#LocalNews
Published_ 25 March 2023

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် မတ် ၂၄ ရက်နံနက်က အိမ်စီးကားတိုင်းရော့ဒ်ပြုတ်ထွက်၍ လမ်းဘေးရှိ ယူကစ်ပင်အား ဝင်တိုက်မိခဲ့သည်ဟု အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၆၈/၆ နှင့် ၁၆၈/၇ ကြားတွင် ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် CLAZ(အဖြူရောင်)အိမ်စီးကား မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၃ ဦးလိုက်ပါလာသည့် အိမ်စီးကားသည် အခင်းဖြစ်နေရာ၌ ရှေ့မှသွားနေသည့်ကားအားကျော်တက်စဉ် ရှေ့ညာဘက်တိုက်လော့ပြုတ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းရှိ ယူလစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား နေပြည်တော်ကုတင်(၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့ကြပြီး ကားမောင်းသူအား သာဂရအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ymg/ppk
#Yangon-Media-Group