#DailyNews
Published_ 17 January 2023
၁။ စီးပွား၊ ကူးသန်းက စားအုန်းဆီတင်သွင်းသူတွေကို တစ်ဒေါ်လာ (၂,၄၈၈) ကျပ်သတ်မှတ်ပေး
၂။ ဒလဘက်ကအသက်ရှူမွန်းကြပ်လူနာများကိုနေ့စဉ် ဆေးရုံပို့ဆောင်ပေးနေရ
၃။ ရေထွက်ပို့ကုန်ရငွေကို ယွမ်၊ ဘတ်တို့ဖြင့် နိုင်ငံတော်အခွန်ပေးသွင်းခွင့်ပြုထားဟုဆို
၄။ အင်္ဂလန်တွင် တစ်ခါသုံးပလတ်စတစ်ပစ္စည်းအသုံးပြုခြင်းကို တားမြစ်သွားမည်ဟု အစိုးရအဖွဲ့ထုတ်ပြန်ကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_17 January 2023
ယခုရက်ပိုင်းအတွင်းမှာ ကြက်သွန်နီဈေးနှုန်းဟာ အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 17 January 2023
ရှမ်းပြည်နယ် မူဆယ်မြို့ အမှတ် (၁) မြို့မဈေး အပေါ်ထပ်တွင် ဖွင့်လှစ်ထားသည့် “လောဝ်ခမ်း” ရွှေဆိုင်မှ ရွှေဆွဲကြိုး ၈ ကုံးခန့်ကို အမျိုးသမီးနှစ်ဦးက ယနေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီခန့်အချိန်တွင် လုယက်ယူဆောင်သွားကြောင်း သိရသည်။
ရွှေများလုယက်ယူဆောင်သွားသည့် အမျိုးသမီး ၂ ဦးမှာ အသက် ၅၀ ခန့်အရွယ်များဖြစ်ပြီး အနွေးဦးထုပ်၊ အနွေးအင်္ကျီ နှင့် မာဖလာပတ်ထားကာ ရွှေလာဝယ်သည့် ပုံစံဖြင့် အဆိုပါ ရွှေဆိုင်ကို ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း ခန့်မှန်းတန်ဖိုးမှာ ငွေကျပ် သိန်း ၃၀၀ ခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မူဆယ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်က ကျင်တွင်လည်း ခရစ်ယာန်ရပ်ကွက်အတွင်းရှိ ဖုန်းအဟောင်းရောင်းဝယ်ရေး ပြုလုပ်သည့် ဆိုင်တစ်ဆိုင်သို့ အမည်မသိ မျက်နှာဖုံးစွပ် အမျိုးသား ၆ ဦး မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာကာ ဓားပြလာတိုက်သွားသည့်အတွက် ငွေကျပ်သိန်း ၁၀၀၀ ထက်မနည်း ဆုံးရှုံးသွားသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 17 January 2023
ကန်တော်ကြီးတွင် ရုပ်အလောင်းတွေ့ရသည့် ကိုလှဘုန်းလင်းအတွက်ဝမ်းနည်းကြေကွဲကြောင်း ချင်းနှစ်ခြင်းခရစ်ယာန် အသင်းတော် ရန်ကုန်မှထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
ထုတ်ပြန်ချက်တွင် Ko Van Lal Malsawma @ လှဘုန်းလင်း အသက်(26) နှစ်၏ မိဘများသည် ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ရန်ကုန်၏ အသင်းသားများဖြစ်ပြီး Ko Van Lal Malsawma @ လှဘုန်းလင်း အသက်(26) နှစ်သည်ဇန်နဝါရီလ (၁၇)ရက်နံနက်တွင် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ရန်ကုန်မှ အထူးပင်ဝမ်းနည်းကြေကွဲရပါကြောင်း၊ ဈာပနအစီအစဉ်ကို ထပ်မံဖော်ပြမည်ဖြစ်ကြောင်းဖော်ပြထားသည်၊၊
"သူဟုတ်ပါတယ်၊၊ ကန်တော်ကြီးမှာပြန်တွေ့တာ ချင်းလူငယ် ကိုလှဘုန်းလင်းဖြစ်ပါတယ်"ဟု အသင်းတော်မှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောသည်၊၊
ဇန်နဝါရီလ ၁၇ ရက် နံနက်ကရန်ကုန်မြို့ကန်တော်ကြီးရေပြင်အတွင်းသေဆုံးသူကိုတွေ့ရှိခဲ့ရခြင်းဖြစ် ပြီးသေဆုံးရခြင်းအကြောင်းရင်းကို သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 17 January 2023
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ညအပူချိန်သည် ရေခဲအမှတ်အောက်(-၆) ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး အခုရက်ပိုင်းအတွင်းစစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်ညအပူချိန်လျော့နည်းလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊
