#Local_News
Published_10 November 2022
အများပြည်သူစီးနင်းနေတဲ့ YBS ယာဉ်လိုင်းပေါ်တွေမှာ ဥပဒေနဲ့ ငြိစွန်းတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်ခဲ့ပါက နီးစပ်ရာရဲစခန်းကိုသာ မောင်းနှင်ဖို့အတွက် ယာဉ်မောင်းတွေကို ညွှန်ကြားထားတယ်လို့ Omni Focus ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောပါတယ်။
#Yangon_Media_Group
#Local _News
Published _ 10 November 2022
ပြီးခဲ့တဲ့ အောက်တိုဘာလကနေစပြီး ကြက်သား၊ ဘဲသားနဲ့ ကြက်ဥဈေးတွေက ကျဆင်းမှုမရှိသေးပဲ ပုံမှန်ဈေးကွက်အနေအထားနဲ့ အရောင်းအေးနေတယ်လို့ ကြက်ဘဲ လက်လီလက်ကားရောင်းဝယ်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _10 November 2022
လက်ရှိမှာတော့ ဧရာဝတီတိုင်းဒေသကြီးက စပါးသိုလှောင်ရုံတွေမှာ လက်ကျန်ဆန်တွေ အဝယ်လိုက်နေလျှက်ရှိပြီး စပါးဈေးတက်ကွေောငျး ဆန်ကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 10 November 2022
၁။ ဆန်အဝယ်လိုက်နေ၍ စပါးဈေးဆက်လက်တက်နိုင်ဟုဆို
၂။ ကြက်သားနှင့် ကြက်ဥဈေး ပြန်လည်ကျဆင်းမှုမရှိသေးဘဲ ဆက်လက်မြင့်တက်နေ
၃။ ယာဉ်ပေါ်တွင် ဥပဒေနှင့်ငြိစွန်းသည့်ကိစ္စရပ်များဖြစ်ပေါ်ခဲ့ပါက ရဲစခန်းသာမောင်းနှင်ရန် ယာဉ်မောင်းများကို ညွှန်ကြားထားဟုဆို
၄။ နောင်ဆယ်စုနှစ်များအတွင်းအိန္ဒိယတွင် လူဦးရေထပ်မံတိုးများဦးမည်ဖြစ်ပြီး လူနေမှုအခြေအနေပိုမိုခက်ခဲလာဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 10 november 2022
ကျောက်စိမ်းပုတီးလုပ်ငန်းလုပ်ကိုင်တဲ့သူတွေ ထောင်ဂဏန်းကျော်ရှိနေတဲ့ စစ်ကိုင်းမြို့မှာ ကျောက်မျက်ရတနာဈေးတစ်ခု လိုအပ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _10 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်းတံတားအနီး ရန်ကုန်မြစ်အတွင်းတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲ ၂နာရီ ခွဲခန့်က သင်္ဘော(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။
မီးလောင်မှုဖြစ်ပွားရာ နေရာသို့ တာမွေမြို့နယ်မီးသတ်စခန်းနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ရေယာဉ်(၅)စီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မီးသတ်သင်္ဘော(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာ ညနေ ၃ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 10 November 2022
မကျန်းမာသည့်အတွက် ဆေးကုသမှုခံယူခဲ့ရသည့် စာရေးဆရာအကြည်တော်သည် နိုဝင်ဘာလ(၉)ရက်ည ၈ နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မနက်ဖြန်နိုဝင်ဘာလ(၁၁)ရက်၊ ရေဝေးသုဿန်၌ ဂူသွင်းသဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်၊
ကွယ်လွန်ချိန်တွင် အသက်(၅၁)နှစ်ရှိပြီဖြစ်ပြီး နိုဝင်ဘာလ(၁၁)ရက်၊နေ့လယ်(၃)နာရီအချိန် ရေဝေးသုဿန်၌ ဂူသွင်းသဂြိုဟ်သွားမည်ဖြစ်သည်ဟု မိသားစုဝင်တွေက ပြောသည်၊၊
