#Local_News
Published-2 Setember 2022
ဒီနေ့ (စက်တင်ဘာလ ၂ ရက်) မှာလည်း စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေး ထပ်မံကျဆင်းလာတယ်လို ဈေးကွက်အတွင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 2 September 2022
၁။ စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးထပ်မံကျဆင်းလာ
၂။ ရွှေဒင်္ဂါးပြားများကို ရွှေဈေးကွက်တည်ငြိမ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယနေ့မှစ၍ ရောင်းချပေးနေ
၃။ အာဆီယံနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် လာမည့်ခရီးသွားရာသီအတွက် အထောက်အကူပြုဟုဆို
၄။ လွန်ခဲ့သည့်ရာစုနှစ်(၄)ခုမှ အဝတ်ဒီဇိုင်းပုံစံအား ပြန်လည်ဖန်တီးလျက်ရှိသည့် ပြင်သစ်အိန္ဒိယလူမျိုးဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 2 September 2022
ဒီဘဏ္ဍာနှစ်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက် ၂၄၅ သန်းကျော် လျော့ကျ နေတယ်လို စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
#Yangon_Media_Group
Published_2 Septmber 2022
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်း (Vicky Bowman) နှင့် ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့ ကို နစက က ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
စက်တင်ဘာလ ၁ ရက် ကြာသပတေးနေ့က အင်းစိန်ထောင်တွင်းတရားရုံး၌ ရုံးထုတ်ကြားနာပြီး စက်တင်ဘာလ ၂ ရက် (ယနေ့)တွင် ထောင်ဒဏ် တစ်နှစ်စီ အသီးသီး ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်တွင် လိပ်စာပြောင်းလျှောက်ထားရန် ပျက်ကွက် သဖြင့် ဗြိတိန်နိုင်ငံသူ သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း နစက အနေဖြင့် သတင်းထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်သည်။
မစ္စဗစ်ကီဘိုးမန်း၏ ဗီဇာနေထိုင်ခွင့်သက်တမ်းမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်အထိဖြစ်ပြီး စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာတွင် နေထိုင်ရမည့် မှတ်ပုံတင်လက်မှတ်ကို မတ်လ ၉ ရက်က ထုတ်ပေးခဲ့ကြောင်း၊သို့သော်လည်း
ယင်းတို့နှစ်ဦး က ထုတ်ပေးသည့် နေရပ်လိပ်စာတွင် မနေဘဲ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိဦးထိန်လင်း၏ နေအိမ်၌ ၂၀၂၁ ခုနှစ် မေလ ၄ ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်ထိ နေထိုင်သည့်အတွက်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မစ္စဗစ်ကီဘိုးမန်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့်ခဲ့ကာ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းကို ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေအပေါ် ဆန့်ကျင်လျက် ဇနီးဖြစ်သူ၏နေရပ်လိပ်စာပြောင်းရွှေ့နေထိုင်မှုကိုသိသော်လည်း ဆက်လက်နေထိုင်ရန် ကူညီအားပေးအားမြှောက်ပြုခဲ့ခြင်းကြောင့် ပုဒ်မ ၁၃(၅) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အားပေးကူညီမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ygm/mt
Yangon_Media_Group
#Local_News
Published - 2 September 2022
Youtube ပုံစံ တိုက်ရိုက်ထုတ်လွှင့်ပြီး အသုံးပြုနိုင်သည့် Mtube ပလက်ဖောင်းတစ်ခုကို အစားထိုးရန်ပြင်ဆင်နေကြောင်း ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။
စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် United Info-Sec ကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးကျော်စွာမင်းက Mtube Live Streaming Platform နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြမှုအတွင်း ဦးမောင်မောင်အုန်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် မိမိတို့ထုတ်ပြန်သည့် သတင်းများကို ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်းစသည့် နည်းပညာ အားကိုးပြီး အနိုင်ကျင့် ဆောင်ရွက်နေခြင်းကို ကြုံတွေ့နေတာကြောင့် ယခုလို ထီထွင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
Youtube ပုံစံတူ Mtube ပလက်ဖောင်းကို United Info-Sec နည်းပညာကုမ္ပဏီက တာဝန်ယူ တီထွင်နေခြင်းဖြစ်ပြီး လက်ရှိမှာ စမ်းသပ်အသုံးပြုသည့်အဆင့်တွင်သာ ရှိသေးကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 2 Sept 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ငွေကျပ် ၂၆၀၃.၆ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
သြဂုတ်လ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ ကောင်းမှုတော်ဘုရားအနီး ကားလမ်းတွင် မောင်ဒွေးမောင်းနှင်ပြီး စက်မောင်လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်နှင့် ငြိမ်းချမ်းဦး မောင်းနှင်ပြီး ကြည်လှိုင်နှင့် ဇော်လင်းနိုင်တို့ လိုက်ပါလာသည့် NISSAN UD အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ငြိမ်းချမ်းဦး မောင်းနှင်သည့် NISSAN UD ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆူဒိုအက်ဖီဒရင်း ၁၃၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၆၀၀) ၊ ပီပါများအတွင်းမှ အီသိုင်းအီသာ ၃၆၀ လီတာ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၆ သိန်း) နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မောင်ဒွေး (၂၉) နှစ်၊ စက်မောင်(၄၈)နှစ်၊ ငြိမ်းချမ်းဦး(၃၂)နှစ်၊ ကြည်လှိုင်(၅၂)နှစ်နှင့် ဇော်လင်းနိုင်(၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 2 September 2022
အဆိုတော် စိုင်းဆိုင်မောဝ်အား မန္တလေးမြို့တော်ဆေးရုံတွင် တင်ထားရကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၂ ရက် ညနေ ၄ နာရီခွဲအချိန်တွင် Operating ဝင်ရမည်ဖြစ်ကြောင်း ယင်း၏ မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကလည်း နာမည်ကြီးအဆိုတော် စိုင်းဆိုင်မောဝ်၏ ကျောက်ကပ်၌ တည်ရှိနေသည့်အစိုင်အခဲကို ခွဲစိပ်ကုသခဲ့ရသေးကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1597 of 2032