ်စပ်ကုန်စည်တင်ပို့မှု လုပ်ငန်းများနှင့် ပတ်သက်၍ သီးနှံများတင်ပို့မည့်အချိန်တွင် မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စေရေး၊ ကန်ပိုက်တီနယ်စပ် ဂိတ်တွင်သာ မြန်မာ-တရုတ်ကုန်တင်ယာဉ်ကြီးများ ကုန်စည်များဖလှယ်၍ ကားချိန်းတင်ပို့မည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စရပ်များဆွေးနွေးကြပါတယ်။
ထို့ပြင် လိုင်စင်ရှိမော်တော်ယာဉ်များဖြင့်သာ စိစစ်တင်ပို့ဆောင်ရွက်သွားမည့် အစီအမံများ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်များ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရေး၊ နယ်စပ်ကုန်စည်တင်ပို့မှုလုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံတည်ဆဲ ဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရမယ့် ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1614 of 1971