#LocalNews
Published_ 22 March 2023
သကြန်ကာလနီးလာတာနဲ့အမျှ အခြေခံစားသောက်ကုန် ကုန်စျေးနူန်းတွေစျေးအနည်းငယ်မြင့်တတ်နေတယ်လို့ စားသုံးသူတွေကိုမေးမြန်းချက်အရသိရပါတယ်။အရင်က ကြည်ဥတစ်လုံးကို ငွေကျပ် ၂၆၀ စျေးရှိနေပြီးလက်ရှိမှာ တစ်လုံးကိုငွေကျပ် ၂၈၀ နဲ့ ဝယ်ယူစားသောက်နေတယ်လို့ စားသုံးသူတွေကပြောပါတယ်။ ဘဲဥစျေးဟာလည်း တစ်လုံးကို ၃၂၀ ကျပ်ရှိနေတယ်လို့ စားသုံးသူတစ်ဦးကပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
အမြန်လမ်းယာဉ်တိုက်မှုကြောင့် ကားထဲညပ်နေသူအား ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ မတ်လ၂၂ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁/၂ နှင့် ၁/၃ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦးညပ်နေကြောင်း သတင်းအရ သွားရောက် ကယ်ဆယ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြကာ အဆိုပါ အမျိုးသား (၁)ဦးထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)အား လှည်းကူးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ပိုင်သူနာတင်ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
ymg/ppk
#Yangon-Media-Group

#LocalNews
Published-22 March 2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦး
အိမ်သာကျင်းအသစ်အား ပြုပြင်ရန်ကျင်းထဲဆင်းစဉ် အောက်ဆီဂျင်ပြတ်လတ်၍ သေဆုံးခဲ့ကြောင်း လေးဝတီကုလရက္ခိတပရဟိတအသင်းက သိရသည်။
ကျောက်ဖြူမြို့၊ စိုင်ခြုံကျေးရွာမှ လက်သမားလုပ်ကိုင်သူ ဦးချစ်လွင်သည် မတ်လ ၂၀ ရက် နံနက် ၉ နာရီအချိန်ခန့်က စေတီတောင်ရပ်ကွက်၊ ခေမာလမ်းရှိ ၎င်းအလုပ်လုပ်ကိုင်နေသည့် ဦးကျော်ဝင်း၏နေအိမ်တွင် အိမ်သာကျင်းအသစ်လောင်းရာ၌ ကွန်ကရစ် အဖုံးတွင်ထည့်ထားသည့် သစ်သားဒေါက်တိုင်များဖြုတ်ယူရန် ကျင်းအတွင်းသို့ဆင်းချိန်တွင် အောက်ဆီဂျင်ပြတ်လတ်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
"အိမ်သာကျင်းက လူတစ်ကိုယ်စာအပေါက်ဖွင့်ထားတာ။ လေမရဘူး။ ပြီးတော့ကျင်းအောက် မှာလည်း ရေက တစ်ပေလောက်ရှိတယ်။ အဲဒီ
အိမ်သာတွင်းအသစ်လောင်းရာမှ ထည့်ထားတဲ့ ဒေါက်တိုင်တွေကို ဆင်းဖြုတ်တဲ့ချိန် အောက်ဆီဂျင်ပြတ်လတ်ပြီး သေဆုံးမှုဖြစ်ခဲ့တာ"ဟု လေးဝတီကုလရက္ခိတပရဟိတအသင်းတာဝန်ရှိသူကဆိုသည်။
ယင်းအပြင် သေဆုံးသူအမျိုးသားအား ဆင်းကယ်ခဲ့သည့် အမျိုးသား၃ဦးမှာလည်း ကျင်းပေါ်ပြန်အရောက်တွင် သတိလစ်ခဲ့ကြောင်းသိရသည်။
#ymg/mt
#Yangon-Media-Group
#LocalNews
Published_ 22 March 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာမတ် ၂၂ ရက်နေ့မနက်ပိုင်းတွင် ၁၉၄၃ ဒေါ်လာပေါက်စျေးရှိနေပြီး ပြင်ပမှာရွှေစျေးမှာလည်းမတ်လ ၂၂ ရက်နေ့ မနက်ပိုင်းအထိ အကယ်ဒမီမီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ်၂၉သိန်း၄သောင်းနီးပါး ရှိနေကြောင်း ရွှေစျေးကွက်ထဲကသိရသည်။
ရွှေစျေးဟာ မတ်လ ပထမအပတ်နှင့်ဒုတိယအပတ်မှာ ၂၈သိန်းအောက်အထိကျဆင်းခဲ့ပြီးအမေရိကန်နိုင်ငံ၏ဘဏ်လူပ်ခတ်မူတွေကြောင့် ၂၉သိန်းအထက်ကိုပြန်တတ်လာတာဖြစ်သည်။ရွှေစျေး၂၇သိန်းအောင်ပြန်လည်ကျဆင်းပါက အရောင်းအဝယ်ပြန်လိုက်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိသည်။
အမေရိကန်နိုင်ငံဘဏ်သတင်းတွေကြောင့် ကမ္ဘာ့ရွှေစျေးအပြောင်းအလဲတွေဖြစ်နေပြီးပြည်တွင်းမှာရွှေစျေးကစားသူတွေရှိနေကြောင်း ရန်ကုန်ရွှေအသင်းကထုတ်ပြန်ထားပါတယ်။မတ်လ၂၂ရက်နေ့မနက်ပိုင်းမှာတော့ရန်ကုန်ရွှေအသင်းကတော့ ၂၃သိန်းကျော်သတ်မှတ်ထားသည်။
ymg/ynzw
#Yangon_Media_Group
