#Local_News
Published-1 April 2023
ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများ ကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကသိရသည်။
အဆိုပါလေယာဉ်ကွင်းများ အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေသည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၁ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းအဆင့်မြှင့်မည့် လေယာဉ်ကွင်းများဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲလေယာဉ်ကွင်းများ၏ သမိုင်းအကျဉ်းနှင့် လေယာဉ်ကွင်းဆိုင်ရာ အချက်အလက်များ၊ လေယာဉ်များဆင်းသက်နိုင်မှု၊ လေဆိပ် ဆိုင်ရာအချက်အလက်များ၊ လေဆိပ်အထောက်အကူပြုစက်ကိရိယာများနှင့် လေကြောင်းဆက်သွယ်ရေးစက်များတပ်ဆင်ထားမှု၊ လုံခြုံရေးစက်ပစ္စည်းများတပ်ဆင်ထားရှိမှု၊ လေယာဉ်ပြေးလမ်းများနှင့် လေဆိပ်များ တိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်မှု လုပ်ငန်းများ အဆင့်လိုက်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ သက်ဆိုင်ရာဌာနများအနေဖြင့် တင်ပြကြကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နစကဥက္ကဌက လေယာဉ်ကွင်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်မှုများဆောင် ရွက်ရာတွင် လေယာဉ်ပြေးလမ်းများကို ရေရှည်အတွက် မျှော်တွေးပြီး စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ လေယာဉ်ပြေးလမ်းများ တိုးချဲ့အဆင့်မြှင့်တင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရန် ၊ လေယာဉ်ရပ်နားရန်နေရာများ တည်ဆောက်ရာတွင်လည်း စနစ်တကျတည်ဆောက်ရန်လိုကြောင်းပြောကြားခဲ့သည်။
ယင်းအပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာနောင်အချိန်တွင် ဆိပ်ကမ်းစက်မှုလုပ်ငန်းများတိုးတက်လာပြီး ကုန်သွယ်မှုများပါ မြင့်တက်လာနိုင်ခြင်းကြောင့် နိုင်ငံခြားခရီးသွားများလည်း ပိုမိုဝင်ရောက်လာနိုင်ပြီး ကုန်တင်လေယာဉ်ကြီးများပါ ဝင်ရောက်လာနိုင်သဖြင့် လေယာဉ်ပြေးလမ်းတိုးချဲ့ရာ၌ ၎င်းအတွက်လည်း မျှော်မှန်းဆောင်ရွက်သွားရန်လည်း နစက ဥက္ကဌကဆိုသည်။
စစ်တွေလေယာဉ်ကွင်းမှာ ပြည်နယ်၏မြို့တော်ကွင်းဖြစ်သောကြောင့် A-320 ၊ B-737 စသည့် လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်းတိုးချဲ့ ခြင်းနှင့် လေဆိပ်တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို အဆင့်လိုက်ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်၊သံတွဲလေယာဉ်ကွင်းသည်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားများဝင်ရောက်မှုများပြားသည့်အတွက် ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည်အထိ မြှင့်တင်ဆောင်ရွက်ရန်လည်း နစက ဥက္ကဌကပြောကြားခဲ့ကြောင်း သိရသည်။
ymg/mt
#ရခိုင်ပြည်နယ် #လေယာဉ်ကွင်းများအဆင့်မြှင့်တင်
#YMG #Yangon_Media_Group
#Local_News
Published-1 April 2023
စစ်တွေမြို့ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အဖွဲ့က ယနေ့ ဧပြီလ ၁ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအတွက် အာဟာ ရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယင်း ဘိုးဘွားရိပ်သာအတွက် အလှူရှင်များက လှူဒါန်း လျက်ရှိသကဲ့သို့ နိုင်ငံတော်မှလည်း နှစ်စဉ် ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း ၊ ဘိုးဘွား ရိပ်သာတွင် ဂိလာန အဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် လိုအပ်လျက် ရှိသည့်အပေါ် နစက ဥက္ကဌအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာကို ၁၉၈၄ ခုနှစ်တွင် သင်္ဂနက် ကျေးရွာ၌ စတင်ဖွင့်လှစ်ခဲ့ကာ ၁၉၉၇ ခုနှစ်တွင် စစ်တွေမြို့၊ မေယုလမ်း၊ ဓညဝတီ(က) ရပ်ကွက်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရိပ်သာတွင် အဘိုး ၉ ဦး၊ အဘွား ၃၂ ဦး တို့ကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး အသက်အကြီးဆုံး အဘွားမှာ ၉၃ နှစ်ဖြစ်ပြီး အသက်အကြီးဆုံး အဘိုးမှာ ၈၆ နှစ်ဖြစ်ကြောင်း နှင့် ဘိုးဘွားများ၏ စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ymg/mt
