#Local_News
Published_ 28March 2023
မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် ကျောက်တောင် သုသာန်ဇရပ်အနီးတွင် အိမ်ခြေမဲ့အမျိုးသားတစ်ဦးသေဆုံးနေပြီး ရုပ်အလောင်းမှာ ပုပ်ပွနေကြောင်း ဦးလှမိုး တာချီလိတ်လူမူကူညီရေးအသင်းမှ သိရသည်။
သေဆုံးသူအမျိုးသားမှာ အသက်၃၀ ဝန်းကျင်ခန့်ရှိပြီဖြစ်ပြီး အမည်နာမည်နှင့် မိသားစုကိုဆက်သွယ်စုံစမ်း၍ မရသည့်အတွက် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပြီး ကျောက်တောင်သုသာန်မှာပင် မီးသဂြိုလ်ပေးခဲ့ကြောင်း အဆိုပါအသင်းမှ သိရသည်။
မတ်လ ၂၈ ရက်နေ့ မနက် ၄ နာရီဝန်းကျင်ခန့်ကလည်း တာချီလိတ်မြို့ လမ်းဆုံတစ်ခုတွင် အိမ်ခြေယာမဲ့ အသက် ၄၀ ခန့်အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားခဲ့သေးကြောင်း အဆိုပါ အသင်းမှပင်သိရသည်။ တိုက်သွားသည့်ကားမှာ ထွက်ပြေးသွားပြီး သေဆုံးသူ အိမ်ခြေယာမဲ့ အမျိုးသားကို ကျောက်တောင် သုသာန်မှာသဂြိုလ်ပေးခဲ့ကြောင်းသိရသည်။
#ymg/ynzw #Local_News #တာချီလိတ် #သုသာန် #ပုပ်ပွသေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_ 27 March 2023
လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုမှ ကုန်သွယ်မှုဝင်ငွေသည် မျှော်မှန်းထားသည့် ပမာဏထက် ဒေါ်လာသုံးဘီလီယံ
ကျော်လွန်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ စုစုပေါင်း ၂၉ ဒသမ ၅ ဘီလီယံမျှော်မှန်းထားပြီး ယခုအခါ ဧပြီလ ၁ ရက်မှ မတ်လ ၁၇ ရက်အထိ ပို့ကုန်တင်ပို့မှုမှ ၁၅ ဒသမ ၉၅ ဘီလီယံ၊ သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၀ ဘီလီယံစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၆၅ ဘီလီယံရရှိထားပြီး ကန်ဒေါ်လာ ၃ ဒသမ ၁၅ ဘီလီယံ ပိုမိုရှိထားခြင်းဖြစ်သည်။
ယခုနှစ်အတွက်ကုန်သွယ်မှုပမာဏကို ၃၀ ဘီလီယံ နီးပါး မျှော်မှန်းထားရာမှ ကုန်သွယ်ငွေသည် ၃၂ ဘီလီယံခွဲရှိနေပြီဖြစ်သည်။
ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောတင်ပို့မှုနှင့် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အများဆုံးဝင်ငွေရရှိထားပြီး၊ သွင်းကုန်ကဏ္ဍတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို အများဆုံးတင်သွင်းထားကြောင်း ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
#ymg/ppk #Local_News #ပြည်ပကုန်သွယ်မှု #ဒေါ်လာ ၃ ဘီလီယံ
#YMG #Yangon-Media-Group
#LocalNews
Published_ 28 March 2023
ရန်ကုန်မြစ်တွင်းပြေးဆွဲနေတဲ့သဗ္ဗာန်တွေအနေနဲ့ သင်္ကြန်ကာလမှာ ပုံမှန်ပြေးဆွဲပေးမှာဖြစ်ပြီး သဗ္ဗာန်မောင်းနှင်သူတွေကိုအလှည့်ကျပုံစံနဲ့သင်္ကြန်ပိတ်ရက်တွေမှာနားခွင့်ပေးထားတယ်လို့ သဗ္ဗာန်ပြေးဆွဲသူတွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#Local_News
Published_ 28 March 2023
ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#YMG#Yangon_Media_Group
#LocalNews
Published_ 28March 2023
သင်္ကြန်တွင်း ရေကစားပစ္စည်းများ ဈေးကွက်ထဲမှာရောင်းအား ကောင်းနေပေမယ့် ပစ္စည်းပြတ်နေတယ်လို ရန်ကုန်မြို ၂၄လမ်းရှိ ရေကစ္စည်းအရောင်းဆိုင်တွေကိုမေးမြန်းချက်အရသိရပါတယ်။
#YMG#Yangon_Media_Group
#Local_News
Published_ 28 March 2023
သင်္ကြန်ကာလမှာ ရန်ကုန်နဲ့အနီးဆုံးနေရာဖြစ်တဲ့ လှည်းကူးမြို့နယ်ထဲက သူဌေးကျွန်း Resortနဲ့အခြားResortတွေကို လာရောက်မယ့်သူတွေပိုများလာနိုင်တယ်လို့ လှည်းကူးမြို့နယ်၊ခရီးသွားလမ်းညွှန်တွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#DailyNews
Published_ 28 March 2023
၁။သင်္ကြန်ကာလအတွင်းရန်ကုန်နှင့်အနီးဆုံးဖြစ်သည့်လှည်းကူးရှိသူဌေးကျွန်းနှင့်Resortများသို့လာရောက်လည်ပတ်မည့်သူပိုများလာနိုင်
၂။သင်္ကြန်ရေကစားပစ္စည်းများဝယ်သူများပေမယ့် ပစ္စည်းရှားပါးနေ
၃။ ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းမှအားကောင်းပြီးမုန်တိုင်းငယ်ဖြစ်နိုင်၊နွေကာလမိုးဆက်ရွာဦးမည်
၄။တရုတ်ဂြိုဟ်တုစနစ်နှင့်အပြန်အလှန်ချိတ်ဆက်နိုင်မည့် P60 စီးရီးစမတ်ဖုန်းအသစ်များအားဟွာဝေးမိတ်ဆက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1599 of 2438