#LocalNews
Published_ 21 March 2023
မတ်လ ၂၁ ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂၀၄၀ ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်ကားရောင်းချဈေးမှာ တစ်လီတာ ၁၉၃၆ အတက်နှုန်းထားဖြင့် ဈေးပြန်တက်လာကြောင်းစက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများအရ သိရသည်။
“ဆီဈေးက မနေ့ကတစ်ရက်ဘဲကျသွားတာ၊ဒီနေ့ ဆီဝယ်ဖို့မနက်ကဆီဆိုင်ရောက်တော့ပြန်တက်သွားပြီ”ဟုအဌားယာဉ်မောင်းတစ်ဦးကပြောသည်။
ယနေ့ ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းဈေး၌ အောက်တိန်း ၉၂ တစ်လီတာ ၂၀၄၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၃၀ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၂၀၆၀ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ၂,၁၄၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
မတ်လအစ၌ ပြည်တွင်း စက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီ ၂,၁၀၀ ကျပ်ဖြင့် စဖွင့်ခဲ့ပြီး အမြင့်ဆုံးဈေးအဖြစ် ပရီမီယမ်ဒီဇယ် တစ်လီတာ ၂,၂၆၅ ကျပ်အထိရောက်ရှိခဲ့သည် ။
ဒေါ်လာဈေးအပြောင်းအလဲမရှိသော်လည်း ကမ္ဘာစက်သုံးဆီဈေးကြောင့် ပြည်တွင်းစက်သုံးဆီဈေးများ ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်းသိရသည်။
ymg/ppk
#Yangon_Media_Group
#LocalNews
Published-22 March 2023
ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်လာသည့် ကလေးငယ်တစ်ဦး ၊ အမျိုးသမီး ၇ ဦး ၊အမျိုးသား ၄ ဦး ကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၀ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်အပါ ၁၂ ဦး မှာ ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ မင်မြို့၊ ဝမ်ဒို့ကျေးရွာ စမ်ဖရန်၊ဝမ်ဖာရဖီမြို့အနီး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
ယင်း မြန်မာ ၁၂ ဦးကို ပစ်ကပ်ကားတစ်စီးဖြင့်တင်ဆောင်ကာ မောင်းနှင်လာစဉ် စစ်ဆေးရေးဂိတ်က မောင်းပြေးခဲ့စဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း၊စစ်ဆေးချက်များအရ ပို့ဆောင်သူက ပို့ဆောင်ခ ဘတ် ၇၀၀၀ ကနေ ၈၀၀၀ ထိရရှိပြီး ယခင်ကလည်း ၄ ကြိမ်ခန့် ပို့ဆောင်ဖူးသည့်အတွေ့အကြုံရှိကြောင်း ယာဉ်မောင်းက ပြောဆိုထားသည်။
လက်ရှိတွင်ဖမ်းဆီးမိသူအားလုံးကို ဥပဒေအရ ကန်ကျနဘူရီ ရဲစခန်း က ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group


#LocalNews
Published-21 March 2023
ကိုရီးယားသမ္မတနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင်လုပ်ကိုင်ရန် ကျွမ်းကျင်ဂဟေလုပ်သားများအဖြစ် မတ်လ၂၁ရက်က E-7-3 ဗီဇာဖြင့် ၃၆ဦးထပ်မံစေလွှတ်ခဲ့သောကြောင့် မတ်လ အတွင်း ၃ကြိမ်စေလွှတ်ခဲ့ပြီဖြစ်ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးကသိရသည်။
ပြီးခဲ့သည့် ယခု မတ်လ ၁၂ရက်က Samasung Heavy Industries တွင်လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သား ၁၇ ဦးကို ပထအကြိမ်အနေဖြင့်လည်းကောင်း၊ မတ်လ ၁၇ရက်တွင် Samsung Heavy Industries တွင်လုပ် ကိုင်မည့် မြန်မာဂဟေလုပ်သား ၃၃ ဦးကို ဒုတိယအကြိမ်အနေဖြင့်လည်းကောင်း စေလွှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ဆိုလ်းမြို့ မြန် မာသံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာလုပ်သားများရောက်ရှိချိန်တွင် မြန်မာသံရုံး၊ ဆိုလ်းမြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon-Media-Group
Page 1613 of 2439