#Local_News
Published _ 7 October 2022
မြန်မာ့ပင်လယ်ပြင်မှာ ငါး၊ ပုစွန် ဖမ်းဆီးတာကို ရုရှားနိုင်ငံနဲ့ နည်းပညာ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 7 October 2022
၁။ ငါး ပုစွန် ဖမ်းဆီးမှုအား ရုရှားနိုင်ငံမှနည်းပညာဖြင့် လုပ်ဆောင်သွားမည်
၂။ ပြည်တွင်းခရီးသွားလုပ်ငန်း နှစ်လအတွင်း သိသာစွာတိုးတက်လာမည်ဟု UMTA ဥက္ကဋ္ဌပြော
၃။ အစိုးရမှ ရွှေစင်၊ ရွှေတုံးများထုတ်ရောင်းပေးနေခြင်းကြောင့် ရွှေဈေးငြိမ်နေခြင်းဖြစ်သည်ဟုဆို
၄။ တရုတ်ပြည်ရှိ အရုပ်စက်ရုံလုပ်ငန်းများ တိုးတက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_7 October 2022
ကွန်ပစ်ပြီး ငါးဖမ်းသူကိုကူညီတဲ့ ဧရာဝတီလင်းပိုင်ကို ကိုဗစ်ကာလက လေ့လာတဲ့သူတွေ လုံးဝမရှိသလောက် ဖြစ်သွားရာကနေ ဒီနှစ်ထဲမှာ ပြန်ပြီး လေ့လာနေကြတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_7 October 2022
ယခုဘဏ္ဍာနှစ်၏ ခြောက်လတာကာလအတွင် ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၇ ဘီလီယံရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပုဂ္ဂလိကကဏ္ဍမှ စက်မှုကုန်ချော တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၂ ဘီလီယံကျော်နှင့် နိုင်ငံပိုင်ကဏ္ဍ တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၉၆ ဘီလီယံကျော်ရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ပိုများကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။
မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် ၁၀ မျိုးမှာ စက်မှုကုန်ချောတစ်ခုဖြစ်သည့်ချုပ်ပြီး အထည်တင်ပို့မှုမှာ ပထမနေရာတွင် ရှိနေကြောင်း၊ စက်မှုကုန်ချောပစ္စည်းများတွင် ချုပ်ပြီးအထည်အပြင် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများ ပါဝင်ကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 7 October 2022
နယ်စပ်ဝင်ထွက်ပေါက်များမှ ပြန်လည်ဝင်ရောက်လာကြမည့်မြန်မာနိုင်ငံသားခရီးသွားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးပါက ကိုဗစ်ပိုးရှိမရှိစစ်ဆေးပြီး ကိုဗစ်ကင်းရှင်းကြောင်းစစ်ဆေးချက်ပါမှ မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်မည်ဖြစ် ကြောင်းသိရသည်၊၊
အောက်တိုဘာလ(၈)ရက်က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့်နယ်စပ်ဝင်/ထွက်ဂိတ်များမှ တစ်ဆင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များတွင် ယင်းကဲ့သို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်၊၊
ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးသူများအနေဖြင့် လွန်ခဲ့သော(၁၄)ရက်ကျော်က ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသည့် အထောက်အထားများကို ပြသရမည်ဖြစ်သည်၊၊
ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် မထိုးထားသူများအနေဖြင့် ကိုဗစ်ပိုးရှိမရှိ အများဆုံးလွန်ခဲ့သည့် (၄၈)နာရီက RDT နည်းဖြင့် စစ်ဆေးပြီး ကိုဗစ်ကင်းရှင်းကြောင်း ဓာတ်ခွဲအဖြေပြသပြီး နယ်စပ်ဝင်ထွက်ပေါက်များမှဝင်ရောက်နိုင်မည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးထားသည့် မိဘ၊ အုပ်ထိန်းသူများနှင့်အတူလာသည့် အသက်(၁၂)နှစ်အောက်ကလေးငယ်များကိုတော့ ယင်းသတ်မှတ်ချက် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်၊၊
ခရီးသွားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် နယ်စပ်ဝင်ထွက်ဂိတ်တာဝန်ရှိသူများက သတ်မှတ်ထားသည့်နေရာများတွင် ကိုဗစ်စစ်ဆေးရမည်ဖြစ်ပြီး ခရီးသည်တစ်ဦးကို ကျပ်(၁၅၀၀၀)နှုန်းဖြင့် မိမိအစီအစဉ်ဖြင့် စစ်ဆေးကြရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
နယ်စပ်ဝင်ထွက်ပေါက်များမှ လာရောက်ကြမည့် နိုင်ငံခြားသားခရီးသွားများအနေဖြင့် မြန်မာ့အာမခံ လုပ်ငန်းမှ ကိုဗစ် ၁၉ ဆိုင်ရာကျန်းမာရေးအာမခံ ဝယ်ယူထားကြောင်း အထောက်အထားများ ပြသရမည်ဖြစ်ကြောင်းနှင့် အခြားလိုက်နာရမည့်အချက်များကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_7 October 2022
ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံပြင်ရွာ အသက် ၄၂ နှစ်အရွယ် ရာအိမ်မှူး အာလီအာမောက်ကို အောက်တိုဘာလ ၆ ရက် ညပိုင်းတွင် လူ ၃ ဦးက ၎င်း၏နေအိမ်အတွင်းသို့လာရောက်ကာ သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ရင်ဘတ်ထိမှန်ဒဏ်ရာရရှိ သေဆုံးသွားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
လာရောက်ပစ်ခတ်သူများထဲတွင် တစ်ရွာတည်းနေသူတစ်ဦး ပါဝင်ကြောင်း၊ လတ်တလောတွင် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆေးစစ်ချက်များ ရယူနိုင်ရေးအတွက် အလောင်းကို ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 7 October 2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၇)ရက် မနက်ပိုင်းတွင် ကျိုင်းတုံမြို့အနီးအင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရသည်၊၊
မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၁၄)မိနစ်၊ (၄၃)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်ဘက် (၁၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုင်းတုံမြို့၏ အနောက်ဘက် (၁၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၇) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၉.၃၇)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်၊၊
မြေငလျင်နှင့်ပတ်သက်၍ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းတွင်လှုပ်ခတ်မှုများနေပြီး စစ်ကိုင်းတိုင်း အပါအဝင်စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိမန္တလေး၊ မိထ္တီလာ၊ ရမည်းသင်း၊ ပျဉ်းမနားနှင့်ပဲခူးဒေသများတွင် မြေငလျင်အန္တရာယ်သတိပြုဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးကလည်း အကြံပြုပြောကြားထားသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1611 of 2122