ချင်းပြည်နယ်သည် ယခုနှစ်တွင် ဇန်နဝါရီလ ပုံမှန်ပျှမ်းမျှအပူချိန်အောက် (၆)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ခြင်း ဖြစ်သည်၊၊
ဇန်နဝါရီလ (၁၇) ရက် မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (-၆)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့နှင့် မိုင်းယန်းမြို့တို့တွင် (၁)ဒီဂရီစင်တီဂရိတ်စီ၊ တီးတိန်မြို့တွင် (၂)ဒီဂရီစင်တီဂရိတ်၊ ကျောက်မဲမြို့၊ ဟဲဟိုးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၃)ဒီဂရီစင်တီဂရိတ်စီတို့ရှိခဲ့သည်ဟု ဆိုသည်၊၊
နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ညအပူချိန်များအနည်းငယ်လျော့နည်းနိုင်ကြောင်း အသိပေးဖော်ပြထားသည်၊၊
ညအပူချိန်များ အနေဖြင့် ချင်းပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၆)ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊ နေပြည်တော်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_17 January 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားတွင်မြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် အမှတ်၁၃၁၊ မြေညီထပ်ရှိ KBZဘဏ် တွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၁၁ နာရီကျော် အချိန်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်သူ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးအား ဘဏ်လုံခြုံရေးတာဝန်ရှိသူများ၊ ရပ်ကွက်နေသူများနှင့် ရတခလရ(၉၁)ရင်းမှူးဦးစီးအဖွဲ့တို့က ပိတ်ဆို့ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတွင် ပြစ်မှုကျူးလွန်သူအား သက်သေခံပစ္စည်း သိန်း ၁၉၀ ၊ ၎င်းကိုယ်ပိုင်ပိုက်ဆံ ၅ သိန်း ၄ သောင်း ၈ ထောင်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်ရှိတွင် ကျောက်တံတား ရဲစခန်းသို့ လွှဲပြောင်းပေးထားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 17 January 2023
နာဂဒေသအတွင်းပွဲကြည့်စင်နှင့် ပြေးလမ်းပါ အားကစားကွင်းတစ်ခုတည်ဆောက်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
နစက ဥက္ကဌက ဇန်နဝါရီလ ၁၅ ရက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအထူးအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းပွဲကြည့်စင်နှင့်ပြေးလမ်းပါ အားကစားကွင်းတစ်ခုဆောင်ရွက်ပြီးစီးပါကဒေသခံများ အနေဖြင့်လည်း စနစ်တကျထိန်းသိမ်းရန်၊ ပွဲတော်များမှာ အမြဲတမ်းပြုလုပ်ခြင်းမဟုတ်သည့်အတွက် သီးခြားမြေနေရာသတ်မှတ်ဆောင်ရွက်ခြင်းထက် ပွဲပြုလုပ်သည့် စင်မြင့်များကို အလွယ်တကူ ဖြုတ်တပ်ဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ယင်းအပြင် ၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အမီ ချင်းတွင်းမြစ်ကူး ထမံသီတံတားပြီးစီးရေးနှင့် ထမံသီအထိ ကတ္တရာလမ်း ခင်းကျင်းပေးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ရန်လိုကြောင်း နစက ဥက္ကဌက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စာရာမေရိတောင်ခြေရှိ လေရှီး-လဟယ်ဆက်သွယ်ထားသည့် မြေသားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နာဂဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအတတ်ပညာများပါဝင်သည့် အခြေခံပညာအထက်တန်းကျောင်းတစ်ခု တည်ဆောက်ပေးမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် သိပ္ပံအဆင့်အထိ အဆင့်ဆင့်တက်လှမ်းနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1595 of 2315