#Local_News
Published_17 December 2022
ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းငွေလဲလှယ်နှုန်းကို ပြောင်းလဲသတ်မှတ်ရန်မရှိသေးကြောင်း ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
ပြင်ပဈေးကွက်အတွင်း ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းကို ပြောင်းလဲမည်ဆိုသည့် ကောလဟာလများ ထုတ်လွှင့်ပြီး ဒေါ်လာဈေးဆွဲတင်ရန် ကြိုးစားနေမှုများရှိနေကြောင်း၊ ယင်းအပြင် စက်သုံးဆီကုမ္ပဏီများက Financing ရယူထားသည့် ငွေများပြန်လည်ပေးဆပ်ရန် အကြောင်းပြချက်နှင့် ဒေါ်လာဈေးမြှင့်တင်ရန် လိုက်ဝယ်ယူနေသည်ဆိုသည့် သတင်းများထုတ်လွှင့်ပြီး ဈေးကစားရန် ဆောင်ရွက်နေကြကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဗဟိုဘဏ်အနေဖြင့် USD Liquidity အပြင် လုပ်ခလစာ ငွေလွှဝင်ရောက်မှုတွေကနေ ဈေးကွက်အတွင်းသို ၄၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၀၈ သန်း ရောင်းချပေးခဲ့ပြီး ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။
ဗဟိုဘဏ်၏ လက်ရှိ ရည်ညွှန်းငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ဖြစ်ပြီး ပြင်ပငွေကြေးဈေးကွက်အတွင်းတွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၈၀၀ ဝန်းရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _17 December 2022
ထိုင်းနိုင်ငံတွင်ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသော မြန်မာနိုင်ငံသားအတွက်လျော်ကြေး ထုတ်ယူရန် မိသားစုဝင်များအား အသိပေးစာ တစ်စောင်ကို ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် ထိုင်းနိုင်ငံ Angthong ခရိုင်၊ Chaiyo မြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသွားသူ ယာဉ်မောင်း စောထူးအေး (ခ) နိုင်းဝေ့ (ပန်းရောင်ကဒ် အမှတ်- 00-1502-100001-2) အတွက် လျော်ကြေးကိစ္စများဆောင်ရွက်ရန်နှင့် လျော်ကြေးငွေလက်ခံရန် Chaiyo ရဲစခန်းမှ အကြောင်းကြားလာသောကြောင့် စောထူးအေး (အမှတ် (၄)၊ အစု (၂)၊ လက်ဖားရပ်ကွက်၊ ချိုင်ရိုးမြို့နယ်၊ အန်ထောင်းခရိုင်) နှင့် အတူနေထိုင်ခဲ့သော သူငယ်ချင်း၊ မိတ်ဆွေများအနေဖြင့် စောထူးအေး၏ မြန်မာနိုင်ငံ၌ နေထိုင်သည့် နေရပ်လိပ်စာ၊ မိဘအမည်များ၊ ဆွေမျိုးသားချင်းများ၊ ဖုန်းနံပါတ် များကို သိရှိပါက မြန်မာသံရုံး၏ တယ်လီဖုန်း (၀၉၄၈၀၄၃၂၇၆) ကို အကြောင်းကြားပေးရန် ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_16 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ ရှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၆ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_16 December 2022
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲက ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှု ပြုလုပ်နေတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်ထက် အများကြီးတိုးတက်လာပေမယ့် ကိုဗစ်မတိုင်ခင်ကထက် လျော့နည်းနေတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 december 2022
လက်ရှိ မွေးမြူရေးငါးဈေးတွေ ဆက်တိုက်ဆိုသလို ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 16 December 2022
၁။ ဝယ်လက်နည်းပြီး အအေးခန်းလိုအပ်ချက်များကြောင့် မွေးမြူရေးငါးဈေးကွက် ကျဆင်းနေ
၂။ မူဆယ်နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ထက်တိုးတက်လာသော်လည်း ကိုဗစ်မတိုင်ခင်ကထက် လျော့နည်း
၃။ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီယံကျော်ပိုမိုရရှိခဲ့
၄။ အနောက်နိုင်ငံများမှ မှာယူမှုများလျော့နည်းလာခြင်းကြောင့် ဗီယက်နမ်စက်ရုံအလုပ်သမများ အလုပ်အကိုင်ဆုံးရှုံးလာရ
#Yangon_Media_Group
#Local_News
Published_ 16 December 2022
မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်းစတဲ့ဒေသတွေမှာ ငလျင်လှုပ်ခတ်နိုင်ခြေတွေရှိတဲ့အတွက် သတိပြုနေထိုင်ကြဖို့လိုတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုမင်းထွေးက ပြောပါတယ်၊၊
#Yangon_Media_Group
Page 1620 of 2278