"နိုဝင်ဘာလ(၁၁)ရက်၊ နေ့လယ်(၃)နာရီမှာရေဝေးသုဿန် အခန်း(၁)(က)မှာ နာရေးအခမ်းအနားလုပ်သွားဖို့ရှိပါတယ်၊၊ ဂူသွင်းသဂြိုဟ်သွားဖို့ရှိပါတယ်၊၊ သူကကိုဗစ်ကြောင့် အသံဝင်တာက မပျောက်ဘူး၊၊ မပျောက်ဘဲနေရာကနေ အသံနည်းနည်းလာတယ်၊၊ လူကလည်းပိန်လာတယ်၊၊ပိန်လာတာကို သူကပျော်နေသေးတာ၊၊ ဘာမှ မလုပ်ဘဲနဲ့ ပိန်လာတယ်ဆိုပြီး၊၊ နောက်ပိုင်းကျတော့ အစာတွေစားတော့ ပျို့ပျို့ထွက်လာတယ်၊၊သွားစစ်လိုက်တော့ ကင်ဆာဖြစ်နေတယ်၊၊ ကင်ဆာမှ အဆင့်တော်တော်များတယ် တကယ်ကုရမယ့်ဆိုရင်တစ်နှစ်လောက်နဲ့ သေနိုင်တဲ့ အနေအထားဖြစ်နေတယ်၊၊ သူကမယုံဘူး ထိုင်းမှာသွားစစ်တယ်၊၊ကင်ဆာပဲ၊၊ လေပြွန်နဲ့လည်ချောင်းကြားမှာဖြစ်တာ၊၊ ဓာတ်ကင်ရင်လေပြွန်တွေ ပေါက်နိုင်တယ်၊၊ လှီးထုတ်လို့လည်း အဆင်မပြေဘူး၊၊ ဆေးသွင်းဖို့ကျတော့ ဒီကင်ဆာအတွက် သွင်းဖို့ဆေးမရှိဘူး၊၊ နောက်ဆုံးဆေးရုံက အစာအိမ်ကင်ဆာအတွက် သွင်းတဲ့ဆေးကပျောက်နိုင်တယ်ဆိုတဲ့ ယျေဘူယျသဘောပဲတွေ့တယ်၊၊ သူထိုင်းကနေဆေးကုပြီး ပြန်လာတယ်၊၊ သူပြန်ရောက်လာတော့ ဟောဟောနဲ့ အိမ်ရှေ့ထွက်လာတယ်၊၊ ခြင်ထောင်ကို မတင်ပြီးဆင်းသွားပြီးသူအဲ့ရှေ့(အိမ်ရှေ့)မှာတုံးလုံးလဲသွားတယ်၊၊ ကွန်ကရစ်ပေါ် လဲကျသွားတယ် ၊၊ လဲကျသွားကတည်းက သူသေသလိုဖြစ်သွားတယ် သတိမရတော့ဘူး "ဟု စာရေးဆရာအကြည်တော်၏ အစ်ကိုဖြစ်သူ ပန်းချီကိုဆန်းက ပြောပြသည်၊၊
ဆရာအကြည်တော်သည် လည်ချောင်း၊ လည်ပြွန်နှင့်ပတ်သက်သည့် ကင်ဆာဝေဒနာကို ထိုင်းနိုင်ငံတွင် သွားရောက်ကုသခဲ့ကာ ကျန်းမာရေးပြန်ကောင်းခဲ့ပြီး ကင်ဆာဆေးသွင်းရန် မြန်မာနိုင်ငံကိုပြန်လာချိန်မှာ ရုတ်တရတ်အသက်ရှူမဝဘဲ (၁၀)မိနစ် နှလုံးခဏရပ်တန့်သွားခဲ့၍ ပင်လုံဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ရခြင်းဖြစ်သည်၊၊
ဆေးရုံတွင် အခြေအနေအနည်းငယ်ပြန်ကောင်းလာပြီး ကင်ဆာဆေးလည်း သုံးကြိမ်သွင်းခဲ့နိုင်ပေမယ့် နိုဝင်ဘာလ(၉)ရက်ညပိုင်းမှာတော့ နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း သိရသည်၊၊
စာရေးဆရာအကြည်တော်၏ နာမည်ရင်းသည် စောကြည်ဖြူဖြစ်ပြီး အဖ ဦးထွန်းနိုင် ဒေါ်ယုနွယ်တို့၏ မွေးချင်း (၇) ယောက်အနက် ခြောက်ယောက်မြောက်သားဖြစ်သည်၊၊
၁၉၈၈ ခုနှစ်မှစပြီး ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် ကဝေပျို၏နိဒါန်းဆိုတဲ့ လုံးချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်၊၊
ကျောက်သင်ပုန်းများမိုးထားတဲ့အိမ်၊ ကဝေပျို၏ နိဒါန်း၊ ခြူဆီ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ ဇော်က ကနေသည်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်ရေ ပျော်ရဲ့လား (ပြုံးရွှင်သည် ငိုတတ်သည်)၊ ဘီလူး၊ စောကြည်ဖြူနှင့် မြင့်စန်းရီ (မောင်စောကြည်ဖြူနှင့် မမြင့်စန်းရီ)၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ ရွှေမိုးသည်း၊ အိပ်မက်အပိုဒ်ခွဲ (၉)စသော ဝတ္ထုများကို ရုပ်ရှင်ကားကြီးတွေရိုက်ထားရပြီး ယင်းအပါအဝင် ဝတ္ထုပေါင်း (၈၀) ကျော်ကို ရေးသားထားခဲ့တဲ့နိုင်ငံကျော်စာရေးဆရာတစ်ဦးဖြစ်ကြောင်းသိရသည်၊၊


#ymg/tthl
#Yangon_Media_Group
Page 1613 of 2192