#Breaking_News
Published 18 Nov 2022
အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဖွဲ့ဝင် (၄၁)ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်၇၅/၂၀၂၂ ကို ယနေ့ နိုဝင်ဘာ (၁၈)ရက်ရက်စွဲဖြင့် နစက,က ထုတ်ပြန်ကြေညာပါတယ်။
အဆိုပါအမိန့်စာအရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူတွေက AA လက်နက်ကိုင်အဖွဲ့မှ (၁၇)ဦး၊ KIA မှ (၁၇)ဦး၊ RCSS/SSA. မှ (၅)ဦးနှင့် KNU/KNLA မှ(၂)ဦးတို့ဖြစ်ကြပါတယ်။
ထို့အပြင် တရားရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ AA မှ(၁)ဦးနှင့် KIA မှ(၃)ဦး ပေါင်း(၄)ဦးတို့ရဲ့ အမှုတွေကိုလည်း ပိတ်သိမ်းလိုက်တယ်လို့ သီးခြားအမိန့်၇၆/၂၀၂၂ ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
-ymg/knl
#EAO_Amnesty



#Local_News
Published _ 18 November 2022
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ၂နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို လာမယ့်ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့အထိ တစ်လတိတိ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_18 November 2022
ပြည်ပနိုင်ငံတွေထံက ချေးငွေရရှိခြင်းမရှိသည့်အတွက် စီမံကိန်းအချို့ရပ်ဆိုင်းထားရကြောင်း နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ယနေ့ ပြုလုပ်သည့် ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် နောက်ထပ်ချေးငွေရယူထားခြင်းမရှိကြောင်း၊ ယင်းကြောင့်လက်ရှိအခြေအနေတွငိ အစိုးရအနေဖြင့် ပြည်ပချေးငွေအပါအဝင် ထောက်ပံ့ငွေများ ရယူခဲ့ခြင်းမရှိဘဲနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ၄င်းကပြောကြားခဲ့သည်။
နစက တာဝန်ယူခဲ့သည့်ကာလအတွင်း NLD အစိုးရလက်ထက်အပါအဝင် ယခင်အစိုးရလက်ထက်တွေက ချေးယူခဲ့သည့် ချေးငွေများထဲက ဒေါ်လာ ၁ ဒသမ ၄၅၉ ဘီလီယံကို ပြည်ပထောက်ပံ့ငွေမရှိဘဲ ပြန်ဆပ်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_18 November 2022
လာမယ့်ဒီဇင်ဘာလမှာ မိုင်းတွင်းတွေကနေ ပစ္စည်းအသစ်တွေထွက်ရှိမှာဖြစ်တဲ့အတွက် ရွှေပြတ်လပ်မှုမရှိနိုင်ဘူးလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
#Yangon_Media_Group
Published 18 Nov 2022
ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အဖြစ် သူဟာ မြန်မာနိုင်ငံကို လာမယ့် အပတ်တွေထဲ တတိယအကြိမ်လာရောက်ဖို့ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီလိုသွားရောက်ခြင်းဟာ မြန်မာနိုင်ငံကို ပုံမှန်အနေအထားနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အတွက် နောက်ထပ်ကြိုးပမ်းအားထုတ်မှုဖြစ်တယ်လို့လည်းဆိုပါတယ်။
ယနေ့ နိုဝင်ဘာ (၁၈)ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ မြန်မာနစကရဲ့ အကျဉ်းသားတွေလွှတ်လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ဆော့ခွန်ကပြောကြောင်းသိရပါတယ်။ အကျဉ်းသား ခြောက်ထောင်ကျော်ကို မြန်မာနိုင်ငံက လွှတ်ပေးလိုက်တာဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်နှင့်အညီ လက်ရှိအကျပ်အတည်းတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခု ရှာဖွေဖို့ အခွင့်အလမ်းတွေ လမ်းပွင့်သွားတဲ့ ကောင်းမွန်တဲ့စိတ်ထားတစ်ခုဖြစ်တယ်လို့ သူက ပြောကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ ယခု အကျဉ်းသား အမြောက်အမြားလွှတ်ပေးခြင်းဟာ မြန်မာနိုင်ငံမှ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအကြား ဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ခုစတင်ဖို့အတွက် ထောက်ကူပေးမယ့် ဝန်းကျင်တစ်ခုကိုဖန်တီးဖို့ လမ်းကြောင်းမှန်ပေါ်က အရေးကြီးတဲ့ ပြမူမှုတစ်ခုလို့ အထူးသံတမန်က မှတ်ယူပါတယ်”
“ဒါဟာ လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခုဆက်လက်ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ ပြူမူမှုတစ်ခုနှင့် ၂၀၂၁ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေအစည်းအဝေးမှာ ရရှိခဲ့တဲ့ ဘုံသဘောတူညီချက်(၅)ချက်ရဲ့ အနှစ်သာရနှင့်ကိုက်ညီတဲ့ ကောင်းမွန်တဲ့တိုးတက်မှုတစ်ခုဖြစ်တယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ သတိထားမိစရာ လူပုဂ္ဂိုလ်အချို့လွတ်မြောက်လာတာကို အမည်နှင့်တကွဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ယခင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၊ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားတက်ကြွသူ ကိုမြအေးတို့အမည်တွေပါဝင်ပါတယ်။
လွှတ်ပေးတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရသူ ဦးမျိုးညွန့်၊ အလုပ်အမှုဆောင် ဦးသိန်းဦး၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ ပါမောက္ခ ဦးမောင်သာချို၊ ရွှေညဝါဆရာတော်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်းနှင့် သူ့ခင်ပွန်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပါမောက္ခ ရှောင်တာနယ်၊ ဂျပန်သတင်းထောက်နှင့် ရုပ်ရှင်ထုတ်လုပ်သူ တိုရူကူဘိုတာ၊နှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦး တို့ပါဝင်ကြပါတယ်။
“ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုသည့် ဘုံသဘောတူညီချက်(၅)ချက်၏ ဦးစားပေးလုပ်ငန်း(၃)ခုရရှိနိုင်စေရေးအတွက် ပိုပြီးတိုးတက်ဖြစ်ထွန်းမှုများရှိလာမည်ဟုယုံကြည်ပါသည်” လို့လည်း ဆော့ခွန်ကပြောပါတယ်။
Source: Phnom Penh Post
#ASEAN_Special_Envoy
#Prak_Sokhonn
#Myanmar_ASEAN
#Local_News
Published _ 18 November 2022
လတ်တလောမှာ မီးစက်သုံးဖို့လိုအပ်ချက်တွေရှိနေကြပေမယ့်လည်း မရှိမဖြစ်လိုတဲ့ သူတွေပဲဝယ်ယူနိုင်တဲ့အတွက် မီးစက်ဈေးကွက်သိသိသာသာရောင်း အားတက်လာတာမရှိသေးဘူးလို့ မီးစက်ရောင်းဝယ်ရေးလုပ်ငန်းတွေထံမှသိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 18 November 2022
ပြည်တွင်းသကြားလက်ကျန် များပြားနေတဲ့အတွက် ကြံရာသီစချိန်မှာ သကြားဈေးကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံသကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1595 of 2192