#Local_News
Published_5 December 2022
နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ရယူရသည့် အွန်လိုင်းကြိုတင်ရက်ချိန်းစနစ်ကို ယနေ့ ဒီဇင်ဘာလ ၅ ရက်မှ စတင်၍ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)က အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် ပွဲစားများမှ အဆမတန်သော နှုန်းထားများဖြင့် ကြိုတင်ရက်ချိန်းများရောင်းချခြင်း၊ ဝယ်ယူခြင်းများရှိနေသဖြင့် အွန်လိုင်းရက်ချိန်းကြိုတင်ရယူမှု စနစ်အား ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ပါရှိသည်။
ရက်ချိန်းရယူလိုသူတွေအနေဖြင့် ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ရန် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေကြောင်း၊ သို့သော် Online Booking စနစ်သစ် စတင်အသုံးပြုနိုင်မည့်ရက်အား ထုတ်ပြန်ခြင်းမရှိသေးဘဲ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသူများအနေဖြင့် ရက်ချိန်းရရှိထားသည့် နေ့ရက်များအတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက်ထားခြင်းကို မတ်လ ၃ ရက်တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 4 December 2022
မြန်မာနိုင်ငံမှာ အရင်ကမသန်စွမ်းသူဦးရေ(၄.၆)သန်းကျော်ရှိရာမှ အခုဆိုရင်မသန်စွမ်းသူဦးရေ(၁၂)သန်းကျော်အထိ ရှိလာတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 4 December 2022
ဆရာများနှင့်လူငယ်များအတွက် UNESCO Myanmar က "မီဒီယာ၊ သတင်းအချက် အလက်နှင့် ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှုကို မြှင့်တင်ပေးခြင်း" ခေါင်းစဥ်ဖြင့် ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီခွဲအထိ ဟောပြောသွားမှာဖြစ်ကြောင်း သိရပါတယ်။
ပညာရေးနယ်ပယ်အသီးသီး၌ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ဒစ်ဂျစ်တယ်သိနားလည်မှုအား မည်သို့မြှင့်တင်ဖော်ဆောင်သင့်ကြောင်းကိုလည်း ဆွေးနွေးဖော်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။
ပြည်တွင်းနှင့်နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့် ဟောပြောပေးသွားမှာဖြစ်ပြီး တက်ရောက်သူများက မေးလိုတဲ့မေးခွန်းများကို ဟောပြောပွဲ၏ အမေးအဖြေကဏ္ဍနှင့်ဟောပြောပွဲအပြီး စစ်တမ်းကောက်ယူမှုပုံစံမှဖြစ်စေ မေးမြန်းနိုင်ကြောင်း သိရပါတယ်။
ဟောပြောပွဲ တက်ရောက်လိုသူများအနေဖြင့် ယူနက်စကို(မြန်မာရုံး) မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published _ 4 december 2022
နေပြည်တော်မြို့ အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိအနေအထားအရ အဝယ်အနည်းငယ် ပြန်လိုက်လာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 4 December 2022
ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ကို ပြီးခဲ့သည့် မေလက စတင်၍ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားရာမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နေရပ်ပြန်ဝင်လာကြသည့် ဒေသခံပြည်သူ တစ်ထောင်ခန့် ရှိပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဒေသခံများနေရပ်ပြန်လာနိုင်ရေးအတွက် တယ်လီဖုန်း၊ အသံချဲ့စက်များဖြင့် မြန်မာ၊ကရင်ဘာသာ စကား နှစ်မျိုးဖြင့် အသိပေးနှိုးဆော်၍ပြန်လည်ဖိတ်ခေါ်သောကြောင့် ခေတ္တ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံတိုင်ရင်းသားများ ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်ကြာင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၃ ရက်က သေဘောဘိုးကျေးရွာသို့ အမျိုးသား ၁၈၉ ဦး၊ အမျိုးသမီး ၁၉၉ ဦး၊ ဘလက်ဒိုကျေးရွာသို့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ထပ်မံဝင်ရောက်လာခဲ့သောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က စ၍ သေဘောဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား အမျိုးသား ၄၈၃ ဦး၊ အမျိုးသမီး ၅၁၃ ဦး၊ စုစုပေါင်း ၉၉၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 4 December 2022
