#Myanmar_News
Published 12 Feb 2023
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပခဲ့ပါတယ်။
နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ညနေ ၆ နာရီတွင် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမဥပစာရင်ပြင် သို့ရောက်ရှိကြရာ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟဿရေစည်သူ စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီး ဒုတိယဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCAစာချုပ် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှခေါင်းဆောင်များနှင့် … ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်အဆင့်ပုဂ္ဂိုလ်များနှင့် နစကကောင်စီဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
-ymg/knl
#Myanmar
#Myanmr_Politics
#Yangon_Media_Group

#TV Yangon Times Matters အစီအစဉ်
Published - 12 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေဖြူနန်းနွယ်(တေးသံရှင်) နှင့်အတူ
-"အိမ်မက်အရ နဂါးကြီးလာတယ်ဆိုပြီး မက်လို့ ဒီနေ့ည အိမ်မက်မက်တာနဲ့ မနက်ဖြန် နဂါးရုံဘုရားတည်ဖို့ စခဲ့တဲ့အကြောင်း
-အခုဆိုရင် ပထမဦးဆုံး(၃)ဆူမြောက် နဂါးရုံဖြူဘုရားတည်မှာပါ နဂါးစိမ်းဘုရား(၁၁)ဆူတည်ဖို့လည်း ရည်ရွယ်ထားတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 February 2023
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ မနက် ၁၁ နာရီဝန်းကျင်လောက်က လှုပ်ခတ်သွားတာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 12 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေဖြူနန်းနွယ်(တေးသံရှင်) နှင့်အတူ
-"အိမ်မက်အရ နဂါးကြီးလာတယ်ဆိုပြီး မက်လို့ ဒီနေ့ည အိမ်မက်မက်တာနဲ့ မနက်ဖြန် နဂါးရုံဘုရားတည်ဖို့ စခဲ့တဲ့အကြောင်း
-အခုဆိုရင် ပထမဦးဆုံး(၃)ဆူမြောက် နဂါးရုံဖြူဘုရားတည်မှာပါ နဂါးစိမ်းဘုရား(၁၁)ဆူတည်ဖို့လည်း ရည်ရွယ်ထားတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 February 2023
ရွှေတိဂုံစေတီတော်မှာ တပေါင်းပွဲတော်(၁၀)ရက်တိုင်တိုင်ကျင်းပသွားဖို့ရှိပြီး ပဌာန်းဒေသနာတော်ကို (၁၀) ရက်တိတိ ရွတ်ဖတ်ပူဇော်သွားမှာဖြစ်တယ်လို့ ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 12 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေဖြူနန်းနွယ်(တေးသံရှင်) နှင့်အတူ
-"အိမ်မက်အရ နဂါးကြီးလာတယ်ဆိုပြီး မက်လို့ ဒီနေ့ည အိမ်မက်မက်တာနဲ့ မနက်ဖြန် နဂါးရုံဘုရားတည်ဖို့ စခဲ့တဲ့အကြောင်း
-အခုဆိုရင် ပထမဦးဆုံး(၃)ဆူမြောက် နဂါးရုံဖြူဘုရားတည်မှာပါ နဂါးစိမ်းဘုရား(၁၁)ဆူတည်ဖို့လည်း ရည်ရွယ်ထားတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 12 Feb 2023
အမေရိကန်ရေနံကုမ္ပဏီ ချက်ဗရွန်ကော်ပိုရေးရှင်း Chevron Corp (CVX.N) က မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ကနေဒါ ကုမ္ပဏီ အမ်တီအိုင် MTI ကို ရောင်းချဖို့ သဘောတူခဲ့ကြတယ်လို့ ကြေညာပါတယ်။ အရောင်းအဝယ်ပြီးဆုံးပါက ချက်ဗရွန်ဟာ မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်ပါတယ်။
၂၀၂၁ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ချက်ဗရွန်နှင့် အခြားရေနံကုမ္ပဏီတွေ မြန်မာနိုင်ငံကထွက်ခွာဖို့ ဆုံးဖြတ်ပြီး တစ်နှစ်အကြာမှာ ယခုသဘောတူညီချက်ထွက်ပေါ်လာတာဖြစ်တယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
အမေရိကန်ကုမ္ပဏီ ချက်ဗရွန်ဟာ ရတနာ စီမံကိန်းမှ သူ့ပိုင်ဆိုင်တဲ့ ၄၁.၁ ရာခိုင်နှုန်းကို MTI ကိုရောင်းချရန် သဘောတူခဲ့ တာဖြစ်ပါတယ်။ ရတနာစီမံကိန်းဟာ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းမှာအသုံးပြုတဲ့အပြင် ထိုင်းနိုင်ငံကိုပါ တင်ပို့နေပါတယ်။
၂၀၂၂ ဇူလိုင်လတုန်းကလည်း ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်လ်စွမ်းအင် ဟာ သူ့ရဲ့ပိုင်ဆိုင်မှုတွေရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပါတယ်။
ယခင်က ချက်ဗရွန်ဟာ ရတနာစီမံကိန်းမှာ ၂၈ ရာခိုင်နှန်းရှယ်ယာသာရှိခဲ့ရာမှ တိုတယ်လ်ရဲ့ ရှယ်ယာအချို့ကို ဝယ်ယူပြီး ၄၁ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မှုတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။
မြန်မာနစက အစိုးရကလည်း ယခုအခါ မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရုရှားနိုင်ငံမှ စွမ်းအင်ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားရာ စိတ်ဝင်စားမှုတွေရှိနေကြောင်းလည်း သိရှိရပါတယ်။
-ymg/knl
#Chevron_Corp_Myanmar
#Myanmar
#Myanmar_Oil_and_Gas
Page 1593 of 2361