#Local_News
Published_ 24 November 2022
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်သည် နိုဝင်ဘာ ၂၃ ရက်က ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်း ဦးဆောင်သော ရုရှားဖက်ဒရေရှင်းနိုင်ငံမှ အဆင့် မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရေးနှင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက်က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ၌ဆွေးနွေးခဲ့တာပါ။
ထို့ပြင် ရုရှားနိုင်ငံရှိ တက္ကသိုလ်များ မှ မြန်မာပညာ တော်သင်များ ပိုမိုတိုးချဲ့ခေါ်ယူရေး၊ မြန်မာနိုင်ငံမှ အသိပညာရှင် Think Tanks အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်နှင့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦး တက်ရောက်ခဲ့ကြပြီး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက် စကိုင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ နာမည်ကျော်တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးနှင့် The Alexander Gorchakov Public Diplomacy Fund မှ ဒုတိယအမှုဆောင် ဒါရိုက်တာတို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 24 November 2022
Naypyitaw State Academy တွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ သွားလာရေး အဆင်ပြေစေရန် ကျောင်းဖယ်ရီကားများ ပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ၂၃ ရက်တွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်က Naypyitaw State Academy ၏ မျှော်မှန်းချက်၊ ဖွဲ့စည်းပုံ၊ အကျယ်အဝန်း၊ လက်ရှိသင်ကြား ဆောင်ရွက်နေမှု၊ မြို့နယ်အလိုက်၊ ဝန်ကြီးဌာနအလိုက်ကျောင်း တက်ရောက်မှု၊ ဆက်လက်တိုးချဲ့သင်ကြား ဆောင်ရွက်ရန်စီစဉ်နေမှုကို ရှင်းလင်းတင်ပြပါတယ်။
ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုဖြစ်တဲ့ မြို့နယ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ သွားလာရေး အဆင်ပြေစေရေး၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို ပူးပေါင်းညှိနှိင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က Naypyitaw State Academy တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ သာမက နေပြည်တော် နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှု၊ လက်မှုသိပ္ပံ(နေပြည်တော်) နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)တိုမှ ကျောင်းသားများပါ အတွက် ဖယ်ရီကားများ ပြေးဆွဲဆောင် ရွက်ပေးနိုင်ရေးအတွက် ခရိုင်/ မြိုနယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာနအသီးသီးနှင့် မထသ(မြိုတွင်း)ဥက္ကဋ္ဌ၊ မထသ(အဝေးပြေး) ဥက္ကဋ္ဌများက ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အသေးစိတ်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 23 November 2022
ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့်အမှတ်တရဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ (၂၅)ရက်မှ(၂၇)ရက်အထိ နေပြည်တော်အမျိုးသားစာကြည့်တိုက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 23 November 2022
အကြောင်းအမျိုးမျိုးကြောင့် ရေပြတ်လတ်သွားတဲ့ ဆေးရုံကြီးတွေ၊ရိပ်သာတွေနဲ့ မီးမလာလို့ရေပြတ်လတ်နေတဲ့ ရပ်ကွက်နေပြည်သူတွေကို ရေဘောက်ဆာကားတွေနဲ့ ရေလှူဒါန်းပေးနေတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_23 November 2022
ပြည်ပက ဝယ်လိုအားများနေတာကြောင့် ပြည်တွင်းကြက်သွန်းဈေးနှုန်းဟာ မြင့်တက်နေတာဖြစ်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 23 November 2022
လက်ရှိအနေအထားအရ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေဟာ အောင်ပန်းလိမ္မော်သီးတွေပေါတဲ့ ရာသီချိန်ဖြစ်နေပြီး လိမ္မော်သီးဈေးတွေကလဲ ကောင်းနေတယ်လို့ အောင်ပန်းကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 23 November 2022
၁။ အောင်ပန်းလိမ္မော် လှိုင်လှိုင်ပေါနေပြီး ဈေးကောင်းရရှိနေ
၂။ ပြည်ပဝယ်လိုအားများနေ၍ ကြက်သွန်ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ဟုဆို
၃။ မီးမလာ၍ရေပြတ်လတ်သွားသည့် ဆေးရုံကြီးများနှင့်ရပ်ကွက်နေပြည်သူများကို ရေလှူဒါန်းပေးနေ
၄။ အာဖရိက ဖက်ရှင်လောကကိုဦးဆောင်နေသူ နာမည်ကျော် တောင်အာဖရိကအမျိုးသမီးမိုလွိုင်မော့ဆက်ပီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1601 of 2209