ညောင်နှစ်ပင်စက်မှုဇုန် (၁) မှော်ဘီ - လှည်းကူးနယ်စပ် M-4 C5 လမ်းဆုံတွင် ဗမာလူမျိုး အမျိုးသား (၂) ဦးမောင်းနှင်သည့် ဂျင်းအိတ်များသယ်ဆောင်လာသော (၁၂) ဘီးယာဉ် (အရောင် - အဖြူကျား) ယာဉ်အမှတ် SHN 1B/9658 Nissan Disel သည် လမ်းဘေးမြောင်းအတွင်းထိုးကျတိမ်းမှောက်မှု နိုဝင်ဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့ရာ ယင်းယာဉ်ပေါ်တွင် ဘင်္ဂါလီလူမျိုးများတွေ့ရှိခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပူးပေါင်းအဖွဲ့၏ စစ်ဆေးချက်အရ ဘင်္ဂါလီများမှာ ဂျင်းအိတ်များ အောက်ရှိ အံဝှက်ပြုလုပ်ထားသည့်နေရာ၌ အထောက်အထားမဲ့ ပုန်းခိုလိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း၊ ဝင်ရောက်လာသူအရေအတွက်မှာ ဘင်္ဂါလီလူမျိုး အမျိုးသား ၅၄ ဦး နှင့် အမျိုးသမီး ၁၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ယင်းတို့အား လှည်းကူးမြို့မရဲစခန်းသို့ပို့ဆောင်ထားကာ ယင်းနေရာအနီး နောက်ထပ် အသက် ၁၈ နှစ်အရွယ် ဘင်္ဂါလီ အမျိုးသားတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။
၎င်းအပြင် နောက်ထပ် နိုဝင်ဘာလ ၊ နိုဝင်ဘာလ ၂၉ ရက်တွင် အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့်နေရာနှင့် တစ်မိုင်ခန့်အကွာ၌ နောက်ထပ် အသက် ၁၆ နှစ် နှင့် ၁၉ နှစ်အရွယ် ဘင်္ဂါလီ အမျိုးသား နှစ်ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်း ၊ စုစုပေါင်း ဖမ်းဆီးရမိသော ဘင်္ဂါလီ ၇၁ ဦး ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားနေ ဘင်္ဂါလီလူမျိုးအမျိုးသားတစ်ဦးပါဝင်ကြောင်း၊ ပွဲစားပါ မပါကို မူမသိရှိရဘဲ ယာဉ်မောင်း ၂ ဦးမှာ ယာဉ်တိမ်းမှောက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းတို့၏ အချက်အလက်များကို လှည်ကူးမြို့မရဲစခန်းမှ စုံစမ်းဖော်ထုတ်ဆဲဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအား လဝကအက် ၃(၁)/၁၃(၁)ဖြင့် အရေးယူမည်ဖြစ်ပြီး ကျန်ဘင်္ဂါလီများကိုလည်း အရေးယူနိုင်ရန် နိုင်ငံသားနှင့် ဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ရေး စစ်ဆေးမေးမြန်း ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 4 December 2022
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ကို ပန်းမြို့တော်အဖြစ် ယခုလအတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။
ပန်းမြို့တော်လုပ်ဆောင်ရန် မြစ်ကြီးနားမြို့၏ ပြည်ထောင်စုလမ်းမကြီး ၊ ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက်နှင့် အဓိကလမ်းမကြီးများရှိလမ်းလယ်ကျွန်းများ ၊ လမ်းစုံအဝိုင်းနှင့် တြိဂံမြေနေရာများစသည့် လမ်းဘေးလက်ဝဲလက်ယာ နေရာ ၁၆ ခုကို ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရည်ရွယ်ချက်မှာ ခရီးသွားများအား ဆွဲဆောင်နိုင်ရန်ဖြစ်ပြီး အကောင်အထည်ဖော်ရန် နိုဝင်ဘာလ နောက်ဆုံးပတ်ကစ၍ စီမံချက်တွေရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအကောင်အထည်ဖော်မှုများအတွက် မြစ်ကြီးနားမြို့ရှိ အောင်စေရန်အောင်ဘုရားအနီး ၊ ပြည်ထောင်စုလမ်းမကြီးဘေးတြိဂံနေရာ၌စိုက်ပျိုးလုပ်ဆောင်ထားသော မြေယာရှုခင်းနှင့် အလှပန်းပင်များ စိုက်ပျိုးထားရှိမှုကိုတိုးချဲ့လုပ်ဆောင်ကာ "Welcome to Myitkyina"အလှဆိုင်းဘုတ် တပ်ဆင်ဆောင်ရွက်ခြင်း လမ်းဘေးလက်ဝဲ လက်ယာတွင် မြေယာအလှပြုပြင်ဆောင်ရွက်ခြင်း၊နှစ်ရှည်အရိပ်ရပန်းပင်များပြုစုပျိုးထောင်၍ထပ်မံတိုးချဲ့စိုက်ပျိုးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1602 of 2233