#စစ်တွေမြို့ဘိုးဘွားရိပ်သာ #သက်ကြီးဘိုးဘွား #အာဟာရဖြည့်စားသောက်ဖွယ်ရာများ #ပစ္စည်းများလှူဒါန်း
# YMG #Yangon_Media_Group


#Local_News
Published_ 1 April 2023
ပို့ကုန်ရငွေမူဝါဒအသစ်ကြောင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကဆန်နှင့်ဆန်ကွဲတင်ပို့မှုအခုမတ်လဆန်းပိုင်းမှစတင်ကာလျော့ကျလာတယ်လို နယ်စပ်ကုန်သည်တွေထံမှ သိရပါတယ်။
# ပို့ကုန်ရငွေ #မူဝါဒအသစ် #နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း #ဆန်နှင့်ဆန်ကွဲတင်ပိုမှု #YMG#Yangon_Media_Group
#Local_News
Published_1 April 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း သေနတ်ဖြင့်ဝင်ပစ်ကာ နေအိမ်များမီးရှို့ခံရ ၊ အရပ်သား ၉ ဦး သေဆုံးပြီးအိမ်အလုံး ၇၀ မီးလောင်ပျက်စီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မတ်လ ၃၀ ရက် ည ၁၀ နာရီခန့် က နစက ဆန့်ကျင် အဖွဲ့က အဆိုပါ ကျေးရွာ၏အနောက်တောင်ဘက်မှ ဝင်ရောက်ကာ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်သောကြောင့် ကျေးရွာနေ အရပ်သား ၉ ဦးတို့ကျည်ထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၇၀ လုံး၊ နွားတင်းကုပ် ၃၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
ယခုအခါ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#ကန့်ဘလူမြို့နယ် #နေအိမ်များမီးရှို့ခံရ #အလုံး ၇၀ မီးလောင်ပျက်စီး
# YMG #Yangon_Media_Group
#Local_News
Published_ 1 April 2023
ယခုလပိုင်းအတွင်း မြန်မာနိုင်ငံကိုထိုင်းခရီးသွားဝင်ရောက်မှုအနည်းငယ်ကျသွားပြီး တရုတ်ခရီးသွားတွေဝင်ရောက်မှုအများဆုံးဖြစ်လာတယ်လို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှသိရပါတယ်၊၊
# မြန်မာနိုင်ငံကိုတရုတ်ခရီးသွားများ #ဝင်ရောက်မှုအများဆုံးဖြစ်လာ
#YMG#Yangon_Media_Group
#Local_News
Published-1 April 2023
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ နယ်အတွင်း သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရ ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မတ်လ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က သံကူကွန်ကရစ်အမျိုးအစားတံတားများ ဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ၊ ဘုရားလဟာကျေးရွာရှိ အလျား ၄၀ ပေ၊ အနံ ၂ဝ ပေရှိ မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတား နှင့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ သစ်ပတ်ချောင်းတံတား တို့ မိုင်းထောင်ဖောက်ခွဲခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတားမှာ အနည်းငယ်ပျက်စီးခဲ့ပြီး သစ်ပတ် ချောင်းတံတားမှာ ပျက်စီးမှုကြောင့် ယာဉ် များဖြတ်သန်းသွားလာ၍ မရကြောင်း၊ယခုအခါ အဆိုပါ ပြစ်မှုကို ကျူးလွန်သူများအား ဖမ်းမိရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ymg/mt
#ဖြူးမြို့နယ် #သံကူကွန်ကရစ်ချောင်းကူးတံတား #ဖောက်ခွဲဖျက်ဆီး
#YMG #Yangon_Media_Group


#Health_Matters
Published_ 1 April 2023
- မြို့ပြလူသားတွေ ပူပြင်းတဲ့နွေအပူအောက်မှာ အန္တရာယ်မရှိအောင်ဘယ်လိုနေထိုင်သင့်ပါသလဲ??
#Dr.KML #Health_Matters #မြို့ပြအပူ #မြို့ပြလူသား
#YMG #Yangon_Media_Group
Page 1600 of 2448