#Local_News
Published_ 31 March 2023
မတ်လ ၂၉ ရက်နေ့ က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ လမ်းသွယ်(၅)နေ မနူးမိုင် ငှားရမ်းနေထိုင်သည့် နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့် (Happy Water)အလေးချိန် ၁၂၅ ဂရမ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထပ်မံထွက်ဆိုချက်အရ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများရောစပ် ထားသောအမှုန့်(Happy Water)အလေးချိန် ၉၀၀ ဂရမ်၊ စုစုပေါင်း စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့် (Happy Water)အလေးချိန် ၁.၀၂၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၃၀)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
တရားခံဖြစ်သူ မနူးမိုင်(၂၅)နှစ်အား ပလနနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။
ymg/ppk
#ကချင်ပြည်နယ် # မြစ်ကြီးနားမြို့ #(Happy Water) စိတ်ပြောင်းဆေးဝါး #ဖမ်းဆီးရမိ
#YMG #Yangon_Media_Group
#Local_News
Published_ 31 March 2023
သင်္ကြန်တွင်း ပိတ်ရက်ရှည်ကာလတွေမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပခရီးစဉ်တွေအဖြစ်အိန္ဒိယ၊ ထိုင်းနဲ့စင်ကာပူနိုင်ငံတို့ကို အများဆုံးသွားရောက်လည်ပတ်နေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်၊၊
#Local_News #သင်္ကြန်ကာလ #ပြည်ပခရီးစဉ် #အိန္ဒိယ #ထိုင်းနှင့်စင်ကာပူ #YMG#Yangon_Media_Group
#Local_News
Published_ 31 March 2023
မကွေးတိုင်း၊ သရက်မြို့ ရုံးရပ်ကွက်ရှိ ဇက်ဆိပ်တွင် မတ် ၃၀ ရက်(ယနေ့)နံနက်က အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရပါတယ်။
#Local_News #သရက်မြို့ #အမျိုးသားတစ်ဦး #ရေနစ်သေဆုံး
#YMG#Yangon_Media_Group
#Local_News
Published_ 31 March 2023
မတ်လ ဒုတိယအပတ်ထဲမှာ ဈေးမြင့်တက်လာတဲ့ ရွှေဈေးလက်ရှိအချိန်အထိ ၂၉ သိန်းအထက်မှာပဲရှိနေသေးတဲ့အတွက် ဈေးကွက်ထဲမှာ အရောင်းဝယ်အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက YMG ကို ပြောပါတယ်။
#Local_News #ရွှေဈေးကျဆင်း #Gold #အရောင်းဝယ်မရှိ
#YMG#Yangon_Media_Group
#Local_News
Published 31 March 2023
ဧပြီလဆန်းပိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News
#ဧပြီလဆန်း #မိုးရွာခြင်း #မိုးကြိုးပစ်ခြင်း #မိုးသီးကြွေခြင်း
#YMG#Yangon_Media_Group
#Daily_News
Published_ 31 March 2023
၁။ဧပြီလဆန်းတွင်အချိန်အခါမဟုတ် မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်မည်
၂။ရွှေဈေးကျဆင်းမှာကို စောင့်နေသည့်အတွက် ဈေးကွက်ထဲအရောင်းဝယ်မရှိသလောက်ဖြစ်နေ
၃။ သရက်မြို့ရှိ ဇက်ဆိပ်တွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး
၄။ကန္တာရများထဲတွင် ကမ္ဘာ့အကြီးဆုံးလေစွမ်းအင်နှင့် ဆိုလာစွမ်းအင်ဓာတ်အားစခန်းကြီး တရုတ်တွင်ဆောက်လုပ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 31 March 2023
မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အဲဒီလမ်းမှယာဉ်သွားလာမှုတွေကို ပိတ်ဆို့ထားတာဖြစ်ပါပြီး မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းကနေလက်ရှိအချိန်အထိတော့ ယာဉ်သွားလာမှုတွေ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီးလို့ အလင်းသစ်မြဝတီပရဟိတအသင်း တာဝန်ခံက ပြောပါတယ်။
#Local_News #ခေတ္တပိတ် #မြဝတီအာရှလမ်းမကြီး
#YMG#Yangon_Media_Group
Page 1603